Wednesday, November 20, 2019

ငှက်ဖျား



၁။ ငှက်ဖျားဖြစ်လျှင် ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင်နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။

၂။ ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင်ကျိုပြီး သောက်ပေးပါ။ချွေးထွက်လာပြီးအဖျားကျသွားပါမည်။

၃။ခန်းတောက်မြစ်ကို တောအရက်နှင့် စိမ်သောက်သော်ငှက်ဖျားရောဂါပျောက်၏။

၄ ။ စပါးလင်ခေါင်းအား ငရုတ်ကောင်း စေ့နှင့် ပေါင်းကြိတ်ပြီး ငရုတ်ကောင်း စေ့ခန့် လုံး၍ နေ့စဉ်သောက်လျှင်ရိုးရိုးဖျားနှင့် ငှက်ဖျားပျောက်၏ ။

၅ ။ ဆိတ်ဖလူးအရွက်ကို လတ်ဆတ်သော ချင်းအနည်းငယ်နှင့် ရောစပ်သောက်ပါက ငှက်ဖျားရောဂါ ပျောက်ကင်း၏ ။

၆။ငှက်ဖျား ၊ တုန်ဖျား၊ တုပ်ကွေးဖျား စသော ရောဂါ များ အတွက် ပိတ်ချင်းသီး တောင့်ကို ထန်းလျက်၊ ချင်းတို့ နှင့် ရောကျို သောက်ခြင်းဖြင့် အဖျားကျ ပြီး အညောင်း အညာ အကိုက် အခဲ ပြေစေသည်။

၇။ အကြောတစ်ထောင်ပင် ကြိတ်ညှစ်ရည်ကို ရက်ရှည်စွဲ သောက်သော် ငှက်ဖျား ရောဂါ အမြစ်ပြတ်၏။




၈။ ကြောင်ပန်းရွက် ပြုတ်သောက်သော် ညောင်းကျရောဂါ ၊ ငှက်ဖျား နှင့် မီးတွင်းဖျားရောဂါများ ပျောက်ကင်း၏ ။

၉။ ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက်ထည့်၍ ၃ ခွက် တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။

No comments:

Post a Comment