Thursday, November 21, 2019

နှာစေးရောဂါ

၁။ ကွမ်းရွက်ကို မီးကင်၍ ကလေးများငယ်ထိပ်တွင် အုန်းသီး နှင့်ဆွတ်ပြီး ကပ်ပေးထားပါက နှာစေးရောဂါ ပျောက်ကင်း၏ ။

၂။ ဆူနေသော ရေနွေးတွင် ယူကလစ်အရွက်ထည့် ပြီး ချွေးအောင်း ပေါင်းခံ ခြင်းဖြင့် နှာစေး ခေါင်းကိုက် ချောင်းဆိုး ပျောက်၏။

၃။ လောက်သေရွက် ကို ကိုယ်ပူ ချွဲထ ၊ အညှော်ဝင် ၊ ချောင်းဆိုး နှာစေး ၊ နှာပိတ် ရောဂါ အတွက် လည်း ဆေးဖော် စပ်သုံးနိုင် ၏ ။

အဖျားရောဂါ

၁။ ကွမ်းရွက်ကို နနွင်း နှင့် ကျိုပြီး ဆားအနည်းငယ် ခတ်သောက် က ဖျားနာရောဂါ ပျောက်၏ ။

၂ ။ ကင်းပုံရွက်နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး ၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြုသည်။

၃။ ဖျားနေရင်ဖရဲသီး ကိုဒီအတိုင်းသော်လည်းကောင်း၊ အရည်သော်လည်းကောင်း၊သောက်သုံးပေးပါ။

၄။ ကွမ်းရွက်ကို ထန်းလျက် ၊ ချင်း ၊ ဆားထည့်ပြုတ်သောက်သော် အပူလွန်၍ ဖျားသော ရောဂါပျောက်၏

၅။ တမာခေါက်ကို သွေး၍ ဆားနှင့် သောက်သော် အဖျားပျောက်၏ ။

၆ ။ အလွန် ပြင်းထန် စွာ ဖျားနာ လျက် ဝမ်းသွားသော အခါ ထားဝယ်မှိုင်း အစေ့ကို ကြိတ်၍ စားခြင်း ဖြင့် ပျောက်ကင်း စေ၏ ။

၇။ ဒန္တသုခ အမြစ်ကို ဆန်ဆေးရည် နှင့် သွေး၍ ဆားထည့် သောက်က အနာဝင် ဖျားခြင်း ပျောက်၏။

၈။ ဖျား၍ အပူရှိန် အားကြီးလျှင် နံ့သာဖြူ ကို သွေး၍ ဦးခေါင်းခွံ ၌ လိမ်းပေးခြင်း ဖြင့် အပူအခိုး များ ထွက်၍ ရောဂါ ပျောက်ကင်းစေသည်။

၉ ။ ဖျားနာလျှင် သော်လည်းကောင်း ၊ အညှော်မိလျှင် လည်းကောင်း ၊ အနာဝင်လျှင် လည်းကောင်း ၊ ငန်းမန်း အားကြီးလျှင် လည်းကောင်း နလင်ကျော်ကို သွေး၍ သောက်ခြင်း ၊လိမ်းခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။

မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)

၁၀။ အအေး ဖျား ဖျားသော် ပရုတ်အေး အရွက် ကို ချင်းခြောက်နှင့် ပြုတ်သောက် ရ၏။

၁၁။ အဖျားနာတာရှည်လျှင်နံနက်စောစောပင်စိမ်းရွက်သတ္ထုရည်ကြွေဇွန်း တဇွန်းကျ သောက်ပေးပါ၊အဖျားကျသွားပါမည်။

၁၂။ ကပ်စေးနဲ(နွားမြီးကပ်)အမြစ်အလေးချိန်တစ်ဆ ရေဆယ်ဆထည့်၍ ထက်ဝက်ခန်း ကျိုပြီး အဖျားပြင်းထန်သူများအား တစ်နေ့ ၂ -၃ ကြိမ် တိုက်သော် အဖျားသက်သာပျောက်ကင်း၏ ။

၁၃။ ချင်းစိမ်း ၊ ထန်းလျက် နှင့် ကွမ်းရွက်တို့ကို ပြုတ်သောက်သော် တုပ်ကွေးဖျား ပျောက်၏ ။ အစာကြေစေ၏ ။ သားဖွား မိခင်များအတွက် သွေးသားစင်ကြယ်စေသည်။

၁၄။ အဖျားကြီး ၊ အပူကြီး သော် စမုန်စပါးကို ညဦးက စိမ်၍ နံနက် တိုက်ပေးခြင်းဖြင့် အပူရှိန် လျော့၍ အဖျားကျသွားမည်။

၁၅။ ပင့်ကူထိပ်ပိတ် အပင် ပြုတ်ရည်၌ လေးညှင်း ၁ ပွင့် ၂ ပွင့် ထည့်သောက် သော် အဖျား ပျောက်၏။

၁၆။ အဖျား ရောဂါ များ အတွက် အဖျားကို နိုင်စေ သော ငန်းဆေးနှင့် ပတဲကောကြီး ပြုတ်ရည် တိုက်ပါက လျင်မြန်စွာ ပျောက်ကင်း၏။

၁၇။ ဗုဒ္ဓသရဏပင်အမြစ် ပြုတ်ကျို၍ လက်ဖက်ရည် အကြမ်း ပန်းကန် တစ်ဝက်ခန့် တွင် ဆားပုပ်မှုန့် အနည်းငယ် ခတ်၍ သောက်က အဖျား ရောဂါ ပျောက်ကင်းသည့် အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ် ကပ် ရောဂါ များ ပျောက်၏။

၁၈။ ရင်းပြားနီအမြစ်ကို ထုထောင်း၍ ရေနှင့် ကျိုချက် သောက်သော် အဖျား နှင့် နှာစေးခြင်း ပျောက်၏။

၁၉။ လက်ထုတ်ကြီး အမြစ်ခေါက်ကို အမှုန့်ပြု၍ ရေနှင့် မွှေပြီး အဝတ်နှင့် စစ်၍ သောက်သော် အဖျား ပျောက်၏။

၂၀။ လင်းလေ အမြစ်ကို ကျိုသောက်ပါက အဖျားရောဂါ၊ ချောင်းဆိုး ရောဂါ နှင့် အဆိပ် ဖြစ်ခြင်း များ ပျောက်၏။

၂၁။ လိပ်ဆူးရွှေအရွက်ရည် ကို လူကြီးများ သောက်လျှင် ချွေးကောင်းစွာ ထွက်၍ အဖျားနှင့် တကွ ချောင်းဆိုး အအေးမိခြင်းပါ ပျောက်ကင်း၏။

၂၂။ သံပရာ ခေါက်ကို ရေနှင့် ထက်ဝက်ခန်း ကျို၍ ညနံနက် တစ်ကြိမ် ကျ သောက်က အဖျားပျောက် ၏ ။

၂၃။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။

၂၄။ ဖျားနာခြင်း နှင့် ကလေးများ အညှော် မိ၍ ငန်းမန်း လိုက်ခြင်း များ အတွက် သနပ်ပစ္စည်းအရွက်ကို ကြိတ်၍ နှမ်းဆီ နှင့် ရောပြီး ငယ်ထိပ်ပေါ် တွင် လိမ်းပေးခြင်း ၊ အုပ်ပေးခြင်း ပြုရ၏ ။

၂၅။ နာတာရှည် အဖျား ၊ ရက်ခြား ဖျား ရောဂါများအတွက် အကြောတစ်ထောင်ပင် အရွက် နှင့်အမြစ်ကို ပြုတ်သောက်သော် အဖျားပျောက်၏။

၂၆။ ဥသျှစ်ရွက် ညှစ်ရည်ကို နံနက် ည သောက်ပေးပါက ဖျားခြင်း၊ မျက်ရည်ပူ ယိုခြင်း၊ ချောင်းဆိုး ခြင်းများ ပျောက်၏။

၂၇။ ရေသကျည်း ရွက်ကြိတ်ညှစ်ရည် ကို မျက်စိ၌ ခတ်ပေးသော် အဖျားပျောက်၏။

၂၈။ လေးညှင်းပွင့် ကို ဆေးခါးကြီး နှင့် ရောကြိတ်ပြီး ရေနွေး ပူပူနှင့် သောက်သော် အဖျားရောဂါ နှင့် အားအင် ကုန်ခန်းခြင်း များကို ပျောက်ကင်းစေ၏။

၂၉။ ကလေးများ အညှော်မိခြင်း ၊ အဖျားကြီးခြင်း အတွက် ကြောင်ပန်းမြစ်ကို သွေး၍ တိုက်ကျွေးခြင်း ၊ နှာရှူစေခြင်းဖြင့် ပျောက်ကင်းစေနိုင်၏ ။

၃၀။ နွယ်သာကီ အမြစ်ကိုသွေးပြီး ဖျားသော သူကို နားတွင် လိမ်းပေးပါက အဖျား ပျောက်ကင်း၏။

ခေါင်းကိုက်ခြင်း

၁။ ပြင်းပြင်း ထန်ထန် ခေါင်းကိုက်နေ သူတွေမှာ ခေါင်းကိုက် တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါ။

၂။ ခေါင်းကိုက်နေရင်ဖရဲသီး ဖျော်ရည်ကိုမနက်ပိုင်းဘာမှမစားရသေးခင် သောက်ပေးပါ။

၃။ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ဖူးကြမှာပေါ့..။ အဲလိုမျိုး ဖြစ်တဲ့အခါမှာတော့ ချင်းတက်ကို ထုထောင်းပါ...။ ရလာတဲ့အရည်ကို လက်ဘက်ရည်ဇွန်းရဲ့ သုံးပုံတစ်ပုံခန့်စားတဲ့အခါမှာ သက်သာပျောက်ကင်းစေပါတယ်...။

၄။ ခေါင်းကိုက်နေပါသလား၊သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။တဆစ်ဆစ် ကိုက်နေတာတွေသက်သာသွားပါလိမ့်မယ်။

၅။ ဒန့်သလွန် အစေ့ သည် အဆိပ် သင့်ခြင်းနှင့် ခေါင်းကိုက် ရောဂါ ဖြစ်ခြင်း ကို ပျောက်ကင်းစေ တတ်၏။

၆။ ခေါင်းတစ်ခြမ်းကိုက်လျှင် ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကိုယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။

၇။ နံနံစေ့အား ဆီးဖြူသီး နှင့် ညဦးမှ နေ၍ စိမ်းထားပြီး နံနက်တွင် စစ်၍ သကြားခဲ နှင့် ရောသောက်သော် ခေါင်းကိုက်ရောဂါ ပျောက်၏ ။

၈။ ပင့်ကူထိပ်ပိတ် ပဉ္စငါးပါး ကြိတ်ညှစ် ရည်တွင် ငရုတ် ကောင်းမှုန့် အနည်းငယ် ရောစပ်၍ နဖူး ကို သုတ်လိမ်း ပေး သော် ခေါင်းကိုက် ရောဂါ ပျောက်၏။

၉။ ဖာလာစေ့ ကို အနည်းငယ် ည နံနက် အချိန်မှန် စားပါက ခေါင်းကိုက် ရောဂါ ပျောက်၏။

၁၀။ မရိုးကိုင်း ခြောက် ကို မီးရှို့၍ အခိုးကို နှာခေါင်း ဖြင့် ရှူပေးပါက ခေါင်းကိုက် ၊ အကြော တက်ရောဂါ ပျောက်၏ ။

၁၁။ ဟင်းလျာတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးကြတဲ့ နနွင်း၊ ဇီရာ စေ့၊ အရောင်တင်မှုန့်(ငရုတ်မှုန့်)တွေမှာ ဆလီးစလစ်အက်စစ် ပါဝင်ပါတယ်။ ဒါ က အက်စပရင်ထဲမှာပါတဲ့ ပါဝင်ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ ဟင်းလျာတစ်ခွက်စားပေးရင် ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။

၁၂။ ခေါင်း ကိုက် ခေါင်း အုံ လျှင် ဦးခေါင်းတွင် မုန်ညင်းဆီ ထည့်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်း၏။

၁၃။ လက်ဖက်ရည် ကျကျ (အင်္ဂလိပ်+မြန်မာ) ကျိုပြီး သံပရာ ရည် ညှစ်သောက် က ခေါင်း ကိုက် ရောဂါ ပျောက်၏။

၁၄။ သံပရာ စေ့ကို ကြိတ်ပြီး နားသယ် တွင် လိမ်းပါက ခေါင်း တစ်ခြမ်း ကိုက်ရောဂါ ပျောက်၏။

၁၅။ ရွေးကလေးအစေ့ကို အမှုန့် ပြုလုပ်၍ ရှူသော် အလွန် ပြင်းထန်သော ခေါင်းကိုက် ရောဂါ ပျောက်၏။မှတ်ချက်။ ။ ရွေးကလေးပင်သည် အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏

၁၆။ မျက်နှာ နဖူး၏ အထက်ပိုင်းသို့ လေးညှင်းဆီကို လိမ်းပေးသော် ခေါင်းကိုက် ရောဂါ ပျောက်၏။

၁၇။ နွယ်သာကီ အမြစ်မှုန့် ဖြင့် ခေါင်းကို ပွတ်ပေး ပါက ခေါင်းကိုက် ရောဂါ ပျောက်၏။

၁၈။ ကြက်သွန်ဖြူရည်ကို ဆားနှင့် ရောသောက်ခြင်း ၊ ကြက်သွန်ဖြူကို ကြိတ်၍ နားထင်တွင် လိမ်းပေး ခြင်းဖြင့် ခေါင်းကိုက်ပျောက်၏ ။

မွေးကျွတ်နာ၊ အနာစိမ်း

၁။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။

၂။ ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီးစည်းထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက်မြန်စေပါတယ်။

၃။ ဆီမီးတောက် အရွက်မှုန့်ကို အနာ၌ဖြူးပေးလျှင် အနာတွင်ရှိသော ပိုးများသေ၍ အနာပျောက်၏။

၄။ ထိကရုံးအမြစ်ကို သွေး၍ လိမ်းသော် အနာမှ အမြစ်များ ထွက်လာစေသည်။

၅။ ရောင်အမ်းသော အနာ ဖြစ်က ထိကရုံး ပဉ္စငါးပါး ကြိတ်၍ ရသော အရည်ကို ရောင်အမ်းသော နေရာတွင် ကြက်တောင်နှင့် သုတ်လိမ်းသော် ပျောက်၏။

၆။ ရွက်ကျ ပင်ပေါက် အရွက်ကို ကြိတ်ညှစ်၍ ရသော အရည်ကို လိမ်းပေးမူ အနာစက် ၊ အနာမီးလျှံ ၊ မွေးကျွတ်နာ များ ပျောက်၏။

၇။ အနာ၊ အဖု အပိမ့်များကို ဥသျှစ်ရွက် အရွက်စိမ်း ကြိတ်၍ အုံပေးပါက နုလျှင် ပိန်၍ ရင်းလျှင် ပြည်ပေါက်၏။

ဆီးချုပ်ခြင်း

၁။ ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။

၂။ ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါဖြစ်လျှင် နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။

ဆီးချိုရောဂါ

၁။ ကင်းပုံရွက် အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏ ။

၂။ ဒန့်သလွန် အမြစ် ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချို ရောဂါ ပျောက်၏။

၃။ပြည်ပန်းညိုအရွက်ကို ပြုတ်၍ ပုစွန်ခြောက် ဖြင့် သုပ်စားက လေထိုး လေအောင့် ရောဂါ၊ လေလုံး ရောဂါ၊ အဖျား ရောဂါ ၊ဆီးချို ရောဂါ၊ ညောင်းကျ ရောဂါ ပျောက်၏။

၄။ ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။

၅။ ဆီးချိုရောဂါရှင်များ အတွက် မာလကာသီး (မမှည့်တမှည့်) တစ်လုံးကိုယူပါ။ လေးစိတ်ခွဲစိတ်ကာ ရေ ၁ လီတာခန့်ဖြင့် ထည့်ပြုတ ်ပေးပါ။ ဆူပွက်လာမှ ဇကာဖြင့် စစ်ချကာ ယင်းရေအား တစ်နေ့ နှစ်ကြိမ်ခန့် သောက်သုံးပေးပါ။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သောက် သုံး ပေးရမည် ဖြစ်သည်။

၆။ အချို့သော အရှေ့တောင်အာရှ နိုင်ငံများတွင် အသက်ကြီးသူများ သိကြားမကိုဋ်အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင် ခတ်သောက် ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်သည်ဟု ယူဆကြသည်။

၇။ သင်္ဘောမညှိုး ပဉ္စငါးပါး ကို ပြုတ်၍ သောက်က ဆီးချို ရောဂါ ပျောက်စေ၏။၈။ အကြောတစ်ထောင်ပင် ပဉ္စငါးပါးကို ရေနှင့် ကျို၍ မှန်မှန် သောက်သော် ဆီးချို ရောဂါ ပျောက်၏။

၈။ ဆီးချို၊ သွေးချိုရောဂါရှင်များ ဆီးဖြူသီးကို ပြုတ်၍သုပ်စားခြင်း၊ ပြုတ်၍ပျားရည်နှင့် စိမ်ထားပြီး နေ့စဉ်သုံးစွဲပေးပါက ဆီးချို၊ သွေးချိုရောဂါကို ထိန်းထားနိုင်သည့်အပြင် ဆီးချို၊ သွေးချိုကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားအားမရခြင်း၊ ဆီးခဏခဏသွားရခြင်း၊ မောပန်းနွမ်းနယ်နေခြင်း၊ အသားအရေလျော့ရဲလာခြင်း၊ အာခေါင်ခြောက်ခြင်း၊ ရေငတ်ခြင်းစသည့်ရောဂါတွေကို သက်သာပျောက်ကင်းစေပါသည်....။

၉။ ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကိုညအိပ်ယာဝင်ခါနီးမှာရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။ ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။

၁၀။ တောဆီးဖြူ သို့မဟုတ် တောင်ဆီးဖြူ၊ မြေဆီးဖြူ ပဉ္စငါးပါး ပြုတ်သောက်က ဆီးချိုရောဂါ ပျောက်ကင်း၏။

၁၁။ ရွေးကလေးအရွက်ညှစ် ရည် ကို နွားနို့ သောက် လျှင် ဆီးချို ဆီးလွန် ရောဂါ ပျောက်၏။

မှတ်ချက်။ ။ ရွေးကလေးပင်သည် အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။

ရေယုန်ရောဂါ

၁။ ကင်းပုံရွက် အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏတို့ပေးလျှင် ရေယုန်နာ ပျောက်ကင်းသည်။

၂ ။ ကျွန်းသား မီးသွေးကို ထမင်းရည်နှင့် သွေး၍ မကြာခဏ လိမ်းပေးသော် ရေယုန်နာပျောက်၏ ။

၃။ ငုပင်၏ အရွက်ကိုကြိတ်၍ ရသော အရည်နှင့် လိမ်းကျံပေးပါက ရေယုန်ကြီးနာပျောက်၏။

၄။ ခွေးတောက်ရွက်ကို ကြိတ်၍ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။

၅။ ဗောဓိညောင် အမြစ်ခေါက် ကို ရေနှင့် ထက်ဝက်ခန့် ကျိုသောက်သော် ရေယုန်ကြီးနာရောဂါ ပျောက်၏။

နို့ချောင်း ပိတ်ရောဂါ

၁ ။ ကင်းပုံသီးကို သားသည် မိခင်များ နို့ထွက်စေရန် နှင့် လေရောဂါ ၊ သွေးဖောက်ပြန် သောရောဂါ ၊ ပန်းနာ ချောင်းဆိုး ရောဂါများ၌ အသုံးပြုသည်။

၂ ။ ကျွန်းပင်၏ အသီးကို ဆန်ဆေးရည်နှင့် သွေးလိမ်းသော် နို့ချောင်း ပိတ်ရောဂါပျောက်၏။

၃။ စမြိတ်စေ့ကို လှော်၍ စားလျှင် သော်လည်းကောင်း ၊ သကြားခဲနှင့် ရောစားလျှင်သော်လည်းကောင်း နို့ကောင်းစွာ ထွက်စေ၏ ။

၄။ မီးဖွား ပြီးစ အမျိုးသမီး များ နို့မထွက် လျှင် ပရန္နဝါ ရွက်ကို ဟင်းခါး ချက်သောက် ခြင်းဖြင့် နို့ လျင်မြန်စွာ ထွက်ပြီး နို့နာ၊ နို့ကိုက် နှင့် သကျည်း ကိုက်ရောဂါ များလည်း ပျောက်ကင်း စေ၏။

၅။ ရဲယိုရွက် ကို သုပ်စားပါက နို့ချောင်းပိတ် ရောဂါ၊နို့ရေ ခန်းရောဂါ၊သကျည်း ကိုက်ရောဂါ၊ဝမ်းရစ်နာ ခြင်းနှင့် နှာခေါင်း သွေးလျှံ ခြင်းတို့ကို ပျောက်စေ၏။

၆။ ရှဉ့်မတက်ဥ မှုန့်ကို နွားနို့ နှင့် ရောသောက်သော် သားသည် မိခင်များ နို့ရည် တိုးပွားစေ၏။

၇။ ခွေးလှေယားရွက်ကို ပြုတ်တို့လျှင် အမျိုးသမီး သားသည် မိခင်များ နို့ထွက်များစေ၏

၈။ မီးဖွား ပြီး ပထမ နေ့၌ လက်ပံခါးအခေါက် မှုန့်ကို ချင်းနှင့် ရောစပ် သောက်သော် မီးနေသည် များ နို့ထွက် များ၍ သွေးသား စင်ကြယ် စေသည်။

၉။ ရေသကျည်း ရွက်နု များကို ဟင်းချို ချက်သောက်ခြင်း၊ ရေနွေး ဖြော၍ တို့မြှုပ်စားခြင်း၊ အချဉ် တည်၍ စားခြင်း၊ သုပ်စား ၊ကြော်စား ခြင်းဖြင့် သားသည် အမေများ နို့ရည်ကို များစေ၍ နို့ချောင်း ပိတ်ခြင်းကို ကာကွယ်ပေး ပြီး နို့ရည်ကို အထူး သန့်စင် စေ၏။

၁၀။ လောက်သေရွက် ၊ ရေခရာ ရွက် ၊ နနွင်း ရိုးရိုး အရွက် ဆတူ အကျွမ်း လှော်၍ နှမ်းဆီတွင် ဖျော် လိမ်းပါက ကလေးများ ချက်ကြိုး ချက်တိုင် ကိုက်ခြင်း ပျောက်၍ ချက်ကြိုး ကြွေလွယ်၏ ။ နို့ချောင်း ပိတ် ၊ နို့နာ ၊ နို့ပျဉ်းထ သော မိခင် များကို လိမ်းပေးက လျင်မြန်စွာ သက်သာ ပျောက်ကင်း စေ၏။

ကင်ဆာရောဂါ

၁။ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက် တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် ကင်ဆာရောဂါ၊ အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။

၂။ ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ ကြက်သွန်ဖြူတွင် ဆယ်လင်နီယမ် သတ္တုဓာတ်တို့ပါဝင်ကြောင်း ၊ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးပေးခြင်းဖြင့် အူမကြီး ကင်ဆာ ဖြစ်ပွားနိုင်မှု ၁၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း ကြက်သွန်ဖြူကို ပုံမှန်စားသုံးသူများသည် အစာအိမ်ကင်ဆာဘေးအန္တရာယ်မှ ကာကွယ်နိုင်သည့် အပြင် နှလုံးသွေးကြောဆိုင်ရာ စနစ် ကောင်းမွန်ကြောင်း လေ့လာတွေ့ရှိချက်တွင် ဖော်ပြသည် ။

၄။ မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့်တွေက များစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်မှုကို လျော့ကျစေပြီး ကင်ဆာလို ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

၅။ နွယ်သာကီ အမြစ်မှုန့် ကို ရေနှင့် ဖျော်၍ လိမ်းပါက ကင်ဆာနာ၊ ပြည်တည် အနာများ နှင့် နူနာ ရောဂါ များ ပျောက်ကင်း ၏။

ဆီး ရောဂါ

၁။ ကနဖော့ အရွက်ရည်ကို နွားနို့နှင့် ဖြစ်စေ ၊ ဆိတ်နို့နှင့် ဖြစ်စေ သောက်သုံးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်စေသည်။

၂။ ကျီးအာ အမြစ်ဥကိုပြုတ်၍ ပျားရည်နှင့် သောက်က ဆီးအောင့် နာ ပျောက်၏ ။

၃။ ကျွန်းပင်၏ အသီးကို ညက်အောင် ကြိတ်၍ အနာအုံဆေးကဲ့သို့ ချက်၌ အုံ၍ စည်းထားသော် ဆီးချုပ်ရောဂါ ပျောက်၏ ။

၄။ ဆီးဖြူမြစ်ကို သန့်စင်အောင် သွေး၍ရရှိသော အရည်ကိုသောက်ပေးပါက ဆီးလွန်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးခဏခဏသွားရသည့် ရောဂါများကို သက်သာပျောက်ကင်း စေပါသည်....။

၅။ ဆီမီးတောက်ဥကို အမှုန့်ထောင်း၍ ရေနှင့်စိမ်သောက်ပါက ညောင်းကျရောဂါ ပျောက်၏။

၆။ ဆူးပန်းအရွက်ကို ချဉ်ရည်ဟင်း ချက်စားခြင်းဖြင့် ဆီးကိုရွှင်စေပြီး ခွန်အားကို တိုးပွားစေ၏။

၇။ တမာသီးကို နေ့စဉ် စားပေးလျှင် ဆီးရောဂါ ပျောက်ကင်း ၏ ။

၈။ တရုတ် စံကား ရွက်ကို စားခြင်း ဖြင့် လည်းကောင်း ၊ အပွင့် ကို ပြုတ်တို့ ခြင်းဖြင့် လည်းကောင်း ၊ မန်ကျည်း ရည်နှင့် ပြုတ်၍ သနပ် လက်သုပ် လုပ်စား ခြင်းဖြင့် လည်းကောင်း ဆီးဝမ်းကို ရွှင်စေ၍ သလိပ် လေကို ကြေစေသည်။

၉။ ထိကရုံးအရွက်ကိုကြိတ်၍ ဆီးခုံ၌ အုံပေးလျှင် ဆီးလွန်ရောဂါ ပျောက်၏။

၁၀။ ထိကရုံးအမြစ်ကို ပြုတ်သောက်သော် ဆီးအိမ်၌ တည်သော ကျောက်ကို ပျော်၍ ကွဲကျစေပြီး ဆီးကောင်းစေသည်။

၁၁။ ဒန့်သလွန် အသီး ကို အမှုန့် ပြု သကြားနှင့် ရောသောက်သော် ဆီးများခြင်း ပျောက်၏။

၁၂။ ဆီးပူ ခြင်း၊ နည်းခြင်း၊ သွေးပါ ခြင်းတို့ အတွက် ဒန္တသုခ ပဉ္စ ငါးပါး အခြောက် လှန်းပြီး လက်ဖက်ခြောက် ကဲ့သို့ ခပ်သောက် က ပျောက်၏။

၁၃။ ဆန်ဆေးရည်နှင့် နံ့သာဖြူ သွေး၍ ပျားရည် ၊ သကြားတို့ နှင့် အနေတော် ရော၍ သောက်သော် ဆီးအောင့် ရောဂါ နှင့် ဝမ်းသွားရောဂါ ပျောက်၏ ။

၁၄ ။ နလင်ကျော်အမှုန့်ကို ဆန်ဆေးရည် ဖြင့် သောက်သော် ညောင်းကျရောဂါ ၊ဝမ်းတွင်းပုပ် ၊ ဆီးပုပ် ၊ နှလုံးမငြိမ်၊ နှုတ်ခမ်း အာခေါင်ခြောက် ်ရောဂါများ ပျောက် ၏ ။ မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)

၁၅။ နနွင်းမှုန့်၊ ဆီးဖြူသီးရည်၊ ပျားရည် သုံးမျိုး ရောသောက် သော် ဆီးပူ၊ ဆီးအောင့် မှစ၍ ဆီးရောဂါ အမျိုးမျိုး ပျောက်၏။

၁၆။ ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။

၁၇။ ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်=ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီးအနည်းငယ်ထောင်းပါ၊ နွားနို့ သကြားတို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမကသွေးအကျိတ်အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။

၁၈။ ဝါမြစ်ကို ကျက်ကျက် ပြုတ်သောက်က ဆီးပူရောဂါ နှင့် ဆီးသွားသော အခါ နာကျင်ခြင်း ပျောက်၏။

၁၉။ကြက်သွန်နီဥကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်း၍ ဆီးရွှင်စေ၏။

၂၀။ မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါ ပျောက်၏ ။

၂၁။ သကြားနှင့် ကြက်သွန်နီ အရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ ၊ ဝမ်းရောဂါ ပျောက်၏ ။

၂၂။ ကင်ပိမ့်အရွက်ကို ကြိတ်၍ ရသောအရည်ကို သောက်ပါက ဆီးပူ ညောင်းကျရောဂါ ပျောက်ကင်း၏။

၂၃။ ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါအတွက် ကန်စွန်းရွက်ကို ဘူးရွက် မန်ကျည်းရွက်တို့နှင့် အမျှကြိတ်၍ ဆန်မှုန့်ညက်နှင် ဖျော်ပြီး ဆီးခုံပေါ်တင်ထားပါက ၁၅ မိနစ်အတွင်း ဆီးကျဆင်း၏ ။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေ၏ ။

၂၄။ ကန်စွန်းရိုးနီ ရွက်ကို ထန်းလျက် မန်ကျည်းမှည့်နှင့် ဆားထည့်၍ ကျိုသောက်က ဆီးကျောက်တည်ခြင်းနှင်တကွ ဆီးရောဂါ ဟူသမျှ ပျောက်၏ ။

၂၅။ကုလားမျက်စိပင်သည် အသက်ရှည်ဆေးအဖြစ် အလွန် ထင်ရှား၏။ ကုလားမျက်စိအညွန်များကို ပြုတ်တို့ခြင်းဖြင့် ဆီးရွှင် ဆီးကောင်းစေသည်။

၂၆။ ကုလားမျက်စိပင်ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင် ကျို၍ အအေးခံပြီး သကြားထည့်သောက်ပါက ဆီးပူ ၊ ဆီးအောင့် ၊ ဆီးနည်း ၊ အသံဝင် ၊ အဖျား ၊ အညောင်းအကိုက် ရောဂါတို့ကို ပျောက်စေ၏။

၂၇။ကုလားမျက်စိပင် ပဉ္စငါးပါးကို ထန်းလျက်နှင့်ကျို၍ အအေးခံထားသောရေတွင် စမုန်မျိုးငါးပါးမှုန့် အဝတ်နှင့်ထုပ်စိမ်ထားပြီး ယင်းစိမ်ရေတွင် ဆားပုပ်အမှုန့်ထည့်၍ တစ်နေ့ ၃ ကြိမ်သောက်သော် ဆီးရောဂါအမျိုးမျိုး ၊ လေအောင့် အစာမကြေ ၊ မျက်စိရောဂါအမျိုးမျိုး ၊ နှလုံးရောဂါ ၊ သားအိမ်ရောဂါ ၊ဖောရောင် ညောင်းကိုက် ၊ မြင်းသရိုက်ရောဂါတို့ကို ပျောက်စေ၍ အားတိုးစေသည်။

၂၈။ ကညွတ်မြစ်အရည်ကို ပျားရည် ၊နွားနို့ရည်တို့နှင့် ရော၍ သောက်ပါက ဆီးပူ ၊ ဆီးအောင့်ခြင်း ၊ ကိုက်ခဲခြင်းနှင့် အမျိုးမျိုးသော သည်းခြေရောဂါများ ပျောက်ကင်း၏။

၂၉။ ခပေါင်းရေကြည်အစေ့ကို သွေး၍ နွားနို့ဖြင့်သောက်သော် ညောင်းကျရောဂါ ပျောက်၏ ။

၃၀။ ခပေါင်းရေကြည်အစေ့ကို ရက်တက်ရည်နှင့် သွေးသောက်သော် ဆီးလွန်ရောဂါ ပျောက်၏ ။

၃၁။ စံကားဝါအပွင့်ကို ညက်အောင်ကြိတ်၍ ရေအေးနှင့်ဖျော်သောက်သော် ဆီးအောင့်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း ရောဂါများ ပျောက်၍ ဆီးကိုရွှင်စေသည်။

၃၂။ အရွက်ကို အရည်ညှစ်၍ သောက်လျှင် ဆီးချုပ် ၊ ဆီး အောင့်ပျောက်၍ ဆီးကောင်းစေသည်။

၃၃။ ဆိတ်ဖလူးအရွက်ကို ရေနှင့် ထက်ဝက်ခန်းကျို၍ သောက်ပါက ဆီးလွန်ရောဂါ ပျောက်၏ ။

၃၄။ဆီးဖြူသီးခြောက်မှုန့်ကို ထန်းလျက်၊ပျားရည်၊ သကာရည်နှင့် နယ်စားက ဆီးပုပ်ရောဂါ ပျောက်၏။

၃၅။ နန်းလုံးကြိုင်အရွက်ကို ကြိတ်၍ ဆီးကင်းခန့် လုံးပြီး နံနက်ညတစ်လုံးစီ သောက်ကညောင်းကျ ရောဂါ ပျောက်စေသည်။

၃၆။ ပြည်ပန်းညိုအရွက် ကြိတ်ညှစ်ရည် ကို နို့ရည် သကြားတို့နှင့် သောက်လျှင် ဆီးအောင့် ရောဂါ နှင့် ညောင်းကျ ရောဂါ ပျောက်စေ၏။

၃၇။ ပြည်ပန်းညိုအရွက်ကိုအမှုန့် ပြု၍ စားပါက လေရောဂါ၊ အပူရောဂါ၊ ဆီးအောင့် ရောဂါ များ ပျောက်၏။

၃၈။ပဒိုင်းညိုအရွက် ကြိတ်ညှစ်ရည် အနည်းငယ် ကို မလိုင်ထုတ်ပြီး နွားနို့နှင့် သောက်ပါကညောင်းကျ ရောဂါ ပျောက်၏။

၃၉။ပတဲကောလေး မြစ်ဥ ကို ပြုတ်၍ သောက်သော် ဆီးလွန် ရောဂါ ပျောက်ကင်း၏။

၄၀။ဆီးခဲလျှင် ပတဲကောကြီး ကို ဆန်ဆေးရည် နှင့် သွေးသောက်က ဆီးရွှင်စေ၏။

၄၁။ဆီးအိမ်တွင် ဆီးရှိလျက်ဆီးအောင့်ဆီးချုပ်နေမူပတဲကောကြီး မြစ်ကို ရေနှင့် သွေးသောက်သော် ပျောက်၏။

၄၂။ ပရန္နဝါ ရွက်ရည်ကို နို့နှင့် ရောသောက်က ဆီးအောင့် ရောဂါ ၊ ဆီးပူ ညောင်းကျ ရောဂါ ၊ ပန်းသေ ရောဂါ နှင့် အဖျား ရောဂါ တို့ကို ပျောက်ကင်း စေရုံမျှ မက အသက် ကို ရှည်စေ၍ လူကို နုပျို အားတိုး စေနိုင်၏ ။

၄၃။ဖာလာစေ့ ကို လှော်၍ မုတ္ထကျီးဆေး နှင့် စားသော် ဆီးပူ ရောဂါ ပျောက်၏။

၄၄။ ဗုဒ္ဓသရဏပင် အပွင့်နု အသီးနုကို ရေနွေး ဖြော၍ တို့စားခြင်း၊ သုပ်စား ခြင်းဖြင့် ဆီးနည်းခြင်း ချုပ်ခြင်းကို ပျောက်ကင်း စေရုံ မက အဖျား ရောဂါ ကိုပင် ပျောက်ကင်း စေ၏။

၄၅။ မင်းကိုကာ အမြစ်မှုန့် ကို ဆားစိမ်းနှင့် ရော၍ သောက်သော်ဆီးအောင့် ညောင်းကျရောဂါ ပျောက်ကင်း ၏။

၄၆။မန်ကျဉ်းပင်အရွက်ကြိတ် ညှစ်ရည်ကို နံနက် ည ကြွေဇွန်း ကြီး တစ်ဇွန်း ကျ သောက်သော် ဆီးပူခြင်း ပျောက်၏။

၄၇။ မရိုးဆေး နှင့် ဆူးဖြူ အခေါက် မှုန့်တို့ကို ရောကြိတ်ပြီး ချက်ဘေး ပတ်လည် နှင့် ဆီးအိမ် ကို လူးပေးပါက ဆီးချုပ်ခြင်း ပျောက်၏ ။

၄၈။ မဉ္ဇူပန်းပင် အပင် ၏ ပဉ္စငါးပါးကို သကြားနှင့် သုံးခွက် တစ်ခွက် တင် ကျို သောက်လျှင် ဆီးပူ ၊ ဆီးကိုက် ၊ ဆီးကျင် ၊ ဆီးပိတ် ၊ ဆီးကျောက် တည်သော ရောဂါ ပျောက်၏ ။

၄၉။ ညဘက်ဆီးလွယ်တဲ့ သူတွေ အတွက် ထထအိမ်သာ ပြေးနေရတဲ့ ဒုက္ခဟာ မလွယ်ပါဘူး။ ကြုံဖူးမှ ကိုယ်ချင်းစာ နိုင်ပါလိမ့်မယ်။ ယင်း အတွက် ဖြေဆေးတစ်မျိုး ကတော့ မာလကာသီး အရွက် လက်တစ်ဆုပ်စာခန့်ကို ယူပါ။ လတ်လတ်ဆတ်ဆတ် အရွက်များ ဖြစ်ရပါမည်။ ယင်းအရွက်တို့အား ထောင်းထားသည့် ဆန်မှုန့်တို့ဖြင့် ရောစပ်ပေးပါ။ ပြီးသော် ရေ ၂ခွက်ခွဲခန့်ဖြင့် ပြုတ်ပေးရပါမည်။ ရေတစ်ခွက်စာကျန် ်ရှိတော့သည့် အချိန်ကျမှ ချကာရေစစ်ဖြင့် စစ်ကာ ပုလင်းတစ်လုံးထဲတွင် သိမ်းထားရပါမည်။ ယင်းအရည်အား သုံးနာရီခြားတစ်ခါ တစ် ဇွန်း စီသောက်သုံး ပေးရပါမည်။

၅၀။ ဆီးအိတ်ရောင်တဲ့ ဝေဒနာကို ကုသ ဖို့ ခရမ်ဘယ်ရီသီးကို သုံးရတယ်ဆိုတာ သိကြပေမယ့် ဘလူးဘယ်ရီသီးကိုလည်း သုံးလို့ ရပါတယ်။ ဘလူးဘယ်ရီသီးမှာ ခရမ်ဘယ်ရီသီးနဲ့ အလားတူတဲ့ ဓာတ်ပေါင်းတွေ ပါဝင်တာကြောင့် ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်။ ဘလူးဘယ် ရီသီးက ဝယ်ရတာ ပိုလွယ်တာကြောင့် ရေခဲသေတ္တာထဲ ထည့်ထားပြီး စားပေးပါ။တစ်နေ့ ဘလူးဘယ်ရီသီး ခွက်ကြီး တစ်ခွက်စာ ပမာဏကို စားပေးရင် ဆီးအိတ်ရောင်ရမ်းတဲ့ ဝေဒနာကို တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။ ဘလူးဘယ်ရီသီးမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။

၅၁။ မုရားကြီး ရွက် ကို သုံးခွက် တစ်ခွက် တင် ကျို၍ ဆေးတစ်ခွက် စာ ကြွေးဇွန်း ကြီး (၃ )ဇွန်းမျှ သောက်က ဆီးအောင့် ရောဂါ ပျောက်၏ ။

၅၂။ ရွက်ကျ ပင်ပေါက် ရွက် ၁ ရွက် ၂ ရွက် ကို ငရုတ်ကောင်း အနည်းငယ် ထည့်၍ ညက်စွာ ကြိတ်ပြီး သောက်က ဆီးပူ ၊ ဆီးချုပ် သွေးမြင်း သရိုက် နှင့် လူပျိုနာ ကြောင့် ဖြစ်သော အနာ များ ပျောက်ကင်း၏။

၅၃။ ရှဉ့်မတက်ဥ ကို ကျို၍ ၎င်းတွင် သကြားခဲ ရောပြီး ပျားရည် ထည့်သောက် သော် ဆီးပူရောဂါ နှင့် ဆီးအောင့် ရောဂါ ပျောက်၏။

၅၄။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေး ရည်တွင် စိမ်ပြီး လျှင် သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့် ၊ ဆီးထိုးခြင်း ပျောက်ကင်း သည်။

၅၅။ လက်ထုတ်ကြီး အခေါက်ကို နွားနို့ နှင့်ကြိတ်သောက် ပါက ဆီးချုပ် ဆီးအောင့် ရောဂါ ပျောက်၏။

၅၆ ။ ကြွေမီး ဖုတ်နှင့် သံပရာ ရည် ဖျော်၍ သောက်သော် ဆီး အောင့်ခြင်း ပျောက်၏။

၅၇။ သံမနိုင်၊ ကျောက်မနိုင် ပဉ္စငါးပါး ကို အရည်ညှစ် ပြီး ကျိုချက်၍ လည်းကောင်း၊ အခြောက်ကို လက်ဖက်ရည် ကဲ့သို့ ပြုလုပ်၍ လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ ၊ ကျောက်တည် ရောဂါများ ပျောက်ကင်း စေ၏ ။

၅၈။ သစ်ဆိမ့်ဆံ နှင့် အရက် သွေးသောက်သော် ဆီးအောင့် ခြင်းနှင့် ကျောက်တည်ခြင်း ပျောက်၏

၅၉။ သင်္ဘောသီး ဝမ်းပျဉ်းကို ဟင်းချက် စားခြင်း၊ သနပ် လုပ်စားခြင်းဖြင့် ဆီးဝမ်းကို ရွှင်စေသည်။

၆၀။ အလိုကျူ အမြစ်အုံ ကို ပြုတ်သောက် ခြင်းဖြင့် ဆီးကို စင်ကြယ် စေ၏။ ညောင်းကျ ရောဂါနှင့် အသားအရေ ယားယံခြင်းကို ပျောက်ကင်း စေပြီး ရာသီသွေး ကိုလည်း ကျဆင်းသည်။

၆၁။ အကြောတစ်ထောင်ပင် အရွက်ပြုတ်ရည် ကို သကြားသင့်ရုံ ထည့်သောက်ပါက ဆီးပူခြင်း၊ နီခြင်း ၊ ဆီးနည်းခြင်း ၊ မိတ်ထွက်ခြင်း ၊ အနာမီး အနာလျှံ အနာစက် များ ပေါက်ခြင်းနှင့် ဝမ်းတွင်း၌ အပူအားကြီး ခြင်းများ ပျောက်၏။

၆၂။ ခွေးလှေယားစေ့မှုန့်ကို ရေနှင့် ရောသောက်သော် ဆီးချုပ်ရောဂါ ပျောက်၏ ။

၆၃။ ဆေးဂန္ဓမာအရွက်ကို ငရုတ်ကောင်းနှင့် ရောကြိတ်သောက်သော် ဆီးအောင့်ရောဂါ ပျောက်၏။

၆၄။ ပေါက်ပွင့်ကို ရေနှင့် ကျို၍ ခပ်နွေးနွေး ချက်တွင် အုံပေး လျှင် ဆီးချုပ်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း များ ပျောက်ကင်းသည်။

၆၅။ လောက်သေပင် အရွက်ကို လက်ဖက် ခြောက် ကဲ့သို့ သောက်သုံး သော် ဆီးပူ ဆီးအောင့် ရောဂါ နှင့် အရေပြား ရောဂါ ပျောက်၏။

၆၆။ လောက်သေပင် အရွက် ကို အခြားသော ဆေးပင် တို့နှင့် ပေါင်းစပ်၍ ဆီးရွှင် ဆေးအဖြစ် ဖော်စပ် သုံးနိုင်သည်။

၆၇။ လောက်သေရွက် နှင့် ထားဝယ် မှိုင်း ရွက် ကို ရေနွေး ဖြော ၍ သုပ်စား သော် ဆီးပူ ၊ ဆီးအောင့် ၊ ဝမ်းကိုက် ၊ သွေး့ဝမ်း သွား ၊ သွေးမြင်း သရိုက် ၊ မီးယပ် သွေးလွန် တို့ကို ရပ်တန့် စေသည်။

၆၇။ နွားမြေရင်း ကို ပြုတ်သောက် ပါက ညောင်းကျ ရောဂါ ပျောက်၏။

၆၈။ သြဇာ အမြစ်ကို သွေး ၍ သောက်ပါက ဆီးချုပ် ရောဂါ ပျောက်ကင်း၏။

၆၉။ ကြံဟင်းအညွန့်ကို ကြက်ရိုးနှင့်သော် လည်းကောင်း ၊ တင်ကျီးရိုးနှင့် သော် လည်းကောင်း ဟင်းချိုချက်သောက်ပါက ဆီးအောင့် ဆီးချုပ်ရောဂါနှင့် အခြား ဆီးနှင့် ပတ်သက်သောရောဂါများ ပျောက်၏ ။ အေးအောင်ပြုသော ဆေးဘက်တွင် အကောင်းဆုံးဖြစ်သည်။

ကျောက်ရောဂါ

၁။ကနဖော့ရည်ကို ပျားရည်နှင့် ရောသောက်သော် ကျောက်ရောဂါ ပျောက်ကင်း၏။

၂။ဆူးပန်းအပွင့်ကို ဒန်းကြီးရွက်နှင့် ရောကြိတ်ပြီး ခြေ၊ လက်ဖဝါးတို့၌ လိမ်းက ကျောက်ရောဂါ ပျောက်၏။

၃။ ကျောက်သွေး ဝမ်းကျလျှင် လက်ထုတ်ကြီး မြစ်ကို အရက်နှင့် သွေး၍ ဆားအနည်းငယ် ခတ်သောက်လျှင် ပျောက်၏။ ကျောက်ပေါက်၍ လည်ချောင်းနာ လျှင် လက်ထုတ်ကြီး အမြစ်ခေါက် ကို ဆားနှင့် ကြိတ်၍ ငုံရ၏။

ကျောက်ဖြူပေါက်သောရောဂါ

၁။ ကနဖော့ ပဉ္စငါးပါးရည် အနည်းငယ်မျှ သောက်သော် ကျောက်ဖြူပေါက်သောရောဂါ ၊ အရေပြားရောဂါ ၊ ခြင်ဆီကို တိုးသောရောဂါများ ပျောက်ကင်း၏။

ဖောရောင်ခြင်း

၁။ ကနဖော့ကို ပြုတ်၍ တို့စားခဲ့သော်လည်းကောင်း ၊ ပြုတ်ရည်ဖြင့် ချွေးအောင်းခဲ့သော်လည်းကောင်း ဖောရောင်ခြင်း ပျောက်၏။

၂။ ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

၃ ။ ကျွန်းသားကို သွေးလူးသော် သည်း ခြေကြောင့်ဖြစ်သော အဖောအရောင် ပျောက်၏ ။

၄။ ကျွန်းသားကို သီဟိုဠ် သရက်စေ့အခွံ ဆီနှင့် သွေးလိမ်း သော် အပူနှင့်ယှဉ်၍ ဖြစ်သောရောင်ရမ်းခြင်းများ ပျောက်၏ ။

၅။ ထိကရုံး ပဉ္စငါးပါး ကို ကြိတ်၍ ရေနှင့် ဖျော်လူးပါက ဖောရောင်ခြင်း ကို ကျစေသည်။

၆။ ဒန့်သလွန် အမြစ် ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်း ပျောက်၏။

၇။ ကပ်စေးနဲ(နွားမြီးကပ်)အရွက်နှင့် နှမ်းနက်ကို ဆတူကြိတ်၍ မီးနွေးနွေးဖြင့် ချက်ပြီး ဖောရောင် သည့်နေရာများကို လိမ်းပေးသော် ပျောက်၏ ။

၈။ ကိုရံကြီးအရွက်ကို ပြုတ်၍ ရေချိုးခြင်း ၊ အရည်ပျစ်ပျစ်သွေး၍ လိမ်းခြင်းပြုက အဖောအရောင်ရောဂါပျောက်၏ ။

၉။ ဘုမ္မသိန်အရွက် ပြုတ်ရည်နှင့် ရေချိုး ပေးလျှင် ကိုယ်ဖော ကိုယ်ရောင် သောရောဂါ ပျောက်၏ ။

၁၀။ လိပ်ဆူးရွှေအရွက်ကို ပြာချ၍ ဆန်ပုန်းရည် နှင့် ရောသောက်သော် ဖောရောင်ခြင်း နှင့် ရေဖျဉ်းကို ကျဆင်းစေ၏။ ချောင်းဆိုး ရောဂါ ကိုလည်း ပျောက်စေသည်။

၁၁။ သက်ရင်းကြီး ခေါက်သည် ဖောရောင်ပြီး ဖျားသော အဖျားရောဂါ ကို ပျောက်ကင်း စေ၍ အဖောကို ကျဆင်း စေသည်။

၁၂။ ကြောင်ပန်းရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် အရေပြားရောဂါကိုလည်းကောင်းသက်ရင်းကြီးမြစ် သွေးရည်နှင့်ရောသောက်ခြင်းဖြင့် ဖောရောင်ရောဂါကိုလည်းကောင်းပျောက်စေသည်။

၁၃။ ကြောင်လျှာအသီးကို ငါးသလောက်ဖြင့် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ဝဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။

ကိုယ်ခံစွမ်းအားစနစ်

၁။ ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

၂။ မန်ကျည်းသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် နေ့စဉ် စားသုံးနေကျ အစားအသောက်ထဲ မန်ကျည်းသီးကို ထည့်စားပေးရင် ဗီတာမင်စီ ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

အရိုးပါးရောဂါ

၁။ ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

၂။ ပဲပင်ပေါက်မှာ အီစထရိုဂျင်လို အာနိသင်ပေးနိုင်တဲ့ ဖိုင်တိုအီစထရိုဂျင်များ စွာပါဝင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်နဲ့ ဆက်စပ်နေတဲ့ ရင်တုန်တာ၊ ညဘက်ပူလောင်ပြီး ချွေးထွက်တာစတဲ့ ဝေဒနာတွေ သက်သာစေပါတယ်။ သွေးဆုံး ဝေဒနာအများစုက အီစထရိုဂျင်အဆင့် လျော့နည်းလို့ဖြစ်တာတာပါ။ ပဲပင်ပေါက်မှာတွေ့ရတဲ့ ဖိုင်တိုအီစထရိုဂျင် တွေဟာ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ အရိုးပါးရောဂါမဖြစ်အောင် လည်း ကာကွယ်ပေးပါတယ်။

၃။ အမျိုးသမီးတွေ သွေးဆုံးလျှင် အရိုးပါးရောဂါအဖြစ်များတတ်တာမို အသက်၄၀ကျော်တာနဲ့ ရုံးပတီသီးနေ့စဉ်စားဖို့ပြင်ထား ပါ။ ရုံးပတီသီးမှာ အရိုးပါးရောဂါတိုက်ထုတ်ပေးမယ့်ဖိုက်တာ ၄မျိုးတောင်ပါသည်။ (၁) ပိုတက်စီယမ်၊ (၂) ဗီတာမင်စီ၊ (၃) မဂ္ဂနီစီယမ်နှင့် (၄) ဘီတာကာရိုတင်းတို့ ဖြစ်သည်။ဤဓာတ်၄မျိုးမြင့်မားစွာပါအောင် စားနိုင်တဲ့လူတွေမှာ အရိုးထိခိုက်ပျက် စီးမှုနှေးသွားသည်ဟု ယူကေသုတေသနတွေအရတွေ့ရှိခဲ့သည်။ ကယ်လလ်စီယမ်ဓာတ်ပြီးလျှင် အရိုးတည်ဆောက်ရာ တွင် အရေးကြီးဆုံးသော သတ္ထုဓာတ်ဆားအားလုံးရဲ့ နေ့စဉ်လိုအပ်ချက်၏ ၁၀ရာခိုင်နှုန်းရုံးပတီသီးမှာပါသည်ဟုဆို၏။

အသည်းရောဂါ

၁။ ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။

၂။ ကနဖော့ တစ်ပင်လုံးအား ဆန်ဆေးရည် ၊ မုန်ညင်းဆီထည့်၍ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်းဖြင့် အသည်း အားနည်း သောရောဂါကို ပျောက်ကင်းစေ၏။

၃။ ပဲပင်ပေါက်မှာ လက်ဆီသင် ပမာဏ များစွာပါဝင်တဲ့ အပြင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေကာအသည်းမှာ အဆီကပ်ငြိမှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ အသည်းထိခိုက်မှု အခြအနေတစ်ရပ်ဖြစ်တဲ့ အသည်းအဆီဖုံးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၄။ သင်္ဘောသီး အမှည့် စားသော် သရက်ရွက် ကြီးခြင်း၊ အသည်း ကြီးခြင်းနှင့် မြင်းသရိုက် ရောဂါ ပျောက်၏။

၅။ ရွှေနွယ်ပင် သည် အသက်ရှည် စေတတ်သော အပင်မျိုး တွင် အပါအဝင် ဖြစ်၏ ။ အသည်းရောင် ၊ အသည်းကြီး ၊ အသည်း မာကျော ကြမ်းတမ်း ခြင်း အတွက် ၎င်းဆေးရွှေနွယ် ကိုပြုတ်၍ သောက်ခြင်း ၊ ဝမ်းဗိုက် ကို လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း စေနိုင်၏။

၆။ အောင်မဲဖြူ မြစ်ကို လှော်၍ အမှုန့်ပြုပြီး ရေနွေးနှင့် သော်သော် အသည်းကြီး ရောဂါ၊ သရက်ရွက် ကြီးသော ရောဂါ၊ ရေဖျဉ်း ရောဂါ ပျောက်၏။

မြွေဆိပ် ၊ ကင်းဆိပ်





၁။ ကစော့ခါး ပဉ္စငါးပါးရည်ကို ညှစ်သောက်ခြင်း ၊ကြိတ်ဖတ်ဖြင့် အုံပေးခြင်းဖြင့် မြွေဆိပ် ၊ ကင်းဆိပ်ပြေပျောက်စေ၏။








၂။ ဆူးပန်းအပွင့်ကို ကြိတ်၍ သောက်ပါက မြွေဆိပ်၊ ကင်းဆိပ်ကို ပြယ်စေ၏။





၃။ ကင်းမြီးကောက်ကိုက်သောဒဏ်ရာတွင် ကနခိုစေ့သွေးလိမ်းပေးသော် ကင်းမြီးကောက်အဆိပ် ပျောက်ကင်း၏။








၄။ကင်းမြီးကောက် ကိုက်ခံရသော နေရာ၌ ပရုတ်ကို ရေနှင့် ကြိတ်၍ လိမ်းပေးက ပျောက်ကင်း၏။

၅။ ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင် ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။

၆။ မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ်ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့်နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍အဝတ်ဖြင့် စည်းပေးပါ။

၇။ ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။

၈။ ကြက်သွန်နီကို ဓားနှင့် လှီး၍ အစေးထွက်လာလျှင် ထိပ်ဝကို ကွမ်းစားထုံးသုတ်၍ ကင်းမြီးကောက် စသော အဆိပ်ရှိသတ္တဝါ ကိုက်သည့်နေရာ၌ ၎င်းထိပ်ဝဖြင့် ပွတ်ခြင်း၊ အရည်ညှစ်၍ သုတ်လိမ်း ခြင်း ဖြင့် အဆိပ်မတက်နိုင်တော့ချေ။

၉။ခန်းတောက်မြစ်အနည်းငယ်ကို ရှားစောင်းကြီးအစေးသို့မဟုတ် မရိုးစေးဖြင့် ကြိတ်၍ မြွေကိုက်သော နေရာ ကိုလိမ်းပေးပြီး ခန်းတောက်မြစ်အနည်းငယ်နှင့် မအေးခြင်ထောင်ဥ အနည်းငယ်တို့ကို ငရုတ်ကောင်းနှင့် ကြိတ်သောက်သော် မြွေဆိပ်ပြေ၏။

၁၀။ ဆိတ်ဖလူးအရွက်ကို ညှစ်၍ သောက်ပါက မြွေဆိပ်ပြယ်စေသည်။

၁၁။ ဆင်တုံးမနွယ်ကို သုံးခွက်တစ်ခွက်တင် ပြုတ်၍ သောက်ပါက အဆိပ်များ ပြေပျောက်၏

၁၂။ မြွေကိုက်သော အနာကို ပင့်ကူ ထိပ်ပိတ် ရွက်သည် အထူး နိုင်နင်း၏။ ပင့်ကူ ထိပ်ပိတ် ရွက်ကြိတ်၍ ရသော အရည် ကို တိုက်ခြင်း၊ နှာခေါင်း တွင်းသို့ ထည့်ပေးခြင်း ဖြင့် မြွေဆိပ်ကို ကျဆင်း ပြေပျောက် စေ၏။

၁၃။ အဆိပ် ရှိ သတ္တဝါ များ ကိုက်သော နေရာတွင် ပိတ်ချင်းသီး ကိုသွေး၍ လိမ်းပေး ပါက အဆိပ် များ ပြယ်၏။

၁၄။နို့ရည် ထဲတွင် ပျဉ်းတော်သိမ် ရွက်ကို ထည့်ကျို သောက်ပါက အဆိပ်ကို ပြယ်စေ သည်။

၁၅။ မန်ကျဉ်းပင်အခေါက်ကို ရေနှင့် သွေး၍ မျက်စိနာ ၊ အနာဖု များ၊ အဆိပ်ရှိ သတ္တဝါများ ကိုက်သော ဒဏ်ရာများ ကို လိမ်းပေးက ပျောက်၏ ။

၁၆။ မန်ကျည်းရွက် ညှစ်ရည်သည် တစ်ဆ၊ သိန္ဓောဆား နှစ်ဆ ရော၍ သောက်ပါက မြွေဆိပ် ပြေစေ ၏ ။

၁၇။မန်ကျည်းအစေ့ဆံ ကို သွေး၍ ကင်းကိုက်သော ဒဏ်ရာ သို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏။

၁၈။ မရိုးမြစ် နှင့် ဝါဂွမ်း မြစ်ကို ဆတူ ကြိတ်၍ အနည်းငယ် မျှ သောက်သော် မြွေဆိပ်များ ကျဆင်း စေ၏

၁၉။ ကင်းကိုက်သော ဒဏ်ရာပေါ် တွင် မရိုးစေ့ သို့မဟုတ် မရိုးမြစ် ကို ရေနှင့် သွေးလိမ်း လျှင် ကင်းဆိပ် ပျောက်၏ ။

၂၀။မြွေကိုက်သော် မိဿလင်အရည်ကို မကြာခဏ တိုက်ပေး၍ ကိုက်သော ဒဏ်ရာကို လိမ်းပေးရ၏။

၂၁။ မုရားကြီး အနက် အမြစ်ကို ရေအေး နှင့်သွေး၍ ကင်းကိုက်သော နေရာသို့ လိမ်းပေးက ကင်းဆိပ်ပြေ ၏။

၂၂ ။ မြွေဆိုး ၊ ပျား ၊ ကင်းမြီးကောက် နှင့် အခြား အဆိပ်ရှိ သတ္တဝါများ ကိုက်မိ ၊ တုပ်မိပါက ယင်းဆေးရွက် ကို ချက်ချင်း စားသုံးခြင်း ဖြင့် နှလုံးသို့ အဆိပ် မရောက် နိုင်ရန် ကာကွယ် ပေး သည်။ အရွက် ကို ဝါးပြီး ဝါးဖတ်နှင့် အနာ ပတ် လည် တွင် လည်း အုံပေးရ ၏ ။

၂၃။ ရှဉ့်မတက်ဥရည် တွင် နွားနို့ ရောသောက်သော် အဆိပ် သင့်ခြင်း အမျိုးမျိုး ပျောက်၏။

၂၄။ လိပ်ဆူးရွှေအရွက်ရည်ကို ကင်းကိုက်သော ဒဏ်ရာပေါ်သို့ ဆွတ်ပေးခြင်းဖြင့် ကင်းဆိပ် ကို ပြေစေသည်။ ရောင်ရမ်းသော နေရာများပေါ်၌ လိမ်းပေးလျှင် လည်း ပျောက်၏။

၂၅။ သက်ရင်းကြီး ခေါက်သည် အဆိပ်ကို နိုင်သဖြင့် မြွေကိုက်သော လူနာကို သွေး၍ တိုက်ပေး ရ၏။

၂၆။ သီးသီး အနှစ်ကို သကြား သို့မဟုတ် ပျားရည်ဖြင့် ရောလျက် သော် အဆိပ် ပြေ၏။

၂၇။ သင်္ဘောသီး စိမ်းကို လှီးဖြတ်၍ ထွက်လာသော အရည်ကို ကင်းကိုက်သော ဒဏ်ရာသို့ လိမ်းပေးသော် အဆိပ် ပြေ၏။

၂၈။ သင်္ဘောမဲဇလီအရွက်ကို ကြိတ်၍ အဆိပ် ရှိသော သတ္တဝါ များကိုက်သော နေရာသို့ အုံပေးသော် အဆိပ် ပြေ၏။

၂၉။ ဟင်းနုနယ်ဆူးပေါက်ပဉ္စငါးပါး ကြိတ်ညှစ်ရည်ကို သောက်ခြင်းဖြင့် မြွေဆိပ် ကို ပြေစေနိုင်သည်။

၃၀။ ဟင်းနုနယ်ဆူးပေါက်အမြစ်ကို ရေနှင့် သွေး၍ ကင်းကိုက်ရာသို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏ ။ သွေးစုနာ ပေါ်သို့ လိမ်းပေးလျှင် လည်း ပျောက်ကင်း ၏ ။

၃၁။ ပျား ၊ ပဆုပ် ပနီ ၊နဂျီ စသည့် အဆိပ်ရှိ သည့် သတ္တဝါ များ တုပ်ခြင်း ကိုက်ခြင်း နှင့် အခြား အဆိပ်သင့်သော ရောဂါ များ အတွက် အကြောတစ်ထောင်ပင် အရွက် အစိမ်းကို ညက်ညက် ကြိတ်၍ ကိုက်သော ဒဏ်ရာ များ ၌ လိမ်းပေးခြင်း ၊ အုံကပ်ပေးခြင်းဖြင့် အဆိပ်များ မြန်စွာ ပြေပျောက်၏ ။ အနာများမှ လည်းကောင်း ၊ ထိခိုက်ရှနာ သော ဒဏ်ရာများ မှလည်းကောင်း ၊ သွေးစိမ်းများ ယိုသောအခါ ၌ အထက်ပါ အတိုင်း ပြုလုပ်ပေး ခြင်းဖြင့် သွေးယိုစီးခြင်း ကို ရပ်တန့်စေ၏။

၃၂။ ဣဿရမူလီအမြစ်ကို သွေးလိမ်းသော် မြွေ၊ ကင်း စသည့် အဆိပ်များ ပြေစေ၏။

၃၃။ ဣဿရ မူလီ အရွက် ၂ ရွက် ၃ ရွက်ခန့်ကို ငရုတ်ကောင်း ၈ စေ့ ၁၀ စေ့ ခန့်နှင့် ညက်အောင် ကြိတ် ၊ အဝတ်နှင့် စစ်ပြီး ၁၅ မိနစ် တစ်ကြိမ်ကျ သောက်က မြွေဆိပ်နှင့် တကွ အခြားသော တိရစ္ဆာန် ဆိပ်များ ပြေပျောက်စေ၏။

၃၄။ ခွေးလှေယားစေ့ကို ကြိတ်၍ ကင်းကိုက်ရာ၌ အုံပေးသော် ကင်းဆိပ်ပျောက်၏ ။

၃၅။ အောင်မဲဖြူသည် မြွေဆိပ် ဖြေဆေး အဖြစ် ထင်ရှား၏။ အောင်မဲဖြူမှုန့်နှင့် ဣဿရ မူလီမြစ်မှုန့် ရောစပ် သောက်သော် မြွေဆိပ် ပြေ၏။

၃၆။ ကင်းကိုက်၊ မြွေကိုက် သော နေရာ များတွင် နွယ်သာကီ အမှုန့် ပြု လိမ်းပေး ပါက ပျောက်ကင်း၏။

၃၇။ နွယ်သာကီ အရွက် ကို အရည်ညှစ် ၍ မြွေကိုက်ရာ တွင် အနည်းငယ် လိမ်းပေး ပါက မြွေဆိပ် ပျောက်ကင်း ၏။ အခြား အဆိပ် ပြင်းသော အကောင်များ ကိုက်ရာတွင် လည်း အသုံးပြု နိုင်၏။

၃၈။ မြွေနှင့် ဂျက်ကိုက်ခြင်း အတွက် နွားမြေရင်း ခေါင်းကို သွေး၍ တိုက်ခြင်း လိမ်းခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။

၃၉။ ကင်းဆိပ်ဖြေဆေးအဖြစ် သင်္ဘောကြက်ဆူ အစေ့ကို သွေး၍ လိမ်းပေးရ၏ ။

 

၄၀။       ကြွက်နပေါင်းပင်၏ အမြစ်ရင်းတွင်နက်ရှိုင်းစွာတည်ရှိနေသောမြစ်ဥကိုသွေး၍ ရေ နှင့် တိုက် ခဲ့သော် အန်ထွက်ပြီးလျှင် မြွေဆိပ်များကျစေနိုင်သည်။ ထို့ကြောင့်ထိုအပင်ကိုသက္ကတဘာသာ၌ ပါတလဂရုဠီ- နဂါးကို ဂဠုန်နိုင် သကဲ့သို့´ဟုအမည်ပြုကြကုန်၏။


သွား ရောဂါ

၁။ ကစော့ခါး အမြစ်ကို သွေး၍ သွား၌ သိပ်ပေးခြင်းဖြင့် ၊ သွားကိုက် ၊ နာကျင်ခြင်းနှင့် သွားပိုး ထသောအခါ အမြစ်မှုန့် ကိုမှိုင်းတိုက်၍ အခိုးရှူပေးခြင်းဖြင့် သွားနှင့်ပတ်သက်သောရောဂါများ ပျောက်၏။

၂။ တမာရွက် ကို ကျွမ်းအောင် လှော် အမှုန့် ပြုပြီး ဆားအနည်းငယ် ထည့်၍ နေ့စဉ် သွားတိုက် ပေးသော် သွားကိုက် သွားနာ ရောဂါ ကင်းဝေး၍ သွားများကို ဖြူစင် ခိုင်မာ စေ၏။

၃။ တမာ အရိုး တံကို သွားကြား ထိုးတံ အဖြစ် အသုံး ပြုခြင်းဖြင့် သွားရောဂါ ကင်းစင် စေသည်။

၄။ ဒန္တသုခ ပဉ္စ ငါးပါး ပြုတ်ရည်ကို ငုံပေးခြင်း ဖြင့် လည်းကောင်း ၊ ဒန္တသုခအမြစ်ကို အစိမ်း လိုက် ကြိတ်၍ သိပ်ပေးခြင်း ဖြင့် လည်းကောင်း ၊ ဒန္တသုခ ပဉ္စ ငါးပါး ကို ပြာချ၍ သွားဖုံး နှင့် သွားကြား ကို သိပ်ပေး ခြင်းဖြင့် လည်းကောင်း သွားကိုက် သွားနာ ပျောက်၏။

၅။ သွားဖုံး ရောင်ခြင်း၊ သွားနာခြင်း၊ ကိုက်ခဲ ခြင်းတို့အတွက် နနွင်းမှုန့်ကို ရေနွေးနှင့် ဖျော်၍ ငုံပေးခြင်း၊ ဆားနိုင် နိုင် ထည့်သောက်ခြင်း၊ သွားရင်းတွင် သိပ်ပေး ခြင်းဖြင့် ပျောက်ကင်း စေ၏။

၆။ သွားတွင် ပရုတ် ထည့်ပေးခဲ့သော် သွားနာကျင် ကိုက်ခဲခြင်း နှင့် သွားမကောင်းခြင်း ပျောက်ကင်း၏။

၇။ ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။

၈။ ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများပျောက်ကင်းစေပါသည်။

၉။ ဝါစေ့ကို ပြုတ်ငုံသော် သွားနာ သွားကိုက် ပျောက်၏။

၁၀။ ချင်းစိမ်းကို ဝါး၍ သွားကိုက်သောနေရာတွင် ငုံထားပါက သွားကိုက်ခြင်း ၊ သွားနာခြင်း ပျောက်၏ ။

၁၁။ နန်းလုံးကြိုင်အခေါက်ကို ထက်ဝက်ခန်း အောင်ပြုတ်၍ ဖန်ရည် အဖြစ် ပလုတ် ကျင်းခြင်း၊ ငုံခြင်းပြု လုပ်ပါက သွားနာကျင် ခြင်း ၊ သွားဖုံးများ ရောင်ခြင်း ၊ သွားဖုံးများမှ ပြည်ယိုခြင်း နှင့် သွေးများ ယိုစီးခြင်း များပျောက်သည်။

၁၂။ နီပါးဆေးပင်(တောရဲယို)အသီးကို မီးဖုတ်၍ ဆားသင့်တော် ရုံထည့်ကြိတ် ပြီးသွားတိုက် ဆေးအဖြစ် သုံးပါက သွားနှင့်သွား ဖုံးများကို ခိုင်ခံ့စေ ၏။

၁၃။ ပဒိုင်းညိုအစေ့ကို ကြိတ်၍ သွားဖုံးရင်း တွင် အနည်းငယ် ခန့် သိပ်ပေးသော် သွားကိုက်၊ သွားနာခြင်း ရောဂါများ ပျောက်၏။

၁၄။ ပိတ်ချင်းသီး တောင့် ကို ဝါးပေး ခြင်းဖြင့် သွားနာ သွားကိုက် ပျောက်၏။

၁၅။ ဘုမ္မသိန် အစေးကို သွားတွင် ထည့်ပေးသော် သွားနာ ကျင်ကိုက်ခဲ ခြင်း ၊ သွားမကောင်းခြင်း ပျောက်ကင်း၏ ။

၁၆။ မရိုး မြစ်ခေါက်ကို ရေနှင့် ကြိတ်၍ သွားကိုက်သော နေရာတွင်သိပ်ပေးသော် သွားကိုက် ပျောက်၏ ။

၁၇။ လေးညှင်းဆီက သွားကိုက်ဝေဒနာကို လုံးလုံး ပျောက်စေတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့မှာ သွားတွေကို ထုံသွားစေတဲ့ အစွမ်းရှိတာကြောင့် သွားကိုက်တာကို သက်သာစေပါတယ်။သွားကိုက်နေရင် သွားဆရာဝန်နဲ့ သွားပြရပါမယ်။ ဆရာဝန်ထံ မရောက်ခင်မှာ သွားကိုက်ဝေဒနာ သက်သာစေဖို့ ပါရာစီတမောကို သောက်ထားပြီး နာကျင်တဲ့ သွားတစ်ဝိုက်ရှိ သွားဖုံးပေါ်မှာ လေးညှင်းဆီ အနည်းငယ်ကို သုတ်ထားပေးပါ။

၁၈။ မုရာကြီး ရွက်ကို အရိပ်တွင် ခြောက်စေ၍ ပြာချ ပြီး ပြာကို ညက်အောင် ပြု၍ သိပ်ပေးက သွားနာ သွားကိုက် ၊ သွားဖုံး သွေးယိုခြင်း ၊ သွားနဲ့ခြင်း များ ပျောက်၏။

၁၉။ လိပ်ဆူးရွှေအရွက်ကို ကျကျ ပြုတ်၍ ခပ်နွေးနွေး ငုံပေးသော် နဲ့သော သွားများ ပြန်ခိုင်စေ၏။

၂၀။ လိပ်ဆူးရွှေ ရွက်နှင့် ကွက္ကရာ ဆတူ ရောကြိတ်၍ သွားခြေတွင် ကပ်ထားသော် သွားနာ သွားကိုက်နှင့် သွားခြေရင်းမှ သွေးယိုစီးခြင်း ပျောက်၏။

၂၁။ သံပရာရည် တွင် သကြားအနည်းငယ် ထည့်၍ ည နံနက် ၂ ကြိမ်မျှ မှန်မှန်သောက် ပါက သွားမှ သွေးယို စီးခြင်း ပျောက်ကင်း ၏ ။

၂၂။ သံပရာသီး တစ်လုံး မီးကျွမ်းအောင် ဖုတ်၍ လေးညှင်း တစ်ပွင့် ထည့်ကြိတ်ပြီး သွားရင်း၌ သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်း စေ၏ ။

၂၃။ သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီးပွတ်ပေးရင်သွားကိုဖြူစေရုံတင်မကဘူး။တောက်ပစေပါတယ်။ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။သွားကိုက်နေရင်လည်းသံပုရာရည်နဲ့ပလုတ်ကျင်းပေးပါ။

၂၄။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။

၂၅။ သစ်ဆိမ့်အမြစ်ခေါက် ကို ပြုတ်၍ ငုံပေးသော် သွားနာ၊ သွားကိုက် ၊ သွားဖုံးရောင် ခြင်း ပျောက်၏။

၂၆။ သစ်ကြံပိုး အဆီကို သွားကိုက်ရာ တွင် သိပ်ပေးပါက ပျောက် ၏။

၂၇။ ခံတွင်း၌ ပူလောင်ပေါက်ကွဲ ခြင်း၊ အပူဖုအပူ အိတ် များ ပေါက်ခြင်း ၊ လျှာကွဲလျှာနာ ဖြစ်ခြင်း ၊ သွားကိုက်သွားနာ ၊ သွားဖုံးရောင်ခြင်း၊ သွားရင်းမှ ပြည်သွေးများ ယိုစီးခြင်း ၊ ရေစီး ကမ်းပြိုဖြစ်ခြင်းများ အတွက် အကြောတစ်ထောင်ပင် အရွက်ပြုတ်ရည် ကို ခပ်နွေးနွေး ငုံပေးသော် ပျောက်၏။

၂၈။ ဗောဓိညောင် အခေါက်ကို ပြုတ်၍ အရည်ကို ငုံပေးသော် သွား ရောဂါ ပျောက်၏ ။

၂၉။ လေးညှင်းဆီ သို့မဟုတ် လေးညှင်းပွင့် ကို သွေး၍ သွားနာ၊ သွားကိုက်သော နေရာသို့ လိမ်းပေးသော် သွားနာ၊ သွားကိုက် ပျောက်၏။

၃၀။ ကြစုသီးမှုန့်ဖြင့် သွားတိုက်သော် သွားဖြူ၏ ။ သွားရောဂါပျောက်၏ ။ အသီးကို ရှားစေးနှင့် ပြုတ်ငုံသော် သွားခိုင်၏။ ကြစုသီးကို ငါးခွက်တစ်ခွက်တင် ကျို၍ ပျားရည်နှင့်ရောသောက်သော် အမျိုးမျိုးသော ခံတွင်း ရောဂါများပျောက်၏။

၃၁။ ကြိတ်မှန်အရွက်ကို အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးခဲ့သော် နဲ့သောသွား ခိုင်၏။

နှာခေါင်းသွေးလျှံ

၁။ ကစော့ခါး အမြစ်ကို ဆန်ဆေးရည်နှင့် သွေ၍ သောက်ပါက နှာခေါင်းသွေးလျှံခြင်း ပျောက်၏။

၂။ သံပရာ သီး လတ်လတ် ဆတ်ဆတ် အရည်ကို နှာခေါင်း တွင်း သို့ ညှစ်ထည့် ပါက နှာခေါင်း သွေးယို ခြင်း ပျောက်၏။

နား ရောဂါ

၁။ နား အတွင်းသို့ပိုးကောင်ဝင်လျှင် ကစော့ခါးသီးကို မီးရှို့ပြီး အခိုးခံပါက ပိုးထွက်၏။

၂ ။ ကျီးအာသီးကိုကြိတ်၍ အုန်းဆီနှင့် ရောကျိုပြီး ခပ်နွေးနွေး ထည့်ပေးကနားကိုက်နာနှင့်နှာခေါင်းတွင် ဖြစ်သော အနာများကို ပျောက်စေသည်။ နှာပုပ်ရောဂါတွင် နှာခေါင်း ထဲသို့ ယင်းဆီကို အစက်လိုက် ထည့်ပေးရ၏ ။

၃။ နားကိုက်တဲ့ အခါမျိုးမှာတော့ ချင်းတက်ရဲ့ သတ္ထုရည်ကို နားထဲ ခတ်ပေးလျှင် သက်သာစေပါတယ်...။

၄။ ငုနှစ်ပြုတ်ရည်ကို နား၌ ခတ်ပေးသော် နားနှင့်ပတ်သက်သော ရောဂါပျောက်၏။

၅။ ဆင်တုံးမနွယ်ကို အရည်ညှစ်၍ ကြက်သီးနွေးမျှ ပြုတ်ပြီး နား ၌ ဆေးကြောပေးပါက နားကိုက်နာဟူသမျှ ပျောက်၏ ။

၆။ ဆီမီးတောက် အရွက်မှုန့်ကို သံပရာရည်နှင့် နားတွင် ကျပ်ပေး ထည့်ပေးသော် နားကိုက်၊ နားနာ ပျောက်၏။

၇။ ဒန့်သလွန် အစေ့ ကို အမှုန့် ပြု၍ နား၌ ထည့်ပေးသော် နားကိုက်ခြင်း၊ နားပြည်ယို ခြင်း ပျောက်၏။

၈။ လတ်ဆတ် သော ဒန့်သလွန် အခေါက်ရည် ကို နား၌ ထည့်ပေး သော် နား နာကျင် ကိုက်ခဲခြင်း၊ နား ပြည်ယို ခြင်း များကို ပျောက်ကင်း စေတတ်၏။

၉။ (စားဆေး)ကြောင်လျှာစေ့အခြောက်ကို အမှုန့်ပြုလုပ်ပါ။ ၎င်းနောက နွယ်ချိုနှင့် ဆတူရောပြီး ရွေးကြီးစေ့လောက် ဆေးလုံးလေးများဖြစ်အောင် ပျားရည်စစ်စစ်ဖြင့်လုံး၍ တစ်ခါသောက် ၂ လုံး တစ်နေ့ ၃ ကြိမ်မျှသောက်ပေးပါ။

၁၀။ ကျောက်မီးပူရွက်ကို မီးနွှေးနွှေးဖြင့်အုံပြီး အရည်ညှစ်ကာအရည်လတ်လတ်ဆတ်ဆတ် ကိုယူ၍ ချက်ချင်းနားထဲသို့ အစက်ချပေးပါ။

၁၁။ ဖလံတောင်ဝှေးအပင်၏ အရွက်ကို မီးမှာနွမ်းအောင်ကင် အရည်ညှစ်ပြီး တစ်နေ့(၃) ကြိမ်ခန့် နားထဲသို့ထည့်ပေးပါ။

၁၂။ကြောင်လျှာမြစ်ကို ညက်နေအောင် အမှုန့်ပြုလုပ်၍ နှမ်းဆီစစ်စစ်နှင့် မီးမှာချက်ပါ။ပြီးလျှင် ကြက်တောင်(သို့မဟုတ်)ငှက်ခါးတောင်မွေးသန့်သန့်ဖြင့် ကျပ်ပေးပါ။နားအူ နားပင်းရောဂါဖြစ်လျှင် ကျီးတောင်ကို အုန်းဆီဆွတ်၍ ကျပ်ပေးပါ။

၁၃။ ကြောင်ပန်းရွက် သတ္တုရည်ကို နှမ်းဆီစစ်စစ်နှင့်ချက်ပြီး နားကျပ်ပေးပါ။

၁၄။ ဥသျှစ်မြစ်ကို အမှုန့်ပြုလုပ်ပြီး မုန်ညှင်းဆီနှင့်ဆူအောင်ချက်ပြီး ဆီအကြည်ကို နားကြပ်ပေးပါ

၁၅။ နမ်းဆီစစ်စစ် ၅ ကျပ်သားမှာ ကြက်သွန်ဖြူနည်းနည်းကို ဓားပြားရိုက်ထည့်၍ လေညှင်း ၂ ပွင့်ထည့်ပြီးချက်ပါ။၎င်းဆီကို ခပ်နွေးနွးနားကျပ်ပေးပါ။

၁၆။ ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့်ပေးပါ နားကိုက်ရောဂါပျောက်၏။

၁၇။ နားအူ၊ နားကိုက်၊ နားပြည်ယိုလျှင် ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့်ထည့်၍ မီးဖြင့်အပူပေးပါ။ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။

၁၈။ ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲထည့်သော် နားကိုက်ရောဂါ ပျောက်၏ ။

၁၉။ ချင်းစိမ်း သတ္တုရည်ကို မီးတွင် နွေးရုံ နွှေး၍ နား၌ ခတ်သော် နားကိုက်ရောဂါ ပျောက်ကင်း၏ ။

၂၀။ မန်ကျဉ်းပင်အရွက်ရည် ကို နှမ်းဆီနှင့် ရောချက်၍ နားတွင် အနည်းငယ် ခတ်ပေးသော် နားကိုက် နားနာ ပျောက်၏ ။

၂၁။ မရိုးရွက် ရင့်ကို ထောပတ် နှင့် သုတ်၍ မီးကင် ပြီး အရည်ညှစ်ကာ နားတွင် ထည့်သော် နားနာ ၊ နားကိုက် ပျောက်၏။

၂၂။ နားပြည်ယို ရောဂါ များအတွက် မီးကွင်းဂမုန်းအရွက်ကို မီးကင် ပြီး နားတွင်း သို့ အရည်ညှစ် ထည့်ပေး ခြင်းဖြင့် ပျောက်ကင်း၏။

၂၃။ မုန်ညင်းဆီ အနည်းငယ်ကို အအေးလွန်၍ ကိုက်သော နားနာကို ခတ်ပေးပါ က ပျောက်ကင်း၏။

၂၄။ရှားစောင်း လက်ပပ် အတွင်းသား ကို အရည်ညှစ် ပြီး မီးနွေး နွေး ပြု၍ နားတွင်းသို့ ခတ်ပေး က နားကိုက် နားနာ လျင်မြန်စွာ ပျောက်ကင်း ၏။

၂၅။ လက်ထုတ်ကြီး အခေါက်ကို အမှုန့်ပြု၍ နားတွင်းသို့ အနည်းငယ် ထည့်ပြီး နောက် အရွက်ကြိတ်ညှစ် ရည်ကို နားတွင်းသို့ ခတ်ပေးက နားကိုက် နားပြည်ယို သောရောဂါ ပျောက်၏။

၂၆။ နားအူ၊ နားလေထွက် ခြင်း များ ဖြစ်ပါက သစ်ကြံပိုး အဆီကို ခတ်ပေး လျှင် ပျောက်ကင်း ၏ ။

၂၇။ သင်္ဘော အရွက်ကို မီးအုံ၍ တို့စားခြင်း၊ လက်ဖက်ထဲ ထည့်စားခြင်း ဖြင့် နားအူ လေထွက် ရောဂါ ပျောက်၏။

၂၈။ အကြောတစ်ထောင်ပင် အရွက်ကြိတ်ညှစ်ရည်ကို နားတွင်းသို့ တစ်နေ့ ၂ ကြိမ် ၃ ကြိမ် မျှ ခတ်ပေးသော် နားကိုက်နားပြည် ယို ရောဂါ ပျောက်၏။

၂၉။ လက်ပံခါးအစေးကို နှမ်းဆီနှင့် ရော၍ နားကြပ် ပေးသော် နားကိုက်နာ ပျောက်၏ ။

၃၀။ လောက်သေ ရွက်ခြောက် ၊ ဖလံ တောင် ဝှေး ရွက်ခြောက် တို့ကို ဆတူ အမှုန့် ပြု ၍ အုန်းဆီ နှင့် ဖျော် စပ်ပြီး နေပူပူ တွင် လှန်း၍ အပေါ် ဆီအကြည်ကို နားတွင်း သို့ အစက်ချ ခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်း ပြုလုပ်ပါက နားပြည်ယို ၊ နားကိုက် ရောဂါ များ ပျောက်ရန် နားတွင်း ရှိ ပိုးများကို သေစေသည်။ လိမ်းဆေး အဖြစ် သုံးပါက ဝဲနာ၊ အနာစက်နာ ၊ အနာမီးလျှံ ၊ အိုင်းနာ ၊ ဒက်နာများ ပျောက်၏။

၃၁။ ကြောင်ပန်းရွက်ရည်တွင် နှမ်းဆီနှင့် ပျားရည် အနည်းငယ် ထည့်ပြီး နားကြပ်ပေးသော် နားပြည်ယို ၊ နားကိုက်ခြင်း ပျောက်သည်။

၃၂။ ကြောင်ရိုသေပင်အရည်ကို နားထဲသို့ ထည့်ပေးသော် နားပြည်ယိုခြင်း ၊ နားကိုက်ခြင်း ၊ နားလေထွက်ခြင်း ၊ နားအူခြင်း ပျောက်၏ ။

၃၃။ နှမ်းဆီ ငါးကျပ်သားတွင် ကြက်သွန်ဖြူ အနည်းငယ် ၊ လေးညှင်း နှစ်ပွင့် ခန့် ထည့်ပြုတ်၍ နားတွင် ပူပူနွေးနွေး ထည့်ပေးခြင်းဖြင့် နားပြည်ယို ၊ နားကိုက် ၊ နားထိုင်း ပျောက်၏။

၃၄။ ကြိတ်မှန်အရွက်ကို အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးခဲ့သော် နားပင်းသူများ အသံကြားနိုင်၏ ။

အညှော်ခံ ငန်းဆေးကြီး

၁။ ကစော့ခါး မြစ်ကိုအမှုန့််ပြုပြီး ကွမ်းရွက်ပြုတ်ရည်နှင့် သောက်ခြင်းဖြင့် အညှော်ခံ ငန်းဆေးကြီးအဖြစ် အသုံးပြု၏။

မှတ်ဉာဏ်ကောင်းစေရန်

၁။ ဖရဲသီး အစေ့ကိုအခွံခွာပြီးလေးငါးစေ့လောက်မနက်ဘာမှမစားရသေးခင်စားပေးပါ။
ကျောင်းသူကျောင်းသားတွေစား သုံးသင့်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပါတယ်။ ဖရဲသီးအစေ့မှာ ပရိုတင်း၊ အက်မီနိုအက်ဆစ်၊ဗီတာမင်ဘီ၊သံ ဓာတ်၊ ဇင့်ဓာတ်နဲ့တခြားဓာတ်တွေပါဝင်ပါတယ်။ ဒါ့အပြင်ညဘက်အိပ်မပျော်ခြင်း၊လွယ်ကူစွာ အိပ်မရခြင်း၊ခဏ ခဏသတိမေ့လျော့ခြင်းများအတွက်ဖရဲသီးဟာ အကောင်းဆုံးမှတ်ဉာဏ်တိုးဆေးပဲဖြစ်ပါတယ်။

၀မ်းချုပ်ခြင်း

၁။ ဖရဲသီးကို နေ့လည်စာနဲ့ညစာစားပြီးအချိန် စားသုံးပေးရင် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။

၂။ ဝမ်းချုပ်လျှင် ငုပင်၏ အရွက်နုကို ဟင်းချိုချက်သောက်ရ၏။

၃။ မန်ကျည်းနှင့် ငုနှစ်တို့ကို အညီအမျှယူ၍ ညဦးတွင်ရေစိမ်ပြီး ညအိပ်ရာဝင်စစ်သောက်သော် နံနက်၌ ဝမ်းကောင်းစွာ သက်ပြီးဝမ်းချုပ်ရောဂါပျောက်၏။

၄။ ဝမ်းချုပ်လျှင် နလင်ကျော်ကို သွေး၍ ဆားထည့်ပြီး သောက်နိုင်သည်။

မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)

၅။ ပုန်းညက်အခေါက် ပြုတ်ရည် သောက်ခြင်း ဖြင့် ဝမ်းသက် စေသည်။

၆။ ပဲပင်ပေါက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တဲ့ လက္ခဏာကို သက်သာစေပါတယ်။

၇။ ပျဉ်းတော်သိမ် ရွက်ကို များစွာ စားခြင်းဖြင့် ဝမ်းကို သက်စေသည်။

၈။ မန်ကျည်းသီးမှာ ပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် ဝမ်းချုပ်တတ်သူတွေ အနေနဲ့ ဝမ်းပျော့ပျော့ သွားစေတယ်လို့ ဆိုကြပါတယ်။ မန်ကျည်းသီးမှာ အမျှင်ဓာတ်လည်း များစွာ ပါဝင်တာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တာပါ။

၉။ လေးညှင်းပွင့် နှင့် ကနခို တို့ကို ညက်ညက် ကြိတ်၍ လုံးပြီး အရိပ်၌ အခြောက်လှန်း၍ ရေနွေးနှင့် သုံးဆောင်ပါက ဓာတ်ချုပ်ခြင်း၊ စမြင်းခံခြင်း၊ သလိပ် ကျပ်ခဲခြင်း တို့ပျောက်၏။

၁၀။ ဝမ်းသက်ဆေးအဖြစ် ကြံဟင်း အမြစ်ခေါက်ကို ကြိတ်၍ နို့နှင့် သောက်ရ၏ ။

၁၁။ ဇော်ဂျီတောင်ဝှေးပင် အမြစ်ကို ပြုတ်သောက်က ဝမ်းကောင်းစေ၏ ။

ချောင်းဆိုးရောဂါ

၁။ ချောင်းခြောက်ဆိုးနေရင်ဖရဲသီးအရည်ကိုဆား ခပ်ပြီးသောက်ပေးပါ။

၂။ ခရေပွင့်ကို တစ်ညလုံးရေစိမ်၍ နံနက်တွင်ထို စိမ်ရည်ကိုစစ်ပြီးကလေးအားတိုက်လျှင်ချောင်းဆိုးရောဂါပျောက်၏။

၃။ ဒန္တသုခ ပဉ္စ ငါးပါး ပြုတ်ရည် တွင် သကြား ထည့်သောက် က ချောင်းဆိုး သွေးပါ ရောဂါ ပျောက်၏၊

၄။ နှာစေး အအေးမိ ချောင်းဆိုး ရောဂါ ဖြစ်လျှင် ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သားရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ထိုဆီကို ရေနွေးအကြမ်းပန်းကန်တလုံးထဲသို့ဆီနှစ်စက်သုံးစက်ချပေးပြီး ပူပူလေးမှုတ်၍ သောက်ပေးပါကနှာစေးအအေးမိ ချောင်းဆိုးရောဂါများ ပျောက်စေပါသည်

၅။ လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုးလျှင် ပင်စိမ်းပွင့် ကို ချင်းခြောက်၊ကြက်သွန်နီနှင့်ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။

၆။ ချောင်းဆိုးလျှင် ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။

၇။ ချင်းစိမ်းရည်နှင့် ပျားရည်ရောစပ်၍ လျက်ပေးပါက နှာစေးချာင်းဆိုး ၊ ပန်းနာရင်ကျပ် ပျောက်၏ ။

၈။ ငရုတ်ကောင်းစေ့ကို အမှုန့်ပြုပြီး ပျားရည်နှင့် ရော၍ လျက်ပါက ချောင်းဆိုးရောဂါ၊ ပန်းနာရင်ကျပ် ရောဂါများကို ပျောက်ကင်း၏။မိခင်များ နို့ထွက်၏။

၉။ စံကားဝါအခေါက်မှုန့်ကို ပျားရည်နှင့် ရောလျက်သော် ချောင်းခြောက်ရောဂါ ပျောက်ကင်း၏။

၁၀။ တရုတ်နံနံကို ကွမ်းရွက်ထဲတွင်ထည့်၍ အရည်ကို ငုံထားပါက ချောင်းခြောက် ၊ ချောင်းစိုရောဂါ ပျောက်၏။

၁၁။ စမုန်စပါးကို စားသုံးခြင်းဖြင့် သလိပ် ၊ လေကို ပယ်၍ ချောင်းဆိုးခြင်း ၊ အန်ခြင်းတို့ကို ပျောက်ကင်း စေနိုင်၏ ။

၁၂။ ဆိတ်ဖလူးအခေါက်ကို ကွမ်းယာ၌ ထည့်စားသော် ချောင်းဆိုးပျောက်၏ ။

၁၃။ ပင်စိမ်း ရွက်ကို ကြိတ်ညှစ်၍ ရသော အရည်သည် ချောင်းဆိုး ရောဂါ ၊ အရေပြား ရောဂါ ၊ မစားချင် မသောက်ချင် ဖြစ်ခြင်း နှင့် အစာအိမ် ရောဂါ ကြောင့် ဗိုက်နာသော ဝေဒနာ တို့အား ပျောက်ကင်းစေသည်။

၁၄။ ပတဲကောကြီး မြစ်ကို ချင်းစိမ်းအရည်၊ ပျားရည်နှင့် လျက်ပေးက ချောင်းဆိုး ရောဂါ ပျောက်၏။

၁၅။ ပရန္နဝါ အမြစ်မှုန့် ကို သကြားနှင့် စားသော် ချောင်းခြောက်ဆိုး ခြင်းနှင့် ကြက်ညှာ ချောင်းဆိုး ခြင်းနှင့် ကြက်ညှာ ချောင်းဆိုး ခြင်းများ ပျောက်၏ ။ ပျားရည်နှင့် လျက်ပေးသော် ပန်းနာ ရောဂါ ပျောက်၏ ။

၁၆။ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ လည်ချောင်း နာခြင်း စသော ရောဂါ များအတွက် ဖာလာစေ့ ကို ကြိတ်၍ ပျားရည် သို့မဟုတ် သကာနှင့် ရောလျက် ပေးရသည်။

၁၇။ မီးကွင်း ဂမုန်းကို ထောင်း၍ ရသော အရည်နှင့် သကြား အနည်းငယ် ရောပြီး ဇွန်းသေး တစ်ဇွန်းခန့် တစ်နေ့ သုံးကြိမ် သောက်သော် သလိပ်ကပ် ချောင်းဆိုး ရောဂါ ပျောက်၏ ။

၁၈။ မြင်းခွာရွက် အမှုန့် ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ ၊ အဆုတ်နာ ရောဂါ ပျောက်၏။

၁၉။ ချောင်းခြောက် ရောဂါ အတွက် ရှဉ့်မတက်ဥ၊ မုယားကြီးရွက် သကြားခဲ ရော၍ သောက်ရ၏။

၂၀။ လိပ်ဆူးရွှေအရွက်ကို ကြိတ်၍ ရသော အရည်တွင် ပျားရည် သို့မဟုတ် သကြား သို့မဟုတ် ရေနွေးနှင့် ရော၍ ကြွေဇွန်းငယ် ၂ ဇွန်းမျှ တိုက်သော် ကလေးများ ချောင်းဆိုး ဖျားနာ သလိပ် ထကြွခြင်း များပျောက်၏။

၂၁။ သံပရာ ရည်ကို သကြားခတ် ၍ သောက်ပါက အဆီများ ၍ ချောင်းဆိုးခြင်း ၊ သည်းခြေ အားနည်းခြင်း ၊ အဆစ်အမျက် ကိုက်ခြင်း များ ပျောက်ကင်း၏။

၂၂။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။

၂၃။ သပြု အသီးကို သကြားခဲ နှင့် ဖျော်ရည် ပြုလုပ်ပြီး သောက်ပါက ချောင်းဆိုး ရောဂါ နှင့် အပူလွန် ခြင်း အပြင်း ဖျား ခြင်း တို့ကို ပျောက်ကင်း စေ၍ ဝမ်းကို စင်ကြယ် စွာသွား စေ၏။

၂၄။ သင်္ဘောမဲဇလီအရွက် နှင့် မုရားကြီး ရွက်ရော၍ မြုံ့ခြင်း၊ အရည်ကို မျိုပေးခြင်းဖြင့် ချောင်းခြောက် ရောဂါ ပျောက်၏။

၂၅။ချေးသီးကို မီးပေါ်၌ တင်၍ ထွက်လာသောအဆီများမှ အဆီ ၃ စက်ခန့်ကို နွားနို့နှင့်ရောသောက်သော် ချောင်းဆိုး ရောဂါ ပျောက်၏။ ချေးသီးအဆီ အစက် ၂ စက်မျှ ည နံနက် တိုက်ပေး သော် ကလေးများ သလိပ်ကျပ်ခဲခြင်း၊ချောင်းဆိုးခြင်း ပျောက်၏။

၂၆။ ပျားရည် ၊ ရှောက်ရည် ၊ ဇဝက်သာ သုံးမျိုး ရောသောက် က ချောင်းဆိုး ၊ ရင်ကျပ် ၊ သလိပ်ကပ် ၊ ပန်းနာ ပျောက်၏။

၂၇။ အောင်မဲဖြူ အဖိုမြစ်၏ ကြိတ်ညှစ်ရည်ကို နွားနို့အေး နှင့် ရောသောက်သော် နာတာရှည် ချောင်းဆိုး ရောဂါ ပျောက်၏။

၂၈။ ကြက်သွန်ဖြူ ကို အရည်ပြု၍ သောက်ခြင်း ၊ စားခြင်းဖြင့် ချောင်းဆိုးရောဂါ ၊ ဝမ်းဖော ၊ ဝမ်းရောင်နှင့် ဝမ်းဗိုင်တွင် ဖြစ်ပေါ်တတ်သော အနာရောဂါများ ပျောက်၏။

၂၉။ ကြက်သွန်ဖြူအရည်ကို ရေအနည်းငယ်နှင့် သကြားရောပြီး လက်ဖက်ရည်ဇွန်း တစ်ဇွန်း ခန့် တိုက်ပေးက ကြက်ညှာ ချောင်းဆိုးရောဂါ ပျောက်၏ ။

ကျောက်ကပ် ကျောက်တည် ရောဂါ

၁။ ဖရဲသီး အရည်ကို သကြားတစ်ဇွန်း(လက်ဖက်ရည်ဇွန်း)နဲ့ ခပ်ပြီးသောက်ပေးပါကကျောက်ကို သန့်စင်စေပါတယ်၊ ဂျိုးတွေကျစေပါတယ်၊ ကွမ်းစားလို့ကျောက်ကပ်မှာထုံးတွေတည်နေတာတွေကျစေပါတယ်။

၂။ ခံတက်ပင်၏အမြစ်ခေါက်ကို ၄ ခွက် တစ်ခွက်တင် ပြုတ်သောက်သော် ဆီးချို၊ ကျောက်တည်ရောဂါ ပျောက်၏။ ယင်းပြုတ်ရည်တွင် ကြံသကာ ရောသောက်သော်ဆီးအိမ်ရောင်ရောဂါနှင့်ကျောက်တည်ရောဂါ ပျောက်၏။

၃။ ကညွတ်အမြစ်အရည်ကို နွားနို့နှင့် အလေးချိန်တူ ရော၍ သောက်ပါကကြာရှည်စွာ စွဲကပ်နေသော ကျောက်တည်ရောဂါ ပျောက်ကင်း၏။အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကိုလည်းပျောက်ကင်းစေနိုင်သည်။

၄။ မရိုးပွင့် အစိုကို ကြိတ်၍ နွားနို့ နှင့် နေ့စဉ် သောက်သော် ကျောက် တည်ရောဂါ ပျောက်၏ ။

၅။ ရှဉ့်မတက်ဥ ကြိတ်ညှစ်ရည်တွင် နွားနို့ ရောသောက်သော် ကျောက်တည် ရောဂါ ပျောက်၏။

၆။ လက်ထုတ်ကြီး အခါးခေါက်ကို ဒိန်ချဉ်ရည် နှင့် သွေးသောက်သော် ကျောက်တည် ရောဂါ ပျောက်၏။

၇။ လက်ထုတ်ကြီး မြစ်နှင့် ဇဝက်သာကို အမှုန့်ပြု၍ နွားနို့ သို့မဟုတ် ဆန်ဆေးရည် နှင့် သောက်သော် ကျောက်တည် ရောဂါ ပျောက်၏။

၈။ သိကြားမကိုဋ်အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ ခတ်၍ သောက်ခြင်းဖြင့် ကျောက်ကပ်ရောဂါ၊ဆီးရောဂါ၊အဆစ်အမြစ်ကိုက်ရောဂါ များ ပျောက်၏။

၉။ ဟင်းနုနယ်ဆူးပေါက်အရွက်ကို ဟင်းချက်စား က ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်၏။

၁၀။ ကျောက်ဖရုံအသီးရည်တွင် ရှိန်းခိုနှင်ဂျုံပြာဆား အနည်းငယ်ထည့်သောက်သော် ဆီးအိမ်ရောင်ခြင်း ပျောက်၍ ကျောက်ကပ် တွင်တည်သော ကျောက်ကို အရည်ပျော်၍ ကျစေ၏ ။

၁၁။ ရှောက်သီး အမြွှာနှင့် သိန္ဓော ဆား ရော၍ နံနက် ည နေ့စဉ် သောက်သုံးက ဆီးအိမ် နှင့် ကျောက်ကပ် တွင် ဖြစ်တတ်သော ကျောက်တည် ရောဂါ ပျောက်ကင်း ၏။

၁၂။ ကျောက်တည် ရောဂါ အတွက် ကြံဟင်း ကြိတ်ညှစ်ရည် ကို နွားနို့ သကြားနှင့်ရော၍ သောက်ရ၏။

၁၃။ ဇော်ဂျီတောင်ဝှေးရွက်ကို လူနို့နှင့် ပြုတ်သောက်ပါက အဆုတ်ရောင်ခြင်း ၊ အသည်းရောင်ခြင်း နှင့် ကျောက်ကပ်တွင်ဖြစ်သော ရောဂါများ ပျောက်၏ ။

သွေးတိုးရောဂါ

၁။ သွေးတိုးသမားတွေအတွက်ဖရဲသီးအစေ့ကိုဖျော်ရည်လုပ်ပြီး သောက်ပေးရပါတယ်။ ဖရဲသီးအစေ့ကိုနေလှန်း ပြီးတစ်ရက်ထားပါ၊ ပြီးရင်လက်ဖက်ရည်ဇွန်း (၂)ဇွန်းစာ အစေ့ကိုယူပြီး ရေနွေးနဲ့တစ်နာလောက်ပြုတ်ပေးပါ၊သုံး ပုံတစ်ပုံကျန်မှ အရည်နဲ့စစ်ပြီး အဲဒီ့အရည်ကိုမနက်တိုင်းဘာအစာမှမစားရသေးခင်သောက်သုံးပေးရပါတယ်။ ကျန်တဲ့တဲ့ နေ့ခင်းဘက်အချိန်တွေသောက်ရင်လည်းရပါတယ်။ မနက်ပိုင်း ဘာအစာမှမစားရသေးခင်သောက်တာဟာ အကောင်းဆုံးအကျိုးသက်ရောက်မှုရှိစေပါတယ်။

၂။ ဒန့်သလွန် ရွက်ကို ၃ ခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျ၏။

၃။ ပရုတ်အေး အရွက် ပေါင်းခံရည် သောက်သော် သွေးတိုး ရောဂါ ပျောက်၏။

၄။ မန်ကျည်းသီးမှာ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ နှလုံးခုန်နှုန်းကို ဟန်ချက်ညီအောင် ထိန်းပေးပြီး ဆိုဒီယမ်ရဲ့ အာနိသင်ကို ထိန်းချုပ်ပေးကာ သွေးတိုးကို ကျစေပါတယ်။

၅။ မြင်းခွာရွက် ကို အခြောက် ပြုလုပ်၍ လက်ဖက်ရည် ခါး သဖွယ် သောက်သုံး ခြင်း ဖြင့် သွေးတိုး ရောဂါ ကို သက်သာ စေ၏ ။

၆။ ရဲယိုရွက် ကိုပြုတ်၍ တို့စားလျှင် လေချုပ် ရောဂါ၊ ဝမ်းဗိုက်နာ ရောဂါ၊ အာခေါင် ပူလောင် သောရောဂါ၊ သည်းခြေ ဖောက်ပြန်သော ရောဂါနှင့် သွေးတိုး ရောဂါ ပျောက်ကင်း၏။

၇။ ဧကရာဇ်ပင် အရွက်ကို ပြုတ်၍ သုပ်စားလျှင် လည်းကောင်း၊ ကြော်စား လျှင်လည်းကောင်း မီးယပ် ငုပ်ခြင်းနှင့် သွေးတိုး ရောဂါ ပျောက်၏။

၈။ ကြောင်ရိုသေပင်အရွက်ခြောက်ပြုတ်ရည်ကို တိုက်လျှင် အသက်ရှူလမ်းကြောင်း တစ်လျှောက်၌ ရှိသော အညစ်အကြေးပိတ်ဆို့ခြင်းကို ရှင်းလင်း စေပြီး အသက်ရှူပြွန်တံ ရောင်ခြင်းကို သက်သာစေ၏ ။ ပန်းနာရောဂါ ၊ မီးယပ်ကွက်ပေါ်သောရောဂါ ၊ သွေးတိုးရောဂါတို့ကို လည်း ပျောက်စေ၏။

၉။ ကြောင်ရိုသေပင်အရွက်ကို ချက်ပြုတ်စားသောက်ပါက ပန်းနာရောဂါ ၊ မီးယပ်ကွက် ပေါ်သောရောဂါ ၊ သူငယ်နာရောဂါ ၊ သွေးတိုးရောဂါများ ပျောက်ကင်းစေသည်။

၁၀။ ကြက်သွန်ဖြူကို နေ့စဉ် စားသုံး ခြင်းအားဖြင့် သွေးတိုးရောဂါကို ပျောက်ကင်းစေနိုင်သည်။ ကြက်သွန်ဖြူဥတစ်လုံးဥကြီး ၇ လုံးကို နွားနို့စစ်စစ် ၄၀ သားတွင် ထည့်၍ ဆူအောင် ကျိုပြီး ၁၀ မိနစ်ခန့် အအေးခံပါ။ နောက်တစ်ကြိမ်ဆူအောင် ထပ်တည်၍ သောက်ပါက သွေးတိုးရောဂါပျောက်၏။

အအေးမိ၊ တုတ်ကွေး ရောဂါ

၁။ ကြက်သွန်ဖြူကို နေ့စဉ် ပုံမှန်စားသုံးသူများ အနေဖြင့် အအေးမိရောဂါ ၊ တုပ်ကွေးရောဂါ နှင့် ကပ်ပါးပိုးဆိုင်ရာရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ကြောင်း တင်ပြအပ်ပါသည် ။

၂။ ချင်း နဲ့ ထန်းလျက်ကို သုံးခွက်တစ်ခွက်တင် ရောကျိုပြီး သောက်သုံးပါက ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်ပေါ်တတ်တဲ့ တုတ်ကွေး၊ ချောင်းဆိုး၊ ချမ်းစိမ့်စိမ့် ဖျားတဲ့ ရောဂါများပျောက်ကင်းစေပါတယ်...။

၃။ အအေးမိ၊ နှာစေး၊ ချောင်းဆိုး လျှင် ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင်ကျိုပြီး ပူပူလေးသောက်ပေးပါ။တုပ်ကွေးရောဂါများကိုပင် ပျောက်ကင်းစေနိုင်ပါသည်။

၄။ တုပ်ကွေး ရောဂါ ၊ ချောင်းဆိုး ရောဂါ ၊ သုက်ခန်း ခြောက်ခြင်း ၊ သွေးဝမ်း ပိတ်ဝမ်းကိုက်ခြင်း တို့တွင် သစ်ကြံပိုး အခေါက်ကို သွေး၍ အခြား ဆေးတို့နှင့် ဖက်စပ် တိုက်နိုင်သည်။

၅။ တုပ်ကွေးဖျား သို့မဟုတ် အဖျား ရိုးရိုးဖြစ် လျှင် ပေါက်ပန်းဖြူ ရွက်ကို ကြက်သွန်နီနိုင်နိုင် နှင့် ကြော်စားပါက ပျောက်၏ ။

ပန်းနာ၊ ရင်ကျပ် ရောဂါ

၁။ ကျီးအာသီး အသီးခြောက်ကို ချေး၍ ဆေးလိပ် ၊ ဆေးတံတွင် ထည့်သောက်ခဲ့သော် ပန်းနာ၊ ရင်ကျပ်ရောဂါပျောက်ကင်း၏ ။

၂။ ပန်းနာ ရောဂါ အတွက် ဒန့်သလွန် မြစ်ကို ကြိတ်၍ ရသော အရည်ကို ချင်းရေနှင့် ရောသောက် ရ၏။

၃။ ပရုတ်နှင့် ရှိန်းခိုကို ရောလုံး၍ ပန်းနာ ထချိန်တွင် တိုက်ကျွေးသော် ပန်းနာထခြင်း ရပ်သွား၏။

၄။ အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ=မျောက်သားကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့်ကြော်စားပါ။

၅။ ကပ်စေးနဲ(နွားမြီးကပ်)အမြစ်မှုန့်ကို နွားနို့များများနှင့် အမြှပ်ထအောင် မွှေ၍ တစ်နေ့ ၂ ကြိမ်သောက်သော် ပန်းနာ ချောင်းဆိုးရောဂါပျောက်၏ ။

၆။ ကျွဲကျောင်းမင်ဆေးကို ပြုတ်၍ သောက်လျှင် ပန်းနာ ၊ရှိုက်နာ၊ ပြွန်ချောင်းများရောင်တင်းသောရောဂါပျောက်၏။ ကလေးများ အတွက်မူ ချောင်းဆိုးရောဂါ၌ သုံးရသည်။

၇။ ခန်းတောက်မြစ်၊ ငရုတ်ကောင်းတို့ကို ညက်အောင် ကြိတ်၍ ပဲစေ့မျှလုံးထားပြီး နံနက် ည တစ်လုံးစီ သောက်သော် သလိပ်၊ချောင်းဆိုး၊ပန်းနာရင်ကျပ် ရောဂါပျောက်၏။

၈။ ခန်းတောက်မြစ်၊ရွှေတံတိုင်းမြစ်ခေါက်နှင့် ဘောက်ခွေးမြစ်ခေါက်တို့ကို အမျှယူ၍ အမှုန့်ပြုပြီး အခိုးအဖြစ် ရှူပေးသော် ပန်းနာ ရင်ကျပ်ရောဂါနှင့် ချောင်းဆိုး ရောဂါပျောက်၏။

၉ ။ နံနံစေ့ကို ဆန်ဆေးရည် တွင်စိမ်၍ သကြားသင့် ရုံရောပြီး တိုက်ပါက ကလေးများ ချောင်းဆိုး ပန်းနာ ပျောက်ကင်း၏ ။

၁၀။ ကွမ်းရွက် ညှစ်ရည်တွင် ချင်းပြုတ်ရည် နှင့် သိန္ဓောဆား အနည်းငယ်ထည့်သောက်က ပန်းနာရင်ကျပ် ၊ ရင်အောင့် ရင်ကယ် ၊ ကြက်ညှာချောင်းဆိုးများ ပျောက်၏ ။

၁၁။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင်ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ ဝေဒနာတို့ကို သက်သာစေပါတယ်။

၁၂။ ဂမုန်းကြက်သွန်ဖြူ(မချစ်ဥ)ကို အမှုန့်ပြု၍ လိမ္မော်ခွံနှင့် ပြုတ်ပြီးသောက်ခြင်းဖြင့် ပန်းနာရောဂါ နူနာရောဂါများ ပျောက်ကင်းစေ၏။

၁၃။ပဒိုင်းရွက် ကို ပါးပါး လှီး နေလှန်းပြီး ဆေးလိပ် ကဲ့သို့ လိပ်၍ သောက်ရှူ သော် လတ်တလော ပန်းနာ ရင်ကျပ် ဝေဒနာမှ သက်သာ စေ၏။

၁၄။ မရိုးရွက် ကြိတ်ညှစ် ရည်ကို ဆား အနည်းငယ် ထည့်သောက်သော် သလိပ်နာ ၊ ပန်းနာ ၊ ဝမ်းဗိုက်နာ ၊ ဝမ်းရောင်နာ များ ပျောက်၏ ။

၁၅။ မုရားကြီး အမြစ် သို့မဟုတ် အရွက် ကြိတ်၍ ရသော အရည်တွင် သကြားခဲ နှင့် သိန္ဓော သင့်ရုံ ထည့်၍ တစ်ခွက်စာ ကြွေဇွန်းကြီး တစ်ဇွန်း သောက်က ပန်းနာ ရင်ကျပ် နှင့် ချောင်းဆိုး ရောဂါ ပျောက်၏။

၁၆။ ယူကလစ်အရွက်ကို ပြုတ်၍ အခိုး အငွေ့ ရှူရှိုက် သော် ပန်းနာ ကြောင့် ရင်ကျပ်ခြင်း ပျောက်၍ အသက်ရှူ လွယ်လာ၏။

၁၇။ ရင်းပြားနီမြစ်မှုန့် ၁ ဆ၊ ချင်းခြောက်မှုန့် ၁ ဆ ကို ချင်းစိမ်းရည် နှင့် ရောလျက် သောက်သော် ချောင်းရိုးရိုး ဆိုးခြင်း၊ ပန်းနာ၊ ကြက်ညှာ၊ ရင်ကျပ် ချောင်းဆိုး ရောဂါ များ ပျောက်၏။

၁၈။ ရဲယိုအသီးကိုပျားရည်နှင့် ခေါက်စားလျှင် ချောင်းဆိုး ရောဂါနှင့် ပန်းနာ ကို ပျောက်စေသည်။

၁၉။ သစ်ဆိမ့်သီးးခွံ ကိုသွေး၍ ပျားရည် နှင့် လျက်သော် ပန်းနာ ၊ ရင်ကျပ် ၊ ချောင်းဆိုး ပျောက်၏။

၂၀။ သီးသီး အစိမ်းရည်ကို တစ်နေ့ တစ်ကြိမ် သောက်က ပန်းနာ ရင်ကျပ် ပျောက်၏။

၂၁။ သင်္ဘောမဲဇလီအဖူးနှင့် အရွက်ကို ပြုတ်သောက် ပါက အသက်ရှူ ပြွန်ချောင်း ရောင်သော ရောဂါနှင့် ပန်းနာ ရောဂါကို သက်သာစေ၍ ဝမ်းကို သက်စေပြီး ဆီးကို များစေသည်။ သလိပ် ကိုလည်း ကျစေ နိုင်၏။

၂၂။ ကျောက်ဖရုံမြစ်မှုန့်ကို ရေနွေးနှင့် သောက်လျှင်ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကျပ် ရောဂါ ပျောက်၏။

၂၃။ ဗောဓိညောင် အသီးခြောက်ကို ကြိတ်၍ ရေနှင့် ရောပြီး အနည်းငယ်ခန့် သောက်သော် ပန်းနာ ၊ ရင်ကျပ်ရောဂါ ပျောက်၏ ။

၂၄။ ဗောဓိညောင် အမြစ်ကို သိန္ဓောဆားထည့်ပြုတ်ပြီး ပြုတ်ရည် အနည်းငယ်ကို သောက်ပေးက ပန်းနာရောဂါ ပျောက်၏ ။ ချွဲကို လည်း ကျစေသည်။

၂၅။ ဗောဓိညောင် အမြစ်မှုန့် နှင့် ချင်းမှုန့်ရောစားက လေနှင့် ပန်းနာ ၊ ချောင်းဆိုး ၊ ထိုးအောင့်ခြင်း ၊ အော့အန်ခြင်း နှင့် ဆင်ခြေထောက်ရောဂါများ ပျောက်၏ ။

၂၆။ ကြောင်ရိုသေပင်အရွက်ခြောက်ပြုတ်ရည်ကို တိုက်လျှင် အသက်ရှူလမ်းကြောင်း တစ်လျှောက်၌ ရှိသော အညစ်အကြေးပိတ်ဆို့ခြင်းကို ရှင်းလင်း စေပြီး အသက်ရှူပြွန်တံ ရောင်ခြင်းကို သက်သာစေ၏ ။ ပန်းနာရောဂါ ၊ မီးယပ်ကွက်ပေါ်သောရောဂါ ၊ သွေးတိုးရောဂါတို့ကို လည်း ပျောက်စေ၏။

၂၇။ ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။

၂၈။ ကြောင်လျှာအသီးကို ကြက်သားနှင့် ချက်စားပါက ပန်းနာရောဂါ ပျောက်၏ ။

၂၉။ ကြစုသီးကို ထုခြေ၍ ဆေးတံတွင်ထည့်သောက်သော် ပန်းနာရောဂါ ပျောက်၏။

သလိပ် ကြေ

၁ ။ ကျီးအာမြစ်ကို သွေး၍ လျှာတွင် ပွတ်ပေးလျှင်တစ်ခဏချင်းပင် သလိပ်ကို ကြေစေ၏ ။

၂။ သလိပ်ကပ် ချွဲကျပ်= ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည်ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။

ထိပ်ကပ်နာ

၁။ ကျီးအာမြစ် အမှုန့်ကို ထိပ်ကပ်နာ ရောဂါဖြစ်လျင်ရှူရ၏ ။

၂။ နှာပိတ်၊ နှာပုပ်၊ ထိပ်ကပ်နာ ဖြစ်က နလင်ကျော်မှုန့် ရှူလျှင်ပျောက် ၏ ။ ကလေးချက် ကြိုးနာပေါ် တွင် လည်း အမှုန့်ဖြူး ပေး နိုင်၏ ။

မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)

၃။ ထိပ်ကပ်နာ ရှိသူများ ညအိပ်ရာ ဝင်ချိန် နှာခေါင်း တွင်းသို့ မုန်ညင်းဆီ အနည်းငယ် ထည့်ပေးက ပျောက်၏။

၄။ သြဇာအရွက်ကို ချေ၍ ရှူပေးသော် အမူးအမော် နှင့် ထိပ်ကပ်နာ ပျောက်၏။

၅။ ဇော်ဂျီတောင်ဝှေးပင် အမြစ်ကို သွေး၍ ရှူလျှင် ထိပ်ကပ်နာနှင့် နှာခေါင်း သွေးလျှံ ၊ သွေးကျခြင်းများ ပျောက်၏ ။

ဝမ်းရောဂါ

၁ ။ကျွန်းပင်၏အခေါက်မှုန့်ကို ရေနွေးနှင့် အတန်ကြာ စိမ်သောက်သော် အဆက်မပြတ်သွားသော ဝမ်းသွားရောဂါပျောက်၏ ။

၂။ ခရေသီး၏ အစေ့ကို ရေအေးနှင့် သွေးသောက်ခြင်း၊ ခရေသီးအမှည့်၏ အသားကိုစားပေးခြင်းဖြင့် အဆက်မပြတ်သွားသော ဝမ်းရောဂါ ပျောက်ကင်း စေနိုင်သည်။

၃။ ကလေးများ ဝမ်းဖောဝမ်းရောင်ခြင်း၊ လေထိုးခြင်းဖြစ်လျှင် ငုနှစ်ကိုသွေး၍ ကလေးချက်ပတ်လည်၌ လူးပေးပါက ပျောက်၏။

၄။ စမုန်ဖြူ ၊ ငရုတ်ကောင်း ၊ သိန္ဓောဆားတို့ကို ကြိတ်၍ ရေနွေးပူပူနှင့် သောက်သော် ဝမ်းဗိုက်နာ၊ ဝမ်းကိုက် ၊ ဝမ်းမီးနုံ့ခြင်းတို့ ပျောက်၏ ။

၅။ စမုန်ဖြူကို မိခင်နို့ရည်နှင့် ရော၍ တိုက်သော် ကလေးများ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းပျောက်ကင်း၏ ။

၆။ စမုန်ဖြူမှုန့် အနည်းငယ်ကို ဒိန်ရည်နှင့် ရောသောက်သော် ဝမ်းတွင်းပိုးများ ကျဆင်းလာသည်။

၇။ ဆီမီးတောက် အရွက်အမှုန့်ကို ထန်းလျက်နှင့်ရောစားသော် ဝမ်းတွင်းရှိတုတ်ကောင်၊ သန်ကောင်များ ကျဆင်းလာမည်။

၈။ ဇာတိပ္ဖိုလ်သီးကို ရေအေးနှင့်သွေး၍ သောက်ခြင်း ၊ တဖြည်းဖြည်းလျက်ခြင်း ၊ တစ်ကိုယ်လုံး လိမ်းနယ်ပေးခြင်းဖြင့် ကာလဝမ်းရောဂါ ပျောက်၏ ။

၉။ ဇာတိပ္ဖိုလ်သီးကို စားခြင်းဖြင့် တာရှည်စွာ အဆက်မပြတ်သွားသော ဝမ်းရောဂါ ၊ ဝမ်းမီးနုံ့ခြင်း ၊ အဖျဉ်ရောင်ခြင်း ၊ ထိုးအောင့်ခြင်းဖြစ်လျှင် ပျောက်ကင်း၏ ။

၁၀။ ဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်သော် ဝမ်းတွင်း သက်တန့် ပျောက်၏။

၁၁။ ဝမ်းဖော ၊ ဝမ်းရောင် နှင့် ရေငတ် ဝမ်းကျဖြစ် လျှင် ထမင်း ဆုပ် မီးဖုတ်စိမ် ရည်နှင့် နလင်ကျော် သွေးသောက်က ပျောက်၏ ။

မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)

၁၂။ ပရုတ်ရည်ကို တိုက်ပေး ခြင်းဖြင့် ကာလ ဝမ်းရောဂါ ဖြစ်၍ လက်ခြေများ အေးလာခြင်း ပျောက်၏။

၁၃။ ပရုတ်အေး အရွက်ရည်ကို ပျားရည်နှင့် ရောလျက် သော် ဝမ်းသက် ရောဂါ ပျောက်၏။

၁၄။ ကန်စွန်းရွက်ကို ပြုတ်သောက်ပါက ရင်ပြည့်ဝမ်းကျ ရောဂါ ပျောက်၏ ။

၁၅။ ခပေါင်းရေကြည်စေ့ကို သွေး၍ ဒိန်ချဉ်ရေဖြင့် ၇ ရက်စေ့အောင် သောက်သော် အလွန်ပျောက်ခဲသော ဝမ်းပျက်ရောဂါ ပျောက်၏ ။

၁၆။ ချင်းစိမ်းနှင့် ပင်းစိမ်း ရွက်မှ ညှစ်၍ရသော အရည်တို့ကို အမျှစပ်၍ ပျားရည်အနည်းငယ် ထည့် သောက်သော် ကာလဝမ်းရောဂါ ပျောက်ကင်း၏ ။

၁၇။ ငရုတ်ကောင်းစေ့ကို ရှိန်းခို ၊ ဘိန်းတို့နှင့်ရော၍ အမှုန့်ပြုပြီး စားပါကအဆက်မပြတ်သွားသော ဝမ်းပျက်ရောဂါ ပျောက်၏။

၁၈။ ငရံ့ပတူအရွက်ကိုပြုတ်၍ သုပ်စားခြင်းဖြင့် လေကောင်း၍ ဝမ်းမှန်စေသည်။

၁၉။ နန်းလုံးကြိုင်အခေါက်ကို ပြုတ်၍ အနည်းငယ် မျှသောက်ပါက အလွန်အမင်း သွားသော ဝမ်းရောဂါ ပျောက်၏ ။

၂၀။ နီပါးဆေးပင်(တောရဲယို)အရွက်ပြုတ် ရည်ကို မုန် ညင်းစေ့ နှင့် ရော၍ကလေးများ သွေးး ဝမ်း သွားသော် တိုက်ရ၏ ။

၂၁။ ပြည်ပန်းညိုအရွက် ကို ဟင်းချို ချက်သောက် က ပိတ်ဝမ်း ရောဂါ၊ သွေးဝမ်း ရောဂါ၊ လေရောဂါ၊အစာ မကြေ ၊ သည်းခြေ ပျက် ရောဂါ များ ပျောက်၍ အားကို ဖြစ်စေ၏။

၂၂။ မန်ကျည်းစေ့ ဆံကို သွေးသောက် သော် ဝမ်းသွားခြင်း ၊ ဝမ်းကိုက် ခြင်း ပျောက်၏

၂၃။ မန်ကျည်း စေ့ ရင့်ရင့် အခွံ ၊ဇီယာ ၊ သကြားခဲ တို့ကို အမှုန့် ပြု၍ သောက်က အရိအရွဲ သလိပ်စ ၊ သွေးစများ ပါ၍ နာကျင်စွာ သွားသော ဝမ်းရောဂါ ပျောက်၏။

၂၄။ မိဿလင် ကို ရေသင့်ရုံ နှင့် ကျို၍ သောက်သော် ပင်လယ် အူလျှောက်နာ ဖြစ်ခြင်း၊ ဝမ်းဗိုက် ထိုးအောင့်၍ ဝမ်းသွားခြင်း များ ပျောက်၏။

၂၅။ မိဿလင် ကို နံနံစေ့ နှင့် ရေထည့် ကျိုပြီး တစ်ဝက်မျှ အကျန်တွင် တစ်ခွက်စာ ကြွေဇွန်းကြီး ၂ ဇွန်းမျှ သောက်သော် ဝမ်းလျှော ရောဂါ ပျောက်ကင်း၏။

၂၆။ ရွက်ကျ ပင်ပေါက် အရွက် ကို ကြိတ်၍ ရသော အရည်ကို သောက်ပေး ပါက ကာလ ဝမ်းရောဂါ ပျောက်ကင်း ၏။

၂၇။ သံမနိုင်၊ ကျောက်မနိုင် အရွက်ခြောက် များကို ရေစိမ်၍ သောက်ပါက ဝမ်းသွား ခြင်း ၊ သွေးဆင်းခြင်း၊ မီးယပ်ဖြူ ဆင်းခြင်း စသည်တို့ကို ပျောက်ကင်း စေ၏ ။

၂၈။ သစ်ကြံပိုး အခေါက် မှုန့်ကို ရှားစေးနှင့် ဆတူ သောက်ပါက ဝမ်းသွားခြင်း ပျောက်၏။

၂၉။ သစ်ကြံပိုး အခေါက် ၌ အခံဓာတ်ခေါ်(tannin) ပါ သဖြင့် ဝမ်းပျက် ရောဂါနှင့် ဝမ်းတွင်း သွေးယိုစီးသော ရောဂါများ ၌ သုံးနိုင်၏။

၃၀။ သင်္ဘောသီး နုနုကို အခြောက်လှန်း အမှုန့်ပြုပြီး အနည်းငယ်မျှ စားသော် အဆက်မပြတ် သွားသော ဝမ်းပျက် ရောဂါ ပျောက်၏။

၃၁။ ကျောက်ဖရုံပွင့်ကို ကြိတ်စားသော် ကာလဝမ်းရောဂါပျောက်၏။

၃၂ ။ ခွေးလှေယားမြစ်ကို သုံးခွက်တစ်ခွက်တင်ပြုတ်၍ ပျားရည်နှင့် ရောသောက် သော် ကာလဝမ်းရောဂါ ပျောက်၏ ။

၃၃။ ဝမ်းဗိုက် အမြဲ ထိုးအောင့် နာကျင်၍ ဝမ်းဖြူဖြူ အရေ ကျဲကျဲများ သွားပါက လေးညှင်းမှုန့် ကို ပျားရည်နှင့် ရော၍ လျက်သော် ပျောက်၏။

၃၄။ ကြောင်ရိုသေပင်အရွက်ကို ငါးမြွေထိုးခြောက်နှင့် ကြော်စားက ဦးနှောက်ရောဂါနှင့် ဝမ်းမကောင်းခြင်း ၊ ဝမ်းပျက်ရောဂါဖြစ်ခြင်း ၊ ဝမ်းထဲ၌ ရစ်၍နာခြင်း များကိုလည်း ပျောက်ကင်းစေသည်။

၃၅။ ကြောင်လျှာအသီးကို ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါပျောက်၏။

၃၆။ ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလဝမ်းရောဂါ ပျောက်ကင်း ၏ ။

၃၇။ ကြစုသီးကို မုန့်ကျွဲသည်းကဲ့သို့ ကျိုစားသော် ဝမ်းတစစ်စစ် သက်သော ရောဂါ ၊ အစာမကြေ ဝမ်းသက်ရောဂါ ပျောက်၏ ။

ယားနာ

၁ ။ ကျွန်းပင်၏ အသီးကို ဆီနှင့် သွေးလိမ်းသော် ယားနာ ပျောက်၏ ။

၂။ ခရေပွင့်အခြောက်ကို သနပ်ခါးဖြင့် ရောသွေးလိမ်းက အပူကြောင့်ဖြစ်သောမိတ်နာ၊ ယားနာများအမြန်ပျောက်ကင်း၏။

၃။ ငုပင်၏ ပဉ္စငါးပါး(အမြစ်၊ အခေါက်၊အသီး၊အပွင့်၊အရွက်)ကို ရေနှင့် သွေးလိမ်းသော်ပွေးနာ၊ ဝဲခြောက်နှင့် သွေးဆိုးခြင်းကြောင့်ဖြစ်သော အရေပြားရောဂါတို့ကို ပျောက်၏။

၄ ။ တမာရွက်ပြုတ်၍ ရေချိုးက အယားအယံ ပျောက်၏ ။

၅။ နံ့သာဖြူ နှင့် သံပရာရည် ဖျော်လူးပါက ယားယံခြင်း ပျောက်၏ ။

၆။ ကင်း ၊ ပင့်ကူကိုက်ခြင်း ၊ ကိုယ်လက် ကိုက်ခဲခြင်း ၊ အသားကွက်၍ ယားယံခြင်း ၊ ရောင်ခြင်း များအတွက် နလင်ကျော် ကို ဆားနှင့် သွေး၍ လိမ်းလျှင် အခိုးရ ၍ ပျောက်ကင်းသည်။မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)

၇ ။ အရေပြားပေါ်တွင်ပေါက်သော အပူဖုများ၊ ယားနာများကို ကံ့ကော် ဝတ်ဆံနှင့်သနပ်ခါး ကြိတ်၍ သွေးလိမ်းပါက အနာများကို ပျောက်၏ ။

၈။ ကင်ပိမ့်အရွက်မှ ထုတ်၍ ရသော အဆီသည် အပူနာ ၊ ယားနာ ၊ နှင်းခူတို့ကို ပျောက်ကင်းစေသည်။

၉။ ကရမက်ကိုသွေးလိမ်းခြင်းဖြင့် ကိုယ်သားကိုယ်ရေကို အေးမြစေပြီး ယားယံခြင်း ပျောက်၏ ။

၁၀။ ကျွဲကျောင်းမင်ဆေး ပဉ္စငါးပါး ကြိတ်၍ ရသော အရည်ကို ပွေး၊ ဝဲ ၊ ယားနာ ၊ အရေပြားရောဂါတို့၌ သုတ်လိမ်း ပေးလျှင် ပျောက်၏ ။

၁၁။ ဆယ့်နှစ်ရာသီ အပွင့် သို့မဟုတ် အရွက်ကို ရေနှင့် နယ်ပြီး ၎င်းရေကို သံလွင်ဆီနှင့် ဆီသက်သက် ကျန်အောင် ချက်၍ ယားနာ ၊ အရေပြားနာများကို လိမ်းပေးက ပျောက်ကင်း၏ ။

၁၂။ ဆယ့်နှစ်ရာသီ အမြစ်ကို ရေနှင့် သွေးလိမ်းလျှင် ပွေးနာပျောက်၏ ။

၁၃။ ဆိတ်ဖလူးအရွက်ကို ကြိတ်၍ လိမ်းသော် ပွေးနာပျောက်၏ ။

၁၄။ ဆိတ်ဖလူးအရွက်ကို နွားနို့နှင့်ကြိတ်၍ လိမ်းသော် ယားနာ ပျောက်ကင်း၏ ။

၁၅။ဆီးဖြူသီးအခြောက် သို့မဟုတ် အစိုကို သွေး၍ သံပရာရည် အနည်းငယ်ထည့်ပြီး အရေပြားပေါ်တွင် ဖြစ်ပေါ်တတ်သော ယားယံနာ၊ ပွေးညှင်း၊ တင်းတိပ်များကို လိမ်းပေးက ပျောက်၏။

၁၆။ ပင့်ကူထိပ်ပိတ် အရွက် ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းပေး ပါက ယားယံ ခြင်းကို ပျောက်ကင်း စေ၏။

၁၇။ ဒန့်ကျွဲ စေ့နှင့် ပရန္နဝါ ရော၍ စားခြင်း ၊ လိမ်းခြင်း ပြုသော် ပွေးနာ ပျောက်၏ ။

၁၈။ အပူလွန် ၍ ယားယံခြင်းအတွက် မန်ကျည်း ရွက် ကြိတ်ညှစ်ရည် ကို လိမ်းပေးက ပျောက်၏ ။

၁၉။ မဉ္ဇူပန်းပင် အရွက်စိမ်း ကြိတ်ရည် ညှစ်ရည်နှင့် လိမ်းပေးသော် အရေ ပြား ပေါ် တွင် ယားဖု ကလေးများ ပေါက်၍ မနေနိုင် အောင် ယားယံခြင်း ပျောက်၏။

၂၀ ။ မုန်ညင်းဆီ ၊ မရိုးရွက် ရည်၊ နနွင်းတက် ၎င်းသုံးမျိုး ကို ရောချက် ၍ ဆီကျန်လျှင် စစ်ယူပြီး ပွေးနာ ၊ ယားနာများ ကို လူးပေးပါက ပျောက်ကင်းသည်။

၂၁။ လိပ်ဆူးရွှေ ပဉ္စငါးပါးကို ကြိတ်၍ နှမ်းဆီနှင့် ရောချက်ပြီး ယားနာ၊ ပွေးနာနှင့် အနာပေါက် များကို လိမ်းရ၏။

၂၂။ လိပ်ဆူးရွှေအရွက် ကြိတ်၍ ရသော အရည်ကို ခြေဖဝါး၊ ခြေချောင်း ကြား၌ ဖြစ်သော ဝဲနာ၊ ယားနာ တို့အား လိမ်းပေးလျှင် ပျောက်၏။

၂၃။ ယားနာ၊ ပွေးနာ ၊ အရေပြား ၌ အမည်းကွက် များ ပေါက်ခြင်း ၊ အမွေးများ ကျွတ်ခြင်း စသော ရောဂါ များ အတွက် သံပရာ သီးကို ထက်ခြမ်း ပြု၍ ၎င်း အခြမ်းဖြင့် နာနာပွတ် တိုက်ပေးပါ က ပျောက်၏ ။

၂၄။ သင်္ဘောသီး စိမ်းမှ ထွက်သော အစေးဖြင့် ယားနာ၊ ပွေးနာနှင့် အရေပြား ရောဂါများ ကို လိမ်းပေးက ပျောက်၏။

၂၅။ လက်ချားမှုန့် နှင့် ဖန်ခါးသီးမှုန့် ကို သင်္ဘောမဲဇလီမြစ် သွေးရည်နှင့် ဖျော်လိမ်းက ပွေးနာ ပျောက်၏။

၂၆။ ငုပင်၏ အရွက်ကို ရှာလကာရည်နှင့် ကျောက်ပြင်တွင် ကြိတ်ပြီး ထိုကြိတ်ရည်ဖြင့်လူးသော် နူနာနှင့် အခြားအရေပြားရောဂါများ ပျောက်၏။

၂၇။ စမုန်ဖြူကို ရေနှင့် ပျစ်ပျစ်ကြိတ်၍ နေ့တွင် ၂ ကြိမ် ၃ ကြိမ် လိမ်းပေးလျှင် အရေပြားရောဂါ ၊ ယားယံခြင်း ၊ ပူလောင်ခြင်းများ ပျောက်ကင်း၏။

၂၈။ ပွေးနာ၊ အရေပြား ယားနာ ဖြစ်လျှင် ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။

၂၉။ အရေပြားအနာများ= (အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သားရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။

၃၀။ ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေပါသည်။

၃၁။ ကင်ပွန်းသီးကိုကြိတ်၍ အရေပြားရောဂါကို လိမ်းပေးလျှင် ပျောက်၏။ ၇။ ဆယ့်နှစ်ရာသီ အမြစ်ကို သွေး၍ မုန်ညင်းဆီနှင့် ရောချက်လိမ်းလျှင် အရေပြားနာ ပျောက်စေ၏ ။

၃၂။ ပင်စိမ်း ရွက်ကို ကြိတ်ညှစ်၍ ရသော အရည်သည် ချောင်းဆိုး ရောဂါ ၊ အရေပြား ရောဂါ ၊ မစားချင် မသောက်ချင် ဖြစ်ခြင်း နှင့် အစာအိမ် ရောဂါ ကြောင့် ဗိုက်နာသော ဝေဒနာ တို့အား ပျောက်ကင်းစေသည်။

၃၃။ မရိုးမြစ် မှုန့်နှင့် ပျားရည် ရောသောက်က အရေပြား ရောဂါနှင့် အနာကြီး ရောဂါ ပျောက်၏ ။

၃၄။ ယူကလစ်အဆီကို အရေပြား ပေါ်၌ ဖြစ်ပေါ် တတ်သော အနာ ရောဂါများ ပေါ်တွင် လိမ်းပေးရ၏။

၃၅။ အရေပြား ရောဂါများ အတွက် မြင်းခွာ အရွက် ညှစ်ရည် ဖြင့် လိမ်းကျံ ခြင်း စားသောက် ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏ ။

၃၆။ သင်္ဘောမဲဇလီအပွင့်ကို ညက်ညက် ကြိတ်၍ လိမ်းသော် အရေပြား ရောဂါ ပျောက်၏။

၃၇။ သင်္ဘောမဲဇလီအရွက်ဖြင့် ပွေး၊ ဝဲ၊ နှင်းခူ စသော အရေပြား ရောဂါ များကို နေ့၌ ၂ ကြိမ် မှန်မှန် ရက်အတန် ကြာ ပွတ်ပေးသော် ပျောက်၏။

၃၈။ သင်္ဘောမဲဇလီအရွက်ကို ထောင်း၍ တမာရွက်ရည် နှင့် လိမ်းကျံ ပေးသော် ဝဲနာ၊နူနာ များ ပျောက်ကင်း၏။

၃၉။ ချေးသီးကို အင်တွဲနှင့်ရော၍ နှမ်းဆီဖြင့်ချက်ပြီး ယားနာ၊ခြေကွဲနာတို့ ကိုလိမ်းပေးရ၏။

၄၀။ ချေးသီးကို နှမ်းဆီဖြင့်သွေး၍ လိမ်းပေးပါက ပွေးနာများ ပျောက်ကင်း၏။

၄၁။ ဗောဓိညောင် အခေါက်ကို ရေနှင့် ထက်ဝက်ခန်းအောင် ကျို၍ လည်းကောင်း ၊ ပြုတ်၍ လည်းကောင်း သောက်သော် အရေပြားရောဂါအမျိုးမျိုးနှင့် ယားနာ ပျောက်၏ ။

၄၂။ ရေသကျည်း အခေါက် ကြိတ်ညှစ်ရည် ကို အရေပြား ရောဂါ ရှိသူများအား တိုက်ကျွေးခြင်း၊ အစေ့ ကို သွေး၍ လိမ်းကျံပေး ခြင်းပြုရ၏။

၄၃။ ရွှေနွယ်ပင် ကို ညက်အောင် ကြိတ်၍ ရေနှင့် မပျစ်မကျဲ ဖျော်ပြီး ယားနာ များကို လိမ်းပေးသော် ပျောက်ကင်း၏။

၄၄။ ကြောင်ပန်းရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် အရေပြားရောဂါကို ပျောက်ကင်းစေသည်။

၄၅။ ကြောင်ရိုသေပင်အရွက်ရည် သည် ဝဲခြောက် ၊ ပွေး ၊ ယားနာ စသော အရေပြား ရောဂါ တို့ကို ပျောက်ကင်းစေသည်။ တမာဆီနှင့် ရောလိမ်းသော် အမျိုးမျိုးသော ယားနာကို ပျောက်ကင်းစေ၏ ။

၄၆။ နွယ်သာကီ အမြစ်ခေါက် မှုန့်ကို ပွေးနာနှင့် အခြား အရေပြား ပေါ်ဖြစ်သော ယားနာများ တွင် အသုံးပြု နိုင်သည်။

၄၇။ နွယ်သာကီ အရွက် ကို အမှုန့်ပြု၍ ယားနာ၊ ပွေးနာ များတွင် လည်းကောင်း၊ ပြုတ်ရည် ကို အရောင် ကျ စေရန် လည်းကောင်း လိမ်းပေးလျှင် ပျောက်ကင်း၏။

၄၈။ နွားမြေရင်း ခေါင်းကို သွေးလိမ်းက ကိုယ်လက် ရောင်ရမ်းခြင်း၊ ယားယံခြင်း နှင့် နူနာ ဖြစ်စရောဂါ ရေယုန်၊ ဝဲစို ဝဲခြောက် ရောဂါ တို့ ပျောက်၏။

၄၉။ ကြက်သွန်ဖြူဥ တစ်လုံး၏ အောက်ပိုင်းကို လှီး၍ ထွက်လာသော အစေးရည် နှင့် ပွေး ၊ ဝဲ ၊ တင်းတိပ် ၊ ဝက်ခြံတို့ကို မကြာခဏ ပွတ်ပေးက ပျောက်၏ ။

၅၀။ ဇော်ဂျီတောင်ဝှေးပင် အမြစ်ကို သွေးလိမ်းသော် ဝဲစို ၊ ဝဲခြောက်နာ ၊ ပေါက်ခြံကွဲနာနှင့် အခြားအနာအဆာများပျောက်၏။

လေထိုး လေအောင့်

၁။ ခံတက်ချဉ်ထည့်စားခြင်း ၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့် ရောဂါပျောက်၏။

၂။ ငုပင်၏ အမြစ်ကို နွားနို့နှင့်ပြုတ်သောက် လေရောဂါ ပျောက်၏။

၃။ လေထိုး ခြင်း ၊အစာ မကြေခြင်း အတွက် ထားဝယ်မှိုင်း အရွက် ကို ပြုတ်သောက် က ပျောက်ကင်း ၏ ။

၄။ နနွင်း ကို ဆားအနည်းငယ် ခတ်၍ တစ်နေ့ ၃ကြိမ် သောက် သော် လေထိုး လေအောင့်ရောဂါ ပျောက်၏။

၅။ ပရုတ်အေး ပင်ကို ပြုတ်သောက် သော် ဝမ်းဗိုက်နာ ပျောက်ကင်း၏။

၆။ ပရုတ်အေး အရွက်ကို ပေါင်းချွေး ပြုလုပ်၍ တိုက်သော် ကလေးများ ဝမ်းဗိုက်နာ ခြင်း ပျောက်၏။

၇။ ငရုတ်ကောင်းမှုန့်ကို နွယ်ချိုျနှင့် ရောလျက်ပေးပါက လေထိုးလေအောင့်ရောဂါ၊ နှလုံးတုန် ရင်ခုန်ရောဂါ ပျောက်၏။

၈။ စံကားဝါအခေါက်ကိုပြုတ်သောက်သော် နာတာရှည် လေရောဂါ ပျောက်၏။

၉။ စမြိတ်စေ့ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ရင်ဘတ်နာ နှင့် လေထိုးလေအောင့် ၊ လေနာ သောရောဂါ ပျောက်၏ ။

၁၀။ ဆူးပုပ်အရွက်ကို စားသုံးခြင်းဖြင့် အထက်သို့ ဆန်တက်သော လေကိုလည်းကောင်း၊အောက်သို့သက်သော လေကို လည်းကောင်း ကြေစေနိုင်၏။

၁၁။ မန်ကျဉ်းပင်အခေါက်ပြာ ကို ပျားရည်နှင့် ဖျော်လျက်သော် ဝမ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်၏

၁၂။ အသီးနုကို ပြုတ်၍ သုပ်စားက လေထိုး လေအောင့် နှင့် သွေးတက်ရောဂါ ပျောက်၏။

၁၃။ လက်ထုတ်ကြီး အခေါက် ပြုတ်ရည်တွင် ဆားနှင့် ရှိန်းခို အနည်းငယ် ထည့်သောက်ပါက လေထိုး လေအောင့် ပျောက်၏။

၁၄။ သံပရာသီး အစိမ်း၏ အခွံကို စားပါက လေနာ ရင်နာ ပျောက်ကင်း၏။

၁၅။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။

၁၆။ ခွေးတောက်အရွက်ကို ဟင်းခါးချက်သောက်ခြင်း ၊ ကြော်စားခြင်းဖြင့် လေအောင့် လေထိုး ၊ ဆီးချုပ်ရောဂါများ ပျောက်၏ ။

၁၇။ ရှောက်သီး ကို ဆန်ဆေးရည် တစ်ပိဿာ နှင့် ရေခန်း အောင် ပြုတ်ပြီး နူးလျှင် ဆန်ခါ နှင့်စစ်ချ ၍ ယင်း တစ်ဆယ် သား ခန့်ကို ဆား အနည်းငယ် နှင့် မွှေ၊ နေလှန်း ၊ အမှုန့် ပြုပြီး သုံးဆောင်က လေရောဂါ အမျိုးမျိုး ပျောက်ကင်း ၏ ။

၁၈။ ကြက်သွန်ဖြူကို နှမ်းဆီတွင် စိမ်၍ ဆားအနည်းငယ် ထည့်ပြီး ထမင်းမစားမီ စားပါက လေရောဂါပျောက်၏ ။

၁၉။ ပျားရည်နှင့် ကြစုသီးမှုန့်ကို လျက်ပေးသော် လေရောဂါ ပျောက်၏ ။

ခံတွင်းနာ

၁။ ခရေပင်၏အခေါက်၊ဆီးဖြူခေါက်၊ရှားခေါက် ၃ မျိုးပြုတ်၍ငုံပေးခြင်းဖြင့် ပါးစပ်၌ မက်ခရုပေါက်ခြင်း၊ သွားဖုံး ရောင်ခြင်း၊ ပါးစပ်၌အပူလောင်ခြင်း၊ ရေစီးကမ်းပြို ဖြစ်ခြင်းစသောခံတွင်းနာအားလုံးပျောက်ကင်း စေသည်။

၂။ ဒန့်သလွန် အစေးကို ပါးစပ်၌ ငုံပေး သော် သွားပုပ်ခြင်း ပျောက်၏။

၃။ သင်္ဘောမဲဇလီအရွက် ကိုကျကျ ပြုတ်၍ ခပ်နွေးနွေး အုံပေးသော် ခံတွင်း၌ အနာ အဖုများ ပေါက်ခြင်း၊ ရောင်ရမ်းခြင်း များပျောက်၏။

၄။ ပါးစပ် ခံတွင်း၌ အဖုအပိမ့် ပေါက်သော် ကောက်ရိုးနွယ် ပြုတ်ရည်ကိုငုံပေးလျှင်ပျောက်၏ ။ ယင်းပြုတ်ရည်ဖြင့် အနာဟောင်း များကို ဖန်ရေဆေး ပေးနိုင်သည်။

၅။ ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။

၆။ နွားမြေရင်း ခေါင်းကို သွေး၍ လျှာကို ပွတ်ပေး ပါက လျှာရင်းတွင် ရှိသော အဖု အပိမ့် များပျောက် ၏။

အသံဝင် လည်ချောင်းနာ

၁။ ချင်း နဲ့ ထန်းလျက်ကို သုံးခွက် တစ်ခွက်တင်ရောကျိုပြီး သောက်သုံးပါကအသံဝင်၊ လည်ချောင်းနာရောဂါများ ပျောက်ကင်းစေပါတယ်...။

၂။ ဒန့်သလွန် မြစ်ကို ထုထောင်း ကြိတ်ခြေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်း နှင့် တစ်ဇွန်း ခန့် သောက်က အသံဝင် အသံကပ် လည်ချောင်းနာ ပျောက်၏။

၃။ပရုတ်အေး အရွက်ကိုပြုတ်သောက် သော် လည်ချောင်း နာခြင်း၊ ချောင်းဆိုး ခြင်း ပျောက်၏။

၄။ လည်ချောင်းနာ၊ အသံဝင်= ပင်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။

၅။ နံနံစေ့ကို ဝါး၍ အရည်မျို ချပါက လည်ချောင်းနာ ခြင်း ပျောက်ကင်းသည်။

၆။ မန်ကျည်းသီးကို ရေနဲ့ အရည်ဖျော်ပြီး အာလုတ်ကျင်းပေးတာက လည်ချောင်းနာတာကို သက်သာစေပါတယ်။

၇။ လင်းလေမှုန့် ကို နွားနို့ ခပ်နွေးနွေး ဖြင့် သောက်လျှင် လည်ချောင်းနာ ခြင်း ပျောက်၏။

၈။ သံပရာ ရည်ပူပူနှင့် ပျားရည်ရော ၍ နေ့အခါ နှစ်ကြိမ် မျှ လျက်ပါက လည်ချောင်းနာ ရောဂါ ပျောက်ကင်း ၏။

ကားမူး (ကားတောက်)လျှင်

၁။ ကားမူး တတ်တဲ့သူများအတွက်တော့ ခရီးမသွားခင် ချင်းတက် အနည်းငယ်ကိုဝါး
စားခြင်းဖြင့် ကားမူးတာ သက်သာစေပါတယ်..။

ဇက်ကြောတက်

၁။ ဇက်ကြော တက် တဲ့သူတွေ အတွက်တော့ ချင်းတက်လေးကို ပါးပါးလှီး မီးကင်ပြီး ဇက်ကြောတက် တဲ့ နေရာမှာ ကပ်ပေးရင် သက်သာစေပါတယ်...။

၂။ ပိတ်ချင်းသီး ကို ရေနှင့် သွေး၍ မျက်စဉ်း ခတ်ပါက ဇက်ကြော တက်ခြင်း၊ ထိုင်းမှိုင်းခြင်း ပျောက်၏။

၃။ ဇက်ကြောတက် ၊ မျက်ရိုး ကိုက် သည့် နေရာများ တွင် မုန်ညင်းဆီ လိမ်းပေးက လည်း ပျောက်ကင်း၏။

ဆီး တွင်သွေးပါသော ရောဂါ

၁။ ငုပင်၏ အသီးအနှစ်ကို သွေး၍ နေ့ဘက်တွင် ချက်၌ လိမ်းပေးသော် ဆီးအောင့်ဆီးချုပ်နှင့် ဆီး၌ သွေးပါသော ရောဂါပျောက်၏။

၂။ ဆီး၌ သွေးပါခဲ့သော် သနပ်ပစ္စည်းအရွက်ရည်ကို ဆေးခြောက် အနည်းငယ် နှင့် ရောသောက် ရ၏။

၃။ ပေါက်ပွင့်ကို ရေအေးတွင် တစ်ညလုံး စိမ်၍ နံနက်တွင် သကြား အနည်းငယ် ထည့်၍ သောက်လျှင် စအိုဝနာ ခြင်း ၊ ဆီးနှင့် ရော၍ သွေးပါခြင်း ၊ နှာခေါင်း သွေးယို ခြင်း တို့ကို ပျောက်ကင်းစေသည်။

၄။ ဆီးတွင် သွေးပါသော ရောဂါ အတွက် လောက်သေပင် အမြစ်ကို ငရုတ်ကောင်း အနည်းငယ် ထည့်ကျိုပြီး ဆီးပြွန် ချောင်းမှ ၎င်း ပြုတ်ဆေး ကို ဖန်ပြွန် ပိုက် စသည်ဖြင့် သွင်းပေး သော် ပျောက်၏။

သွေးအန်ရောဂါ

၁။ ဆင်တုံးမနွယ် လက်လေးသစ်ကို ပါးပါးလှီး၍ မကြာခဏ စားသုံးပါက သွေးအန်ရောဂါ ပျောက်၏

၂။ သွေးအန်၊ သွေးကျ၊ ချောင်းဆိုးသွေးပါရောဂါဖြစ်သူများ ဆီးဖြူသီးကို ပြုတ်ပြီးပျားရည်နှင့် စိမ်၍တစ်နေ့ သုံးလုံးမှ ငါးလုံးခန့်သုံးစွဲပေးပါက သက်သာပျောက်ကင်းစေပါသည်...။

၃။ နနွင်း ကို လက်ထုပ် ခေါက်မှုန့် နှင့် ရော၍ ရေနှင့် ကျိုပြီး ပျားရည် သင့်ရုံစပ်၍ သောက်ပါကသွေးအန်၊ သွေးလျှံ၊ သွေးဝမ်း ရောဂါ များ ပျောက်၏။

၄။ ကျွဲကျောင်းမင်ဆေး ပဉ္စငါးပါး ကြိတ်၍ ရသော အရည်ကို သောက်လျှင် သွေးအန်ရောဂါ ၊ ဝက်သက် ရောဂါ နှင့် ရင်ဘတ်အောင့်ခြင်း ပျောက်၏ ။

၅။ မီးကွင်းဂမုန်းအရိုး အရွက် တို့ကို ထုထောင်း ၍ သုံးခွက် တစ်ခွက် တင် ကျို ချက်ပြီး ရရှိသော အရည်ကို ဒိုပါလာ သကြား အနည်းငယ် ခတ်သောက်သော် သွေးအန် ရောဂါ ပျောက်၏ ။ တစ်ကြိမ်လျှင် ကြွေဇွန်း တစ်ဇွန်း ခန့် တစ်နေ့ သုံးကြိမ် သောက်ရ၏။

၆။ မုရားကြီး အပွင့် နှင့် တကွ အရွက်ကို ကြွေဇွန်း ကြီး တစ်ဇွန်း ခန့် အရည်ညှစ် ၍ သကြားခဲ သို့မဟုတ် ပျားရည် သင့် တော်ရုံ ထည့်သောက် ခြင်းဖြင့် သည်းခြေဖျား နှင့် သွေးအန် ၊ သွေးကျ ရောဂါ ပျောက်၏ ။

၇။ ကြစုသီး ကို မုရားကြီး ရွက်ညှစ်ရည် နှင့် စိမ်၍ တစ်ခွက် စာ ကြွေဇွန်း ကြီး ၃ ဇွန်း မျှ သောက်က သွေးအန် သွေးကျ ရောဂါ ပျောက်၏။

၈။ ခွေးလှေယားစေ့အနုက်ကို ဟင်းအဖြစ် ကြော်ချက်စားသော် သွေးအန် သွေးလျှံရောဂါ ပျောက်၏

၉။ ကြစုသီးမှုန့်ကို မုရားကြီးရွက်ညှစ်ရည်ဖြင့် ၇ ကြိမ်တေ၍ ၇ ကြိမ် နေလှန်းပြီး ပျားရည်နှင့် တေ၍လျက်သော်သွေးအန် ၊ သွေးလျှံရောဂါ ပျောက်၏ ။

၁၀။ ဇော်ဂျီတောင်ဝှေးပင် အရွက်ကို ရေနှင့် ကျိုသောက်က သွေးအန်သွေးကျ သွေးလွန်ရောဂါ ပျောက်၏ ။

အသက်ရှည်ဆေး

၁။ ဆင်တုံးမနွယ်ရွက်ကို လောက်သေရွက် ၊ အုန်းနှဲရွက် ၊ သင်္ဘော မဲဇလီရွက် ၊ ကုန်းထိကရုံးရွက်တို့နှင့် အမျှစပ်၍ လက်ဖက်ရည် အဖန်ကဲ့သို့ သောက်က အသက်ရှည်၍ အနာရောဂါ ကင်းစေနိုင်သည်။

၂။ ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္နဝါ မြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ် ချက်ပြီး နံနက် ည တစ်ဇွန်း စီ သောက်သော် အားအင် ပြည့်ဖြိုး ခွန်အား တိုး၍ အသက် ရှည်စေ၏။

၃။ ဆီးဖြူသီးသည် အသက်ကိုရှည်စေ၏။ ချောင်းဆိုး ၊ ပန်းနာ၊ လေနာတို့ကို ပျောက်ကင်းစေ၏။

၄။ ပရန္နဝါ ရွက်ရည်ကို နို့နှင့် ရောသောက်က ဆီးအောင့် ရောဂါ ၊ ဆီးပူ ညောင်းကျ ရောဂါ ၊ ပန်းသေ ရောဂါ နှင့် အဖျား ရောဂါ တို့ကို ပျောက်ကင်း စေရုံမျှ မက အသက် ကို ရှည်စေ၍ လူကို နုပျို အားတိုး စေနိုင်၏ ။

၅။ ဖန်ခါးသီး ကို အမှုန့် ကြိတ်ပြီး နို့နှင့် သောက်ပါက အနာ ရောဂါ ကင်း၍ အသက် ရှည်စေသည်။ အမြဲ တမ်း မမှီဝဲ သော်မှ ၇ ရက် တစ်ကြိမ် မှီဝဲ နိုင်ပါသည်။

၆။ မြင်းခွာရွက် ကို ငရုတ်ကောင်း ၊ ပျားရည်တို့ နှင့် စပ်၍ သုံးဆောင် က အသက်ရှည် ၏ ။ အနာရောဂါ ကင်း၏ ။

၇။ ရွှေနွယ်ပင် ကို တို့စရာ အဖြစ် ဖြစ်စေ ၊ ၎င်းချည်း သက်သက် ဖြစ်စေ နေ့စဉ် စားသုံးပေး ပါက ဆံမဖြူ သွားမကျိုး ပါးရေ မတွန့်ဘဲ အသက်ရှည် နုပျို ကျန်းမာ စေ၏ ။

၈။ ကြိတ်မှန်ရွက်နှင့် နှမ်းနက်ကို ဆတူယူ၍ အမှုန့်ပြုပြီး နွားနို့နှင့် အမြဲ မှီဝဲသော် အနာရောဂါ ကင်းစင်ပြီး အသင်ရှည်ကာ ဆံပင်လည်း နက်လာမည်။

မျက်စိ ရောဂါ

၁။ မျက်စိနာ၊ မျက်ရည်ပူကျ၊ မျက်စိမှုန်၊ မျက်စိဝေ၊ မျက်စိအောင့်, ပူ, စပ်စသည့်ရောဂါကို ဆီးဖြူခေါက်အား သန့်စင်စွာသွေး၍ မျက်စိပတ်ဝန်းကျင်ကို ကွင်းပေးပါက သက်သာပျောက်ကင်းစေပါသည်...။

၂။ ကွမ်းရွက်ညှစ်ရည်အား မျက်စဉ်းခတ်ပေးခြင်းဖြင့် ကြက်မျက်သင့်နာ ၊ မျက်စိနာ ၊ မျက်စိရောင်ခြင်း ၊ ကိုက်ခြင်း စသည့်မျက်စိနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်း၏ ။

၃ ။ တမာရွက် ရည်ကို မျက်စိ ၌ ခတ်ပေး ခြင်းဖြင့် မျက်စိ ယားယံခြင်း ၊ ပူခြင်း၊ မျက်ရည် ပူကျခြင်း ပျောက်၏ ။

၄။ ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၅။ မျက်စိနာ မျက်စိမှုန် ရောဂါ အတွက် နလင်ကျော် သွေးပြီး မျက်လုံးကို ဝိုင်း ၍ လိမ်းပေးရ ၏။

မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)

၆။ ပရုတ်အေး အရွက်ရည် ကို လိမ်းကျံ ပေးသော် နဖူး၊ မျက်ရိုး ကိုက်ခြင်း ပျောက်၏။

၇။ ခန်းတောက်မြစ်ကို ပျစ်ပျစ်သွေး၍ မျက်စိတွင်ကွင်းပေး သော် မျက်စိနာခြင်းနှင့် မျက်စိ၌ဖြစ်သောရောဂါများပျောက်၏။

၈။ ခပေါင်းရေကြည်အစေ့ကို သွေး၍ မျက်စိ၌ ကွင်းပေးသော် မျက်စိ မှုန်ခြင်း ပျောက်၍ အမြင်သန်လာမည်။ မျက်သား အဖြူရောင်ပေါ်တွင် ဖြစ်ပေါ်တတ်သော သွေးခြည်ဥ ရောဂါမျိုးနှင့် အခြားမျက်စိနာရောဂါများကိုလည်း ပျောက်ကင်းစေနိုင်၏ ။

၉။ ခပေါင်းရေကြည်အစေ့ကို သွေး၍ ပျားရည်နှင့် ကွင်းပေးသော် မျက်စိတိမ်သလ္လာရောဂါ ပျောက်၏ ။ မှတ်ချက်။ ။ မျက်စိတွင်းသို့ ဝင်ရောက်ပါက မျက်လုံးကွယ်တတ်သဖြင့် မျက်စိရောဂါများအတွက် အသုံးပြုရာတွင် မျက်လုံးအိမ် အတွင်းသို့ မဝင်ရောက်စေရန် အထူးသတိပြုသင့်သည်။

၁၀။ စံကားဝါအရွက်နုစိမ်ရည်ကို စစ်၍ မျက်စိတွင် ခတ်ပေးသော် မျက်စိတွင်းရှိ အညစ်အကြေးများစင်ကြယ်ပြီး မျက်စိအားနည်းရောဂါ ပျောက်၏။

၁၁။ စမုန်စပါးနှင့် သကြားကို ဆတူရော၍ ညအိပ်ရာဝင်သောက်သော် မျက်စိကြည်လင်သည်။

၁၂။ ဆီးဖြူအစေ့ကို ထုထောင်းခြေပြီးလျှင် ရေနွေးနှင့် ပြုတ်၍ မျက်စိကို ဆေးကြောပေးသော် မျက်စိ၌ ဖြစ်သောရောဂါများ ပျောက်ကင်း သက်သာစေနိုင်၏။

၁၃။ ပုန်းညက်အရွက်ကို ရေတွင် စိမ်၍ မျက်စဉ်း ခတ်ပေး လျှင် မျက်စိ ပူလောင် ခြင်း ပျောက်၏။

၁၄။ ဖန်ခါးသီး ကို ထု၍ တစ်ည ရေစိမ် ပြီး ထို ရေကြည် ဖြင့် မျက်စိ ကို ဆေးပေး ပါက မျက်စိ နာကျင် ကိုက်ခဲ ခြင်း ပျောက်၏။

၁၅။ မြင်းခွာ ရွက် အစိမ်းကို ကြိတ်၍ အဝတ်ပါးပါး တွင် ထည့်ပြီး မျက်စိပေါ် တွင် အုံပေးခြင်း ၊ သို့မဟုတ် အရည်ညှစ် ၍ မျက်စိ တွင် ခတ်ပေး ခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာ ခြင်း ၊ မျက်စိကျိန်း ခြင်း များကို ပျောက်ကင်း စေ၏ ။

၁၆။ ရင်းပြားနီအမြစ်ကို နှမ်းဆီ နှင့်ချက်ပြီး အမြှုပ် သေလျှင် စစ်ယူ၍ မျက်လုံးအိမ်၌ ကွင်းပေး၊ လိမ်းပေးသော် မျက်လုံးအိမ် ရောင်ခြင်း၊ ယားယံခြင်း နှင့် မျက်ချေး ထွက်ခြင်း များ ပျောက်၏။

၁၇။ အပူအား ကြီး၍ ဖြစ်သော မျက်လုံး ပူခြင်း၊ ယားခြင်း၊ ကျိန်း ခြင်း ၊ ရောင်ရမ်းခြင်း အတွက် ရွက်ကျ ပင်ပေါက် အရွက် သက်သက် ကို ညက်စွာ ကြိတ်၍ လည်းကောင်း ၊ အအေးလွန် ၍ ဖြစ်သော မျက်စိနာ အတွက် ၎င်း အရွက် ကြိတ်ပြီးသား တွင် နနွင်း စစ် အနည်းငယ် ထည့်ကာ ခပ်နွေးနွေး ပြု၍ လည်းကောင်း အုံပေးပါ က မျက်စိနာ ပျောက်၏။

၁၈။ ရှားစောင်း လက်ပပ် ၏ အတွင်းသား ဖြင့် မျက်စိ ကို အုံပေး ပါက မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း ပျောက်၏ ။

၁၉။ ရှားစောင်း လက်ပပ် အရွက် အတွင်းသား ကို အပေါ်မှ နနွင်း မှုန့် ဖြူး၍ မျက်စိ တွင် အုံပေးလျှင် မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း များ ပျောက်ကင်း၏။

၂၀။ သစ်ဆိမ့်သီး ကို သွေး၍ မျက်စိကို ကွင်းပေးသော် မျက်စိနာ ပျောက်၏ ။

၂၁။ ဥသျှစ်ရွက်ကို ကြိတ်၍ မျက်စိ၌ ကွင်းပေး ပါက မျက်စိနာ ရောဂါ ပျောက်၏။

၂၂။ ဧကရာဇ်ပင် အမြစ် နှင့် အခေါက်ကို သွေး၍ မျက်စိတွင် ကွင်းပေးလျှင် မျက်စိနာ ပျောက်၏။

၂၃။ ပေါက်ပန်းဖြူ ပွင့်ကို အရည်ညှစ် ၍ မျက်စိ၌ ခတ်ပေးသော် မျက်စိမှုန်ခြင်း ၊ မျက်စိဝေခြင်း ပျောက်၏ ။

၂၄။ ကြေးနီခွက် သန့်သန့်၌ လေးညှင်းပွင့် ကို ပျားရည်နှင့် ထုခြေ၍ မျက်စဉ်း ခတ်သော် မျက်စိနာခြင်း၊ မျက်လုံး၌ တိမ်ဖြူစွဲ ခြင်း ပျောက်၏။

၂၅။ အောင်မဲဖြူ အပွင့်ကို နွားနို့နှင့် ကြိတ်၍ မျက်စိကို ကွင်းပေးခြင်း၊ ခတ်ပေးခြင်း ပြုက သူငယ်နာ မျက်စိနာ ပျောက်၏။

၂၆။ ကြစုသီးကို တစ်ညလုံး ရေနှင့် စိမ်ပြီး နံနက်တွင် ယင်းစိမ်ရည်နှင့် မျက်စိကို ဆေးကြောပေးသော် မျက်စိအေး၍ အမြင်သန်၏ ။

၂၇။ ကြိတ်မှန်အရွက်ကို အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးခဲ့သော် မျက်စိအမြင်သန်၏ ။ ဆွံ့အသောသူများ စကားပြောနိုင်၏ ။ နားပင်းသူများ အသံကြားနိုင်၏ ။ နဲ့သောသွား ခိုင်၏။

သားဖွားလွယ်ကူစေရန်

၁။ ဆီမီးတောက်မြစ်ဥကို စင်ကြယ်စွာ ဆေးကြော၍ ရေနှင့်ကြိတ်ပြီး ချက်နှင့် သားအိမ်ပေါ်တွင် လိမ်းပေးပါက လျင်မြန်လွယ်ကူစွာ သားဖွားနိုင်၏။

အတွင်းကြေ ဒဏ်ရာ

၁။ တစ်စုံတစ်ရာ ထိခိုက်မိ၍ ကိုယ်ခန္ဓာ တစ်နေရာရာ၌ ရောင်ရမ်းခဲ့ သော် ဆီမီးတောက်ကို သွေးလိမ်းပေးက ပျောက်၏။

၂။ ဆူးပန်းအပွင့်ပြုတ်ရည်ကို နှာရောင်၊ ကြွက်သားရောင်ခြင်း၊ အဆစ်နာခြင်း အတွက် သုံးသည်။

၃။ ဇာတိပ္ဖိုလ်သီးကို ရေနှင့် သွေးလိမ်းပေးခြင်းဖြင့်နားရင်းရောင်
ရောဂါဖြစ်စဉ်ကရောင်တင်းသောနေရာကို ပျောက်၏ ။

၄။ အကျိတ်နာ၊ ထိခိုက် ရှနာခြင်း၊ အတွင်းကြေ ဒဏ်ရာ ရခြင်းတို့ အတွက် နနွင်းနှင့် ထုံးကို ရောစပ် လိမ်းပေးခြင်း၊ ဒဏ်ရာ မှ သွေးထွက် လွန်ခြင်းတို့ အတွက် နနွင်းမှုန့် သိပ်ပေးခြင်း တို့ဖြင့် ပျောက်ကင်း စေနိုင်၏။

၅။ စပါးလင်ကို ထုထောင်း၍ အဝတ်ဖြင့် ထုပ်ပြီး ကြပ်ထုပ် ပြုလုပ်၍ ထိုးပေးပါက ရောင်ရမ်းနာပျောက်ကင်း၏ ။

၆။ ရွက်ကျ ပင်ပေါက် ရွက်ကို မီးကင်၍ ထိခိုက် ရောင်ရမ်းနေသော ဒဏ်ရာ များကို ကပ်ပေးပါက ရောင်ရမ်း ကျဆင်း၍ ဒဏ်ရာ များ သက်သာ ပျောက်ကင်း၏။

Wednesday, November 20, 2019

လိပ်ခေါင်းရောဂါ

၁။ ဆူးပန်းအပွင့်ကိုကြိတ်၍ သကြားနှင့် ရောသောက်ပါကလိပ်ခေါင်းနှင့်ကျောက်တည်ရောဂါ ပျောက်သည်။

၂။ မြင်းသရိုက် လိပ်ခေါင်းရောဂါ အတွက် ထိကရုံးအရွက်ကို အမှုန့်ပြု၍ နို့နှင့်သောက်လျှင် ပျောက်၏။

၃။ ကြက်သွန်နီ လတ်လတ်ဆတ်ဆတ် ညှစ်၍ ကြွေဇွန်း ထက်ဝက် သကြားအနည်ငယ် ထည့်ပြီး တစ်နေ့တစ်ကြိမ် သောက်သော် လိပ်ခေါင်းသွေးပါရောဂါသက်သာ၏ ။

၄။ ငရုတ်ကောင်းစားခြင်းဖြင့် အစာကြေခြင်း ၊ လေကြေခြင်း၊ ဆီးကောင်းခြင်း၊ဝမ်းဖောဝမ်းရောင် ဖြစ်ခြင်းနှင့် လိပ်ခေါင်းရောဂါတို့ကို ပျောက်ကင်းစေသည်

၅။ မိဿလင် အစိုကို ထုခြေ၍ အိုးသစ်တွင် ထည့်ကာ ပေါင်းတိုက်ရေ ယူပြီး နံနက်ည ကြွေဇွန်းကြီး ၂ ဇွန်းကျ မှန်မှန် သောက်က အတွင်း လိပ်ခေါင်း ပျောက်ကင်း စေနိုင်၏။

၆။ လင်းလေ ဆေးခြောက်နှင့် စမုန်ဖြူ တို့ကို ဆတူ ရော၍ အတွင်းလိပ်ခေါင်း သို့ မှိုင်းတိုက်ပေး လျှင် လိပ်ခေါင်း မြင်းသရိုက် ရောဂါ ပျောက်၏။

၇။ ဒူလာ၊ လိပ်ခေါင်း ရောဂါ တို့အတွက် သက်ရင်းကြီး အမြစ်ကို သံပရာရေနှင့် သွေး၍ သောက်ရ၏။

၈။ ရွေးကလေးအစေ့နှင့် အမြစ်ကို အမှုန့်လုပ်၍ အုန်းရည်နှင့် သောက် သော် လိပ်ခေါင်း ရောဂါ ပျောက်၏။

မှတ်ချက်။ ။ ရွေးကလေးပင်သည် အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။

အရူးရောဂါ

၁။ ဆူးပန်းအစေ့ကို အမှုန့်ပြု၍ နွားနို့နှင့်သောက်ပါက အရူးရောဂါ ၊ လေဖောက်ပြန်သောရောဂါ ၊ ယားနာ ပျောက်၏။

၂။ ဝါပွင့်ကို ရှာလပတ် ရည်လုပ် သောက်သော် စိတ်နောက်ခြင်း၊ ရူးသွပ်ခြင်း ပျောက်၍ စိတ်ကို ရွှင်လန်း စေသည်။

၃။ ပေါက်ပန်းဖြူ အရွက်ကို အရည်ညှစ်၍ ချင်းခြောက် ၊ ပိတ်ချင်း ကြံသကာ တို့နှင့် ဆတူရော၍ ရှူပေးပါက စိတ်ဖောက် ပြန် ပျံ့လွင့်သော ရောဂါ ပျောက်၏ ။

ပျို့အန်သော ရောဂါ

၁။ ဇာတိပ္ဖိုလ်သီးကိုရေအေးနှင့်သွေး၍ လျက်ခြင်းဖြင့်ပျို့အန်သော ရောဂါဖြစ်လျှင် ပျောက်၏ ။

၂။တရုတ်နံနံနှင့် လေးညှင်းပွင့်ထိပ်ဖူးကိုကြိတ်၍ပျားရည်နှင့်ရောစားပါကအော့အန်သောရောဂါ ပျောက်၏

၃။ ရင်းပြားမြစ်၊ ချင်းခြောက် နှင့် နံနံစေ့ တို့ကို အညီစု၍ ရေထက်ဝက်ခန်း ကျိုပြီး အနည်းငယ် မျှစီ ည နံနက် သောက်သုံးပေး သော် ရင်ပြည့် ရင်ကယ် ပျို့အန်ခြင်း များ ပျောက်၏။

၄။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။

၅။ လေးညှင်းပွင့် ကို ရေနှင့် ကြိတ်၍ ခပ်နွေးနွေး ပြုပြီး သောက်သော် ရေငတ်ခြင်း၊ ပျို့အန်လိုခြင်း၊ လျှာခြောက်ခြင်း၊ ချွဲခြင်း၊ အရသာ မပေါ်ခြင်း များပျောက်၏။

၆။ အစာ(နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာအဖြစ် ငှက်ပျောသီးကို စားပေးတာဟာ ပျို့အန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။

ဝက်ခြံ

၁။ ဇာတိပ္ဖိုလ်သီးကို သွေး၍ ဝက်ခြံပေါက်သည့်နေရာ၌ လိမ်းပေးက နုလျှင် ပိန်၍ ရင့်လျှင် အမြန်မှည့်ပြီး ပျောက်၏ ။

၂။ ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။

၃။ ဝက်ခြံ အမြစ် မထွက် သော် ဖန်ခါးသီး စေ့ကို ဆန်ဆေး ရည် နှင့် သွေးလိမ်း ရ၏။

သန် ချဆေး

၁။ ထားဝယ်မှိုင်း အစေ့ ၂-၃ စေ့ကို ကြိတ်၍ ပျားရည်နှင့် ရောပြီး စားသုံးပါက သန်ကောင်များ သေကြေ ကျဆင်း လာမည်။

၂။ ဒန့်သလွန်သီး ကို ဟင်းချက် ကျွေးက ကလေး များ သန်ကောင်၊ တုတ်ကောင် ကင်းရှင်း စေ၏။

၃။ ကလေး သန်ကျ လိုလျှင် ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။

၄။ ဆိတ်ဖလူးအရွက်ကြိတ်ရည်တွင် ဆားအနည်းငယ်ခတ်၍ သောက်က သန်များကို ကျစေသည်။

၅။ ပိတ်ချင်းသီး အမှုန့် ကို ရေနွေး နှင့် သောက်ပါက သန်ကျ၏။ ရင်နာ ၊ ရင်အောင့် ခြင်းလည်း ပျောက်၏။ ပျားရည် နှင့် ရော၍ လျက်ပါက သွေးလွန် သွေးကျ ရောဂါ ပျောက်ကင်း ပြီး အားအင် ပြည့်ဖြိုးစေ၏။

၆။ လက်ထုတ်ကြီး အမြစ်ကို ရေနှင့် သွေးပြီး အိပ်မွေ့သီး အနည်းငယ် ထည့်သောက်သော် သန်ကျ၏။

၇။ သူငယ်များ သန်ထသော် လင်းလေကို သတ်ပြီးသား ရှိန်းခိုနှင့် ဆတူ ရော၍ တိုက်လျှင် ဝမ်းတွင်းရှိ သန်ကောင်များ ကျဆင်း လာ၏။

၈။ သင်္ဘောသီး အစေ့ အရေအတွက်ကို အရွယ်နှင့် ချင့်၍ စားသော် ဝမ်းတွင်းရှိ သန်များ ကျ၏။

၉။ အစေးကို ထန်းလျက်နှင့် နယ်စားသော် သန်ကျ၏။

၁၀။ ကလေးများ သန်ထလျှင် ဥသျှစ်ရွက် ညှစ်ရည်ကို အရွယ်အလိုက် ချင့်၍ တိုက်ပေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။

၁၁။ လက်ပံခါးအမြစ် ခေါက်ကို ကျို၍ အိပ်မွေ့ သီးမှုန့် နှင့် သင့်ရုံ ရောသောက် သော် ဝမ်းတွင်း ရှိ တုတ်များ သန်ကောင် များ ကျ၏။

၁၂။ သြဇာအရွက်ကို ကြိတ်၍ စားခြင်း ဖြင့် သန်ကျ စေသည်။တုတ်ကောင်ကြီး များလည်း ကျစေသည်။ ပျောက်ကင်း စေသည်။ ကြိတ်၍ အုံကပ်ပေး ပါက အကြောငုပ် ခြင်း ၊ တက်ခြင်းများ ပျောက်၏ ။

ဝမ်းကိုက် ရောဂါ

၁။ ဝမ်းကိုက် သော အခါ (ချွဲသက်သက် ဖြစ်စေ ၊ သွေးစ သွေးန များဖြင့် ရောပြွမ်း ၍ ဖြစ်စေ) ထားဝယ်မှိုင်း အရွက်ကို ရေနွေး ဖြော၍ သုပ်စား ပါက ရက် အနည်းငယ် အတွင်း ပျောက်ကင်း၏ ။

၂။ အစာမကြေ၊ ဝမ်းကိုက်လျှင် ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည်သောက်ပေးပါ။

၃။ ခပေါင်းရေကြည်အစေ့ခွံကို အမှုန့်ပြု၍ အန်ဆေး ၊ ဝမ်းကိုက်ပျောက်ဆေး အဖြစ်သုံး၏။

၄။ ဖန်ခါးအခေါက် ကို ပြုတ်သောက် သော် ဝမ်းလျှော ဝမ်းကိုက် ရောဂါ များကို ပျောက်ကင်း စေသည်။

၅။ မီးကွင်းဂမုန်းအရွက်ကို သင့်ရုံ သုပ်စား ခြင်း ၊ တို့စား ခြင်း တို့ဖြင့် ဝမ်းကိုက်ရောဂါ ပျောက်၏ ။

၆ ။ မုရားကြီး အရွက်ကို ကျို၍သောက်က ဝမ်းကိုက် ရောဂါ ပျောက်သည်။

၇။ လက်ထုတ်ကြီး အခေါက်ကို အမှုန့်ပြုလုပ်၍ ပျားရည်နှင့် ရောသောက်သော် ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းသွား ရောဂါနှင့် ကာလဝမ်း ရောဂါ များ ပျောက်၏။

၈။ သက်ရင်းကြီး အရွက်နုကို ပြုတ်တို့ စားခြင်းဖြင့် ဝမ်း၊ လေမှန်၍ ဝမ်းကိုက်နာ၊ ဝမ်းသွားနာ တို့ကို ပျောက်ကင်း စေ၏။

၉။ သစ်ကြံပိုး အခေါက် ကို ပြုတ်၍ သောက်လျှင် ဝမ်းကိုက်ရောဂါ ပျောက်၏ ။

၁၀။ လောက်သေပင် အရွက် မနုမရင့် ကို ပြုတ်၍ သုပ်စား ခြင်း ၊ တို့စား ခြင်း ဖြင့် ဝမ်းကိုက် ရောဂါ ၊ ဝမ်းဖော ဝမ်းရောင် ရောဂါ ၊ ကလေးများ သန်ဝမ်းကိုက် ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ် ခြင်း ပျောက်၏ ။

၁၁။ ကြောင်ပန်းရွက်ကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် သုပ်စားပါက လေနာရောဂါ၊ ဝမ်းဖောဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများ ပျောက်၏ ။

၁၂။ ဇော်ဂျီတောင်ဝှေးပင် ရွက်နုများကို ပါးပါးလှီး၍ သုပ်စားတို့စားလျှင် ဝမ်းကိုက်ရောဂါ ပျောက်၏ ။ ဝမ်းကို လည်းကောင်းစေ၏ ။

ရာသီထိန် ခြင်း

၁။ ဒန့်သလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲ ကောမြစ်၊ မိဿလင် ဟင်းခါး ချက်သောက် သော် ရာသီထိန် ခြင်း ပျောက်၏။

၂။ ဣဿရမူလီအမြစ်မှုန့်နှင့် ငရုတ်ကောင်းမှုန့် တို့ကို ဆားစိမ်း အနည်းငယ် ရော၍ ရေနွေးနှင့် သောက်သော် ဥတုသွေး ထိန်ချုပ်ခြင်း ပျောက်၍ မှန်စေ၏။

အစာမကြေ ရောဂါ

၁။ ဒန့်သလွန် မြစ်နှင့် မုန်ညင်းစေ့ အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီ ကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက် က အစာ မကြေ ဝမ်းဖော ဝမ်းရောင် ပျောက်၏။

၂။ ဝါရွက်ကို ကြိတ်ညှစ်၍ သောက်သော် အစာ မကြေ ဝမ်းသွား ရောဂါ ပျောက်၏။

၃။ စပါးလင်အရည်သည် အစာမကြေ ၊ ခံတွင်းမကောင်း သောရောဂါ တို့ကို ပျောက်ကင်းစေနိုင်၏။

၄ ။ တရုတ်နံနံကို ဆားပုပ်နှင့် ရောစားသော် ဝမ်းဗိုက်နာ ကောင်း၏ ။ ထန်းလျက်နှင့်ရော၍ လုံးစားသော် အစာမကြေ ၊ ရင်ပြည့် ၊ ဝမ်းကြော ၊ ဝမ်းဗိုက်ကြောတင်းခြင်းတို့ ပျောက်၏ ။

၅ ။ ဥသျှစ်သီးကင်းနှင့် စမုန်စပါးကို ရောထောင်း၍ သောက်လျှင် အစာမကြေ ဝမ်းရောဂါပျောက်ကင်း ၏။

၆။ဆီးဖြူရွက်နုများကို ပုန်းရည်ဖြင့် ကျွေးခဲ့သော် အစာမကြေခြင်း၊ဝမ်းသက်ခြင်းများ ပျောက်ကင်း၏။

၇။နံနံစေ့ကို ချင်းခြောက်နှင့် ရောပြုတ်ပြီး အစာစား ပြီး တိုင်း သောက်ပါက ဝမ်းမီး ကောင်းလာစေသည်။

၈။ ကွမ်းရွက် ညှစ်ရည်ကို ပျားရည်နှင့် တိုက်က ကလေးများ လေပွခြင်း ၊ အစာမကြေခြင်း ၊ ဝမ်းသွားခြင်း ၊ ဖျားနာခြင်းများ ပျောက်၏ ။

၉။ ပတဲကောကြီး၊ ချင်းခြောက်၊ သိန္ဓောဆား တို့ကို ဆတူ စပ်၍ အမှုန့်ပြု သောက်သော် အစာ မကြေ ရောဂါ ပျောက်ကင်း၏။

၁၀။ မန်ကျဉ်းပင်အပွေးကို ကျွမ်းအောင် ဖုတ်၍ အမှုန့် ပြုပြီး ရေနွေးနှင့် သောက်က အစာမကြေ ရောဂါ ပျောက်၏ ။

၁၁။ မန်ကျည်းသီးဟာ အစာကြေညက်စေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အစာခြေလမ်းကြောင်း ဝေဒနာတွေ ကုသရာမှာ မန်ကျည်းသီးကို သုံးလေ့ရှိကြပါတယ်။

၁၂။ ရဲယိုသီး မှည့်ကို ထန်းလျက်နှင့် စားသော် အစာမကြေ ရောဂါ ပျောက်၏။

၁၃။ သက်ရင်းကြီး အမြစ်ကို ထန်းလျက်နှင့် စိမ်၍ စိမ်ဆေး အဖြစ် နေ့စဉ် သုံးဆောင်ပါက အစာကြေ၊ လေမှန်၊ဝမ်းမှန် စေသည်။ ယင်းစိမ်ဆေး ဖြင့်လည်း အရက်ဖြတ်၍ ရသည်။ အခြား ရောဂါများ ဝင်ရောက် ခြင်းမှလည်း ကာကွယ်နိုင်၏။

၁၄။ ဟင်းလျာ များ ချက်ပြုတ် ရာ၌ သစ်ကြံပိုး အခေါက် ကို ထည့်ချက်လျှင် အစာကြေ၏ ။

၁၅။ လူလတ် အရွယ်များ အစေး အနည်းငယ်မျှကို နွားနို့၊ သကြားခဲ ရရာနှင့် စားသော် အစာ မကြေ ရောဂါ ပျောက်၏။

၁၆။ ကြောင်လျှာ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။

၁၇။ ကြောင်လျှာရွက်ပြုတ်တို့စားက ဝမ်းမီးကောင်း၏ ။

အနာ

၁။ ဒန္တသုခ ပဉ္စ ငါးပါး ကြိတ်ရည် တွင် ဆားထည့် ၍ အနာ ပေါ်လိမ်း ပေးခြင်း ဖြင့်အနာ အသားနု တက်ပြီး ပျောက်ကင်း စေ၏။

၂။ အိုင်းအနာ၊ အဖုအနာ ဖြစ်လျှင် ပင်စိမ်းရွက်ပြုတ်ရည်နှင့် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက်မှုန့်ကို ဖြူးပေးပါ။

၃။ ဝါပွင့်ကို ပြာချ၍ သိပ်ပေး ပါက အနာစိမ်း အနာစက် များ အသားနု တက်၍ ပျောက်၏။

၄။ ကင်ပိမ့်အရွက်ကို ကြိတ်၍ အနာပေါ်၌ သုတ်လိမ်းပေးလျှင် အနာပူလောင်ခြင်း နည်းပါး၍ ကျက်သွား၏

၅။ ငန်းမန်းရှိသောအနာကို ကန်စွန်းရိုးနီ နှင့် ဘူးရွက် ရောစပ်၍ ရေစိမ်ပြီး အနာကို ဆွတ်လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင်၏ ။

၆။ ကိုရံကြီးဥကို သွေးလိမ်းပါက အနာမီး ၊ အနာလျှံ ပျောက်၏ ။ သို့သော် ယား၏ ။

၇။ ကလောသီးကို စားပါက နူနာ ၊ အပူကြောင့်ဖြစ်သော အနာ ၊ အော့အန်သော အနာတို့ပျောက်ကင်း၍ သွေး လေ သလိပ် တို့ကိုကြေစေသည်။

၈။ စံကားဝါအမြစ်ခြောက်ကို ဖြစ်စေ ၊ အမြစ်အခေါက်ကို ဖြစ်စေ၊ ဒိန်ရည်နှင့် ရောကြိတ်၍ အနာများပေါ်၌ အုံပေးသော် အနာနုလျှင် ပိန်၍ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

၉။ စမြိတ်အရွက်ကို ဆီသုတ်၍ မီးကင်ပြီး အနာပေါ်ကပ်ပေးပါက နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်သွား၏။

၁၀။ နီပါးဆေးပင်(တောရဲယို)အရွက်ကို ကြိတ်၍ အနာ ပေါ်တွင် အုံပေးပါ ကအနာ နုလျှင်ပိန် ပြီးရင့်လျှင် ပြည်ပေါက်၍ ပျောက်စေ၏။

၁၁။ အနာမှ သွေးစိမ်းယို သောအခါ တွင် နီပါးဆေးပင်(တောရဲယို)အ သီးခြောက်မှုန့် ကို သိပ်ပေးက ပျောက်၏ ။

၁၂။ မန်ကျည်းသီးဟာ အရေပြား ရောင်ရမ်းမှု ဖြစ်စဉ်ကို အမြန်သက်သာစေပြီး အနာကျက်မြန်စေပါတယ်။

၁၃။ ပြည်တ ရွှဲရွှဲနှင့် မကျက်နိုင် သော အနာအို ၊ အနာဟောင်းများ မိကျောင်းကွမ်းဖတ် အစေ့ကို ကြိတ်၍ အုံပေးက အနာကျက် ပြီး အသားနု တက်ကာ ပျောက်ကင်း၏။

၁၄။ အနာပျက် ၊ အနာဆွေး များ တွင် မုန်ညင်း ဆီ လိမ်းက ပျောက်၏။

၁၅။ ယူကလစ်အရွက်ကို ကြိတ်၍ အနာမီး၊ အနာစက် များကို လိမ်းပေးခြင်း၊ အုံပေးခြင်း ဖြင့် ပျောက်ကင်း၏။

၁၆။ လက်ထုတ်ကြီး အမြစ်ကို သွေး၍ သိန္ဓောဆား အနည်းငယ် ထည့်ပြီး နွားကျင်ငယ် ရေဖြင့် လိမ်းပေးသော် အနာ မီးလျှံ အနာစက် များ ပျောက်၏။

၁၇။ လိပ်ဆူးရွှေရွက် ကို ပြာချပြီး ထောပတ်နှင့် ရောလိမ်းသော် မကျက်နိုင်သော အနာများ အသားနုတက်၍ အမြန်ပျောက်၏။

၁၈။ အနာဆွေး၊ အနာဟောင်း များ မကျက်နိုင်ဘဲ ပြည်တစိုစို ဖြစ်နေလျှင် သက်ရင်းကြီး ရွက်ကို အညက်ကြိတ်၍ အုံပေးခြင်းဖြင့် အနာ အသားနု အမြန်တက်ပြီး ကျက်စေသည်။

၁၉။ အကြောတစ်ထောင်ပင် အရွက်ပြုတ်၍ ဖန်ရည်ဆေးပေးပါက အနာများ ပြည်ပုပ် သွေးပုပ် စင်ကြယ်၍ အသားနု တက်လွယ်စေ၏။

၂၀။ချေးသီးကို ထုံးနှင့်ရောကြိတ်၍ အနာပေါ်၌ အုံပေးခြင်းဖြင့် အနာ ပျောက်ကင်း စေ၏။

၂၁။ အနာဟောင်း ၊ အနာပျက်တို့၌ ဗောဓိညောင် အခေါက်နုကို ပြာချ၍ ၎င်းပြာကို အဝတ်နုဖြင့် စစ်ပြီး အနာများ ပေါ် လိမ်းပေးက လျင်မြန်စွာ ပျောက်စေ၏ ။

၂၂။ တောင်မရိုး ရွက်နု များကို နွမ်းလာအောင် မီးကင် ၍ ကြိတ်ပြီး အနာဟောင်း ၊ အနာဆွေး များနှင့် အနာ မကျက် နိုင်ဘဲ သွေးပြည် ယို၍ အနံ့ ဆိုးထွက် နေသော အနာ များကို လိမ်းပေးက မကြာမီ ပျောက်ကင်း စေနိုင်၏။

၂၃။ လက်ပံခါးအစေးကို အနာ များတွင် သုတ်လိမ်း ပေးပါက အနာ အသားနု တက်၍ လျင်မြန်စွာ ပျောက်ကင်း၏။

၂၄။ လတ်ဆတ်သည့် ပေါက်ပင်အစေးကို လိမ်းပေးလျှင် အနာ အဖု အပိမ့်များ ပျောက်ကင်းသည်။

၂၅။ ကိုယ်၌ အနှံ့အပြား ပေါက်တတ်သော အနာ မီးလျှံ စသော အနာအဖု အပိမ့် များ ပေါက်သော် ရွေးကလေး အစေ့ ၊ ပြဒါး၊ ကန့်ဝါ ၊ တမာစေး ၊ ဆေးခြောက်ရွက်၊ ဝါစေ့တို့ ကို ဆတူယူ ၍ သံပရာရည် နှင့် ကြိတ်လိမ်းသော် ပျောက်၏။

မှတ်ချက်။ ။ အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။

၂၆။ အနာဟောင်း၊ အနာဆွေး များပေါ်တွင် ရေသကျည်း အစေ့ကို သွေးလိမ်းပေး ခြင်းဖြင့် အသားနု တက်၍ ပျောက်ကင်း စေသည်။

၂၇။ ရွှေနွယ်ပင် မှုန့် ၊ ချင်းခြောက်မှုန့် ဆတူ ရော၍ ထောပတ်နှင့် ဖျော်ပြီး အနာဆွေး၊ အနာဟောင်း များကို လိမ်းပေးသော် အနာများ အသားနု တက်၍ အမြန်ကျက်သည်။

၂၈။ လေးညှင်းပွင့် နနွင်း ဆတူ စပ်၍ ကြိတ်ပြီး မြုံနေသော အနာများ ပေါ်တွင် လိမ်းပေးသော် ပျောက်၏။

၂၉။ ကြောင်ပန်းရွက်ကို ကြိတ်ညှစ်ရည်ဖြင့် အနာပေါက်များကို လိမ်းပေးသော် ပျောက်၏ ။

၃၀။ ကြောင်ရိုသေပင်အရွက်ကို ကြိတ်၍ အနာပေါ်၌ အုံပေးသော် အနာများပျောက်ကင်းစေ၏ ။

၃၁။ ကြောင်လျှာ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။

၃၂။အသားကျယ်ပြန့်စွာ စားတတ်သော အနာကို ကြစုသီးငါးခွက်တစ်ခွက်တင်ပြုတ်၍ ဖန်ရေဆေးပေးရ၏ ။

၃၃။ သြဇာကိုအမှုန့်ပြု ၍ အနာများကို ဖြူးပေးပါက ပိုးများကို ပျောက်ကင်းစေ သည်။

ကြို့ထိုးခြင်း

၁။ ဆန်ဆေးရည်နှင့် နံ့သာဖြူ သွေး၍ သကြားခဲ နှင့် ရောသောက်သော် အပူလွန် ရောဂါ ၊ ကြို့ထိုးနာ တို့ ပျောက်၏ ။

၂ ။ ချင်းစိမ်းရည်နှင့် ကြက်သွန်နီဥမှ ညှစ်၍ ရသော အရည်ကိုသင့်လျော်အောင် ရောသောက်သော်အော့အန်ခြင်း ၊ကြို့ထိုးခြင်း ပျောက်၏ ။

၃။ငရုတ်ကောင်းကို မီးကင်ပြီး အခိုးအငွေ့များ ရှူပေးခြင်းဖြင့် ကြို့ထိုးရောဂါပျောက်ကင်း၏။

၄။တရုတ်နံနံကို ပါးစပ်တွင်ငုံ၍ ထွက်လာသောအရည်ကို မျိုချခြင်းဖြင့် ကြို့ထိုးရောဂါပျောက်၏ ။

၅။ သီးသီး အစိမ်းရည်တွင် ပိတ်ချင်း သီးမှုန့် အနည်းငယ် ထည့်၍ ပျားရည်နှင့် ရောလျက် ပါက ကြို့ထိုး နာ ပျောက်၏။

ညောင်းညာ ကိုက်ခဲ ခြင်း

၁။ ညောင်းညာ ကိုက်ခဲခြင်း ဖြစ်လျှင် နံ့သာဖြူ ၊ သွေးလိမ်းက ပျောက်၏

၂။ မရိုးမြစ် ကို ကြိတ်၍ မီးဖြင့် နွေးအောင် ပြုပြီး ပေါင် ၊ခြေ သလုံးသား တောင့်တင်း ကိုက်ခဲသော နေရာပေါ် တွင် လိမ်းက ပျောက်၏ ။

၃။ မိဿလင် ကို အရည်ညှစ် ၍ ငရုတ်ကောင်း မှုန့် ထည့်လိမ်း သော် တစ်ကိုယ်လုံး သို့မဟုတ် ကိုယ်အင်္ဂါ အစိတ်အပိုင်း များတွင် အအေးပပ်ခြင်း၊ ကိုက်ခဲ နာကျင်ခြင်း၊ လေမလျှောက် ၍ လေးလံ ထိုင်းမှိုင်း ခြင်းတို့ကို ပျောက်ကင်း စေ၏။

၄။ ထိခိုက် ဒဏ်ရာ နှင့် အကိုက်အခဲ အကြော ထုံးနာ တို့အတွက် မိဿလင်ဥ ကိုကြိတ်၍ ကြပ်စည်း ရ၏။

၅။ ရွေးကလေး အရွက် အစိုကို ဆီနှင့် ကြိတ်၍ ကိုယ်လက် ကိုက်ခဲ သော နေရာများ သို့ လိမ်းပေးသော် ပျောက်၏။

မှတ်ချက်။ ။ အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။

၆။ အကြောအခြင် ကိုက်ခဲခြင်း အတွက် ကြက်သွန်ဖြူအရည်နှင့် ပွတ်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေ၏။

အသက်ကြီးသူများ

၁။ အသက်၅၀ ကျော်အရွယ် ကိုယ်လက်လေး ခြင်း ၊ နာကျင်ခြင်း ဖြစ်၍ သွားလာရာ တွင် ဒူးဆစ်များ ကျဉ်ခြင်း၊ထိုင် ပါများလျှင် ကျဉ်ခြင်း၊ အမြင့်တက် ရာတွင် မောခြင်း ဖြစ်လျှင် နလင်ကျော် ကို ပရုတ်ဆီ နှင့်သွေး ၍လိမ်းခြင်း ၊ သောက်ခြင်းဖြင့် ပျောက်၏ ။

မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)

၂။ ကညွတ်အညွန့်ကို စားသုံးခြင်းဖြင့် လေကို ကြေစေ၏။အင်အားကို ဖြည့်တင်းစေ၏။သွေးအားကောင်းစေသဖြင့် သားဖွားပြီး မိခင်များ စားသုံးရန် အထူးသင့်လျော်သည်။

၃။ ပဲပင်ပေါက်မှာ အတွေ့များတဲ့ ဖိုင်တိုအီစထရိုဂျင်ဟာအရေပြားတည်ဆောက်မှုမှာအရေးပါတဲ့ ကော်လာဂျင်၊ အီလက်စတင်နဲ့ ဟိုင်ရာလူရိုးနစ်အက်စစ် တို့ တည်ဆောက်မှုကို ကောင်းမွန်စေပါတယ်။ ပဲပင်ပေါက်ဟာ အရေပြားတင်းရင်းမှုနဲ့ အစိုဓာတ်လျော့ကျမှုကြောင့် ဖြစ်တဲ့ အရေပြားအိုမင်းတဲ့ ဖြစ်စဉ်ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၄။ ဂေါ်ရခါးသီးမှာ Poly-phenolic ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့အတွက် ကင်ဆာရောဂါများကိုဟန့်တားကာကွယ် ပေးနိုင်ခြင်းနဲ့ အိုမင်းရင့်ရော်မှုကိုလည်း ထိန်းသိမ်းပေးတာကိုတွေ့ရပါတယ် ။

၅။ ဗောဓိညောင် အရွက်ကို ထန်းလျက်နှင့် ပြုတ်သောက်က မောပန်းခြင်း ပျောက်၍ ကိုယ်ခန္ဓာအားအင် ပြည့်ဖြိုးစေသည်။

၆။ ပေါက်ပွင့် ခြောက်ကို ရေနွေးတွင် လက်ဖက်ခြောက် ကဲ့သို့ ခတ်၍ သောက်သော် မောပန်းခြင်းကို ပြေစေ၍ သွေးသား သန့်ရှင်းစေသည်။

၇။ ကြောင်ရိုသေပင်အရွက်ကို ပုစွန်ထုပ်နှင့် ကြော်စားပါက နွမ်းလျပင်ပန်းခြင်း ပျောက်သည်။

၈။ ကြက်သွန်ဖြူကို အမှုန့်ပြု၍ ပျားရည်နှင် စိမ်ပြီး အိပ်ရာဝင်ချိန်တွင် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့် ကို ရေတစ်ခွက်နှင့် သောက်ခြင်းဖြင့်အိပ်ပျော် စားဝင် အားအင်ပြည့်စေပါသည်။