၁။ ဝါစေ့ကို ကြိတ်၍ မီးကင်ပြီး အပြားလေး များပြုကာ အသမာ နှင့် သွေးစုနာ များကို အုံပေး၊ ကပ်ပေး ပါက အနာများ ပျောက်၏။
၂။ ခြေလက် တို့တွင် ပေါက်သော အကျိတ်နာ သွေးစု နာ များ ပေါ်တွင် ရှားစောင်း လက်ပပ်ကို စည်းပေး ထားပါက အကျိတ်ကြေ ၍ ပြည်ပေါက် မြန်ပြီး ငန်းမန်း ကျစေသည်။
၃။ ခွေးတောက်အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊ သွေးစုနာ များ နူလျှင်ပိန်၍ ရင်လျှင် ပြည်ပေါက်၍ ပျောက်၏ ။
၄။ အနာ စိမ်း ၊ သွေးစုနာ၊ အနာ ပေါက် များ အတွက် လက်ပံခါးအခေါက် ကို သွေးလိမ်း ပါက နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက် စေ၏ ။
No comments:
Post a Comment