Thursday, November 7, 2019

သွေးဝမ်းသွားခြင်း




၁ ။ ကန်စွန်းရိုးနီအရွက်ကို ဟင်းချက် စားသော် သွေးဝမ်းရောဂါ ပျောက်၏ ။









၂။သွေးဝမ်းသွားလျှင် ဆီးဖြူသီးအစိမ်းကို ထောင်း၍ အရည်ညှစ် ယူပြီး သံပရာရည်နှင့် သောက်လျှင် ချက်ချင်းသက်သာ ပျောက်ကင်းစေသည်။






၃။ သွေး ဝမ်း ဆင်းလျှင် မီးကွင်းဂမုန်းအရွက်ရည် ကိုညှစ် ၍ ကြွေဇွန်း တစ်ဇွန်း ခန့် သောက်ပေး ခြင်းဖြင့် ပျောက်ကင်း ၏ ။







၄။ သွေးဝမ်း သွားခြင်း ၊ ဆီးချုပ်ခြင်း ၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌ သွေးပါခြင်း တို့ အတွက် မြင်းခွာ ရွက် ဖျော်ရည် ပြုလုပ် သောက်က ပျောက်၏ ။





၅။ သွေးဝမ်းသွားခြင်း၊ အစာ မကြေ လေရောဂါ နှင့် ဝမ်းကြောများ တင်းရောင်ခြင်း တို့အတွက် ဣဿရမူလီအမြစ်မှုန့် ၂ ဆကို ချင်းခြောက်မှုန့် ၁ ဆ နှင့် တစ်နေ့ ၂ ကြိမ်ကျ သောက်သော် ပျောက်၏။







၆။ ခွေးလှေးယားမြစ်မှုန့် အနည်းငယ်ကို ရေနှင့်ရောသောက်သော် သွေးဝမ်းကျရောဂါ ပျောက်၏။

No comments:

Post a Comment