Saturday, November 16, 2019

ကလေး ဝမ်းဗိုက်နာ





၁။ ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေးလျှင် ကလေးများ ဝမ်းဗိုက်နာရောဂါ ပျောက်၏ ။









၂။ ကလေးများ အစာမကြေရောဂါ အတွက် စမုန်စပါးကို ရေနွေးဖြော၍ တိုက်သော် အစာမကြေ ဝမ်းဗိုက်ရောင် ရောဂါ ပျောက်ကင်း၏ ။









၃။ ကလေးငယ်များ ဝမ်းသက် ၊ ဝမ်းသွားပါက ဆိတ်ဖလူးအရွက်ကို ညှစ်၍ တိုက်ပါက ပျောက်ကင်း၏ ။










၄။ မုန်ညင်းဆီ ကို ပရုတ်နှင့် ချက်၍ ကလေးများ ဗိုက်နာ ခြင်း ၊ အဆုတ်အအေး မိခြင်း ၊ နှာစေး ချောင်းဆိုး ခြင်းများ အတွက် လိမ်းဆေး သို့မဟုတ် အုပ်ဆေး အဖြစ် အသုံးပြု ရ၏။









၅။ မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်း ပျောက်၏ ၊ ဝမ်းသက် ၍ သလိပ် ကို လည်း ပျောက်၏။







၆။ လင်းလေကို ကျွမ်းအောင် ဖုတ်၍ ဆီဖြင့် ရောလိမ်းက ကလေးများ ဝမ်းနာ၊ ဝမ်းရောင် ပျောက်၏။










၇။ သံမနိုင်၊ ကျောက်မနိုင် အရွက်ကို အရည်ညှစ်၍ နို့နှင့် ရောသောက် ပါက ကလေး သူငယ်များ ဝမ်းဗိုက် အောင့်ခြင်းကို သက်သာစေ ၏ ။









၈။ ကလေးသူငယ်များ သူငယ်နာ ဝမ်းပျက်၍ အဖျား ဝင်လာသော် ဣဿရမူလီအရွက် သို့မဟုတ် အမြစ်ကို သွေး၍ လျှာကို အနည်းငယ်မျှ ပွတ်ပေးသော် ပျောက်၏။










၉။ ဥသျှစ်ရွက် ပေါင်းတိုက်ရည်ကို ကြွေဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပေးက ကလေးများ ဝမ်းပျက် ရောဂါနှင့် ချွဲသလိပ် ကျပ်ရောဂါ ပျောက်ကင်း၏။










၁၀။ ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးခြင်းအားဖြင့် ကလေးများ လေဆန်နာပျောက်၏။

No comments:

Post a Comment