Thursday, November 7, 2019

အဖျဉ်းရောဂါ




၁။ ကင်ပွန်းချဉ်အရွက်နုများကို ညဉ့်သိပ်စိမ်ပြီး သောက်သော် အဖျဉ်းရောဂါ ပျောက်၏။






၂။ခန်းတောက်မြစ်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ဘောက်ခွေးရွက် ညှစ်ရည်ဖြင့် ကြိတ်၍ ငရုတ်ကောင်းစေ့ခန့်လုံးပြီ်း နံနက် ည ၂ လုံးစီသောက်သော် ရေဖျဉ်းရောဂါ၊အစာအိမ်သစ် အားနည်းသော ရောဂါနှင့် သလိပ်ကြောင့်ဖြစ်သော ဝမ်းပျက်ရောဂါ၊ ဝမ်းကိုက်ရောဂါ ပျောက်စေ၏။




၃။ ဆိတ်ဖလူး ပဉ္စငါးပါးကို ပြုတ်သောက်လျှင် အဖျဉ်းကြီးရောဂါပျောက်၏။






၄။ဗုဒ္ဓသရဏပင်အမြစ်ကို ထန်းလျက် နှင့် ပြုတ်ကျို၍ အကြမ်း ပန်းကန် တစ်လုံးခန့် နံနက်တိုင်း သောက် ပါက အဖျဉ်းရောဂါ ပျောက်စေ သည့်အပြင် ကိုယ်လက် နာကျင် ကိုက်ခဲခြင်း နှင့် ဝမ်းထဲ ရစ်၍ နာကျင် ခြင်း၊ အသားအရေ နာကျင်ခြင်း၊ ပူလွန်း၊ အေးလွန်းခြင်း တို့ မြန်မကြာ ပျောက်စေသည်။



၅။ ဘေလုံးရောဂါ ၊ သွေးဖျဉ်း ရောဂါ ၊ မြင်းသရိုက် ရောဂါ ၊ လေထိုး လေအောင့် ရောဂါ များ အတွက် မုန်ညင်းဆီကို အနည်းငယ် သောက်ပေး ခြင်း ၊ ရောဂါ ဖြစ်ရာ နေရာတွင် ပွတ်၍ လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း၏။





၆။ ရင်းပြားနီအမြစ်မှုန့် ၁ ဆ၊ ဒိန် ၁၂ ဆ ရောပြီး ထက်ဝက် ခန်းကျို၍ အနည်းငယ်မျှစီ ည နံနက် သောက်သော် ရေဖျဉ်း ရောဂါ ပျောက်၏။







၇။ ရှားစောင်း လက်ပပ် အတွင်းသား ကို လက်ချား မီးဖောက် အမှုန့် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်ကင်း ၏။







၈။ ဣဿရမူလီအရွက် ညှစ်ရည်ကို ဆာမီးဖုတ် အနည်းငယ်နှင့် နံနက် ည တစ်ကြိမ်စီ သောက်ပေးပါက ရေဖျဉ်း ရောဂါနှင့် ချောင်းခြောက် ရောဂါ ပျောက်၏။





၉။ ခွေးလှေယားမြစ်ကို ကြိတ်၍ ရေဖျဉ်းရှိသောဗိုက်တွင် လိမ်းပေးခြင်း ၊ အတုံးငယ်ကလေးများပြု၍ ခြေဆစ်လက်ဆစ်တို့၌ ချည်နှောင်ပေးခြင်းဖြင့် ရေဖျဉ်းရောဂါပျောက်စေ၏။






၁၀။ ဆေးခါးကြီးရည်တွင် ဆီးဖြူ၊ ဖန်ခါး၊ သစ်ဆိမ့် ၃ မျိုး အမှုန့်ပြု ထည့်သောက်ပါက သွေးဖျဉ်း၊ လေဖျဉ်း၊ နူနာ၊ ခေါင်းကိုက် နှင့် ဇက်ထိုး မူးဝေသော ရောဂါများ ပျောက်၏။






၁၁။ ကြက်ဟင်းခါးသီးအရည်တွင် ပျားရည် အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။

No comments:

Post a Comment