Wednesday, November 20, 2019

ပန်းသေ၊ ပန်းညှိုး

၁။ ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်= ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေကြော်စားပေးပါ။(သို့) ငါးပနော်နှင့် ကြော်စားပါ။

၂။ ပရန္နဝါ ရွက်ရည်ကို နို့နှင့် ရောသောက်က ဆီးအောင့် ရောဂါ ၊ ဆီးပူ ညောင်းကျ ရောဂါ ၊ ပန်းသေ ရောဂါ နှင့် အဖျား ရောဂါ တို့ကို ပျောက်ကင်း စေရုံမျှ မက အသက် ကို ရှည်စေ၍ လူကို နုပျို အားတိုး စေနိုင်၏ ။

၃။ ဗုဒ္ဓသရဏပင် အပွင့်နု အသီးနု ကို ဆိတ်သား နှင့် စွပ်ပြုတ် လုပ်၍ သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကို လန်းစေသည်။ ဝက်သား ၊ နွားသား တို့နှင့် စွပ်ပြုတ် လုပ် သောက်ပါက ကုန်ဆုံးသွား သော အားကို ပြန်လည် ရစေပြီး ကိုယ် နှုတ် နှလုံး ရွှင်လန်းစေ သည်။

၄။ သစ်ဆိမ့်သီးမှုန့် နှင့် ကြံသကာ ဆတူရော၍ နေ့စဉ် သုံးဆောင် သော် ပန်းသေရောဂါ ပျောက်၏ ။

၅။ ပေါက်ပန်းဖြူ ရွက်ရည်နှင့် ကျီးနီသီး ဆံကို ရောစားပါက ပန်းသေရောဂါ ပျောက်၏ ။

No comments:

Post a Comment