Sunday, October 27, 2019

ခါးနာ၊ ဒူးနာ




၁။ ခါးနာခြင်း ၊ ဒူးရောင်ခြင်း ရောဂါများအတွက် ကိုရံကြီးအရွက်ကို နွမ်းအောင် မီးခဲနှင့်ကပ်၍ အပူဓာတ်မကုန်မီ နာသော နေရာနှင် ရောင်သော နေရာများတွင် တစ်နာရီခန့် စည်းပေးက ပျောက်၏ ။



၂။ ဗုဒ္ဓသရဏပင် အပွင့် ကလေးများ ပြုတ်၍ ရသော ရေဖြင့် ငါးမြွေထိုး၊ ငါးဟင်း ချက်ရာတွင် လောင်း၍ ချက်ပြီး စားပါက မြီးညှောင့်ရိုး ကိုက်သော ရောဂါ၊ ခါးကိုက်ခဲ သောရောဂါ၊ ပိတ်ဝမ်း ရောဂါ တို့အား ပျောက်ကင်းစေ ရုံမက ဇက်ကြောတက် ရောဂါ၊ အနာ ရင်းသော ကြောင့် နာကျင် ကိုက်ခဲသော ရောဂါ ၊ ဝမ်းပျက် ၊ ခံတွင်းပျက်၊ ခြေဆစ် လက်ဆစ် ညောင်းခြင်း၊ ပါးစပ် ချွဲခြင်း စသော ရောဂါ များ ပျောက်ကင်း စေသည်။



၃။ ဒူးခေါင်း ကိုက်ခဲခြင်း ၊ ကွေးဆန့်၍ မရခြင်း အတွက် မရိုးဆေး နှင့် လိမ်းနယ်ပေး ရ၏ ။









၄။ အသက်ကြီး သောသူ များတွင် ဖြစ်ပေါ် တတ်သည့် ဒူးခေါင်း ရောင်ခြင်း၊ အဆစ် အမျက် ရောင်ခြင်း၊ ခြေမျက်စိ ရောင်ခြင်း များအတွက် မိဿလင် မြစ်ဥ ကို ထုထောင်း ၍ ကြပ်စည်း ပေးလျှင် ပျောက်၏။

အဆုပ်ရောဂါ



၁။ ခန်းတောက်မြစ် တစ်ရွေးသား လေးညှင်းတစ်ပွင့် ငရုတ်ကောင်း တစ်စေ့တို့ကိုမိခင်နို့နှင့် သွေးတိုက် သော် ကလေးများအဆုပ်ရောင်ရောဂါ ပျောက်၏။







၂။ငရံ့ပတူအမြစ်ကိုသွေး၍ ချင်းခြောက်မှုန့်နှင့်ရောပြီး ရေနွေးနှင့်သောက်ပါက အဆုတ်နာပျောက်၏။







၃။ ပရန္နဝါ ရွက်ကို ငါးပနော်နှင့် ကြော်ချက် စားခြင်း ၊ ဟင်းချိုသောက် ခြင်းဖြင့် နှလုံးရောဂါ ၊ အဆုတ်ရောင် ၊ အူရောင် ရောဂါ ၊ ကိုယ်ဖော ကိုယ်ရောင် ရောဂါ ၊ ရေဖျဉ်း ၊ မြင်းသရိုက် ၊ လေနာ သလိပ်နာ ၊ အစာ မကြေ ရောဂါများ ပျောက်၏ ။





၄။ အဆုတ်ရောဂါ အတွက် အကြောတစ်ထောင်ပင် ပဉ္စငါးပါး ကြိတ်ညှစ် ရည်ကို နံနက် မှန်မှန် သောက်သော် ပျောက်၏။








၅။ ကျောက်ဖရုံအသီးသည် အဆုတ်ရောဂါကြောင့် အားအင်ကုန်ခန်းခြင်းအတွက် အာဟာရ ဖြစ်စေသည်။အသီးရည်ကို သောက်ခြင်းဖြင့် သွေးယိုစီးခြင်းနှင့် သွေးအန်သွေးကျ ရောဂါ ပျောက်၏ ။





၆။လက်ပံခါးအခေါက် ကို သုံးခွက် တစ်ခွက် တင် ကျိုသောက် သော် အဆုတ် ရောဂါ ၊ အစာ အိမ် အချဉ်ပေါက် ၊ အနာပေါက် ရောဂါ ၊ လေငန်း ဖြစ်စ ရောဂါ ၊ အကြောဆွဲ ရောဂါ၊ နှလုံး ရောဂါ၊ ပန်းနာ ၊ အဖျား ၊ လေထိုး ၊ လေအောင့် ရောဂါများ ပျောက်၏ ။



၇။ ကြောင်ရိုသေပင်အရွက်ပြုတ်ရည် ကို အန်ဆေးအဖြစ် တိုက်ပေးခြင်း ဖြင့် အဆုတ်ရောင်ခြင်း တို့ကို ပျောက်၏ ။

၈။ ကြောင်ရိုသေပင်အရွက်ကို ပြုတ်၍ သုပ်စားပါက အဆုတ်ရောဂါ ၊ ဦးနှောက်ရောဂါ ၊ နားအူ ၊ နားကိုက်ရောဂါ ၊ ဗိုက်အောင့် ရောဂါ ၊ ဗိုက်နာရောဂါတို့ကို ပျောက်စေသည်။

၉။ ဇော်ဂျီတောင်ဝှေးရွက်ကို လူနို့နှင့် ပြုတ်သောက်ပါက အဆုတ်ရောင်ခြင်း ၊ အသည်းရောင်ခြင်း နှင့် ကျောက်ကပ်တွင်ဖြစ်သော ရောဂါများ ပျောက်၏ ။

၁၀။ ဇော်ဂျီတောင်ဝှေးပဉ္စငါးပါးပြုတ်ရည်ကို သကြား ။ ကန်စွန်းရွက်ပြုတ်ရည်နှင့် ဖျော်စပ်၍ နေ့စဉ်သောက်သော် အဆုတ်နာ ပျောက်၏။

သွေးမြင်းသရိုက် ရောဂါ



၁။ ခပေါင်းရေကြည်အစေ့ကို ပြာချ၍ သကြားနှင့် ရောပြီးအနည်းငယ်မျှ သောက်သော် သွေးမြင်းသရိုက် ရောဂါ ပျောက်၏ ။

Wednesday, October 23, 2019

ခွေးရူးရာဂါ




၁။ ငရုတ်ကောင်းစေ့နှင့် အညာခရာစေ့ ၂ မျိုးကို အသင့်အတင့် ရော၍ အမှုန့်ပြုပြီး စားသုံးပါက ခွေးရူးဆိပ် ပြေစေသည်။







၂။ခွေးရူးပြန် ရောဂါအတွက် ပဒိုင်းမြစ် ကို ဆန်ဆေးရည် နှင့် သွေး၍ တိုက်ပြီး အမဲခြောက် ဖုတ် ကျွေးက ပျောက်၏။

ရင်ဘတ်အောင့်ခြင်း



၁။ စံကားဝါအရွက်ကို ရေညှစ်၍ ပျားရည်နှင့်ရောသောက်သော် ရင်ဘတ်အောင့်နာကိုပျောက်ကင်းစေ၏။ ဝမ်းတွင်းရှိ တုတ်ပိုး ၊ သန်ပိုးများကိုလည်း ကျဆင်းစေနိုင်၏။








၂။ ပိတ်ချင်းသီး အမှုန့် ကို ရေနွေး နှင့် သောက်ပါက သန်ကျ၏။ ရင်နာ ၊ ရင်အောင့် ခြင်းလည်း ပျောက်၏။ ပျားရည် နှင့် ရော၍ လျက်ပါက သွေးလွန် သွေးကျ ရောဂါ ပျောက်ကင်း ပြီး အားအင် ပြည့်ဖြိုးစေ၏။

ပေါင်ခြံအကျိတ်အဖု



၁။ စံကားဝါအသီးကိုဖြစ်စေ ၊ အစေ့ကိုဖြစ်စေ ရေနှင့်သွေးလိမ်းသော် ပေါင်၌ အကျိတ်အဖုဖြစ်ခြင်း ပျောက်၏။









၂။ အဖု အပိမ့်များ ဖြစ်ပေါ်၍ ယားယံလျှင် ကောက်ရိုးနွယ် အရည်ကို ညှစ်၍ သုတ်လိမ်းပေးက ပျောက်၏ ။







၃။ ဗောဓိညောင် အရွက်ကို ပေါင်ရင်းသွေးစုနာ ၊ သွေးလျှံသွေးကျနာ ၊ လျှာပါးစပ်ကွဲရောဂါတို့၌ သုံး၏ ။

သူငယ်နာ ရောဂါ



၁။ ဆိတ်ဖလူးအရွက်ကို ရေနွေးဖြောသောက်ပါက သူငယ်နာအဖျားနှင့်သူငယ်နာရောဂါများပျောက်ကင်းစေ၏ ။








၂။ သူငယ်နာ ကျောပူခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ်ရောကြိတ်၍ ကလေးကိုခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျားအထိ သပ်ချပေးပါ။







၃။ပင့်ကူ ထိပ်ပိတ် ကြိတ်ညှစ်ရည် တွင် လက်ချား မီးပေါက်မှုန့် ၊ ပျားရည် အနည်း ငယ် ရောစပ် တိုက်သော် သူငယ်နာ ချောင်းဆိုး ရောဂါ ပျောက်၏။






၄။ ကြောင်ရိုသေပင်၏ အရွက်ရည်ကို ကလေးသူငယ်နာ ချွဲကျပ်ရောဂါအတွက် တမာရွက်ရည် နှင့် ရောစပ်တိုက်ပါက ဝမ်းသွားခြင်း ၊ အော့အန်ခြင်းကို သက်သာစေသည်။ ချွဲကျစေသည်။






၅။ နွားမြေရင်းခေါင်း ကို သွေးကာ သူငယ်စာ ငှက်ပျောသီး တွင် သုတ်လိမ်း၍ မီးကင်ပြီး ကလေးများ အား ကျွေးပါက သူငယ်နာ တက်ခြင်း၊ မျက်ဖြူလန်ခြင်း နှင့် မြွေကင်းကိုက်၍ အဆိပ်တက်ခြင်း များ ပျောက်၏။

နှာခေါင်းသွေးလျှံ



၁။ ဆီးဖြူသီးကို အညက်ကြိတ်၍ ထိပ်က အုံပေးပါက နှာခေါင်းသွေးလျှံ ခြင်း ပျောက်၏။









၂။ ဟင်းနုနယ်ဆူးပေါက်အရွက် ကို ညက်ညက်ကြိတ်၍ နှာခေါင်း မှ စပြီး မျက်နှာ အထက်ပိုင်း သို့ လိမ်းကျံ ပေးသော် နှာခေါင်း သွေးလျှံသွေးကျ ပျောက်၏ ။

ရေစီးကမ်းပြို၊ လျှာကွဲ၊ ပါးစပ်ကွဲ ဖြစ်ခြင်း



၁။ ဆီးဖြူအရွက်ကို ရေနှင့် သုံးခွက်တစ်ခွက်တင် ကျို၍ ရရှိသော အရည်ကို ပလုတ်ကျင်းပေးခဲ့သော် လျှာကွဲခြင်း၊ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းနှင့်ရေစီးကမ်းပြိုဖြစ်ခြင်းများ တစ်ခဏချင်း ပျောက်ကင်း၏။

ကျဗဟုံးနာ




၁။ ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်ပြီး အုန်းဆီနှင့် ရော၍ ကလေးများ၌ ဖြစ်တတ်သော ကျဗဟုံးနာများကို လိမ်းပေးက ပျောက်၏။





၂။ လောက်သေရွက် နှင့် ဆောက်ပြာရွက် ၂ မျိုးကို ပြုတ်၍ ရေနွေးနွေး ဖြင့် မီးဖွား ပြီး နောက် မိခင် ကို လည်းကောင်း ၊ ကလေးကို လည်းကောင်း ချိုးပေးပါက ကျဗဟုံး ရောဂါ ၊ မွေးကတည်း က ပါလာတတ်သော သူငယ်နာ မျိုးစုံ ၊ အကြောတက် ၊ အကြောကပ် ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ် သော ရောဂါ များကို ကာကွယ်နိုင် ၏။

အသားမာပေါက်ခြင်း



၁။ ဆူးပုပ်ရွက်ကို စားခြင်းဖြင့် အသားမာပေါက်ခြင်းကို ပျောက်စေသည်။

ကိုယ်ဝန်တည်စ ဖြစ်သော အန်ခြင်း ၊ပျို့ခြင်း ၊ နှလုံးနာခြင်း



၁။ နံနံစေ့ကို သကြားနှင့် ပြုတ်ပြီး အအေးခံ ၍ ဆန်ဆေး ရည်နှင့် ရောသောက်ပါက မိန်းမများ ကိုယ်ဝန်တည်စ ဖြစ်သော အန်ခြင်း ၊ပျို့ခြင်း ၊ နှလုံးနာခြင်း များ ပျောက်၏ ။









၂။ လေးညှင်းပွင့် ကို သွေး၍ သကြားခဲ ကျိုရည် ပျစ်ပျစ် နှင့် ရောလျက်သော် ကိုယ်ဝန် တည်စ အန်သော ရောဂါ ပျောက်၏။

Tuesday, October 22, 2019

အကြောထုံး၊ အကြောတင်၊ အဆစ်ရောင်ခြင်း



၁။ နီပါးဆေးပင်(တောရဲယို)အရွက်သို့မဟုတ် အခေါက်ကို ကြိတ် ၍ရသော အရည်ဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်ရောင်ခြင်း ၊ နာကျင်ခြင်း ဖြစ်သော နေရာများ ပေါ် တွင် လိမ်းပေးပါ က ပျောက်ကင်း ၏ ။






၂။ ပင့်ကူ ထိပ်ပိတ် ရွက်ကို ကြိတ်၍ ရသော အရည်၌ ပိတ်ချင်းသီး မှုန့် အနည်းငယ် ရောသောက် သော် အကြော ၊ အဆစ် ရောင်ရောဂါ ပျောက်၏။




၃။ ပဒိုင်းညိုအရွက် ကို မီးကင်၍ ကပ်ပေး ပါက အဆစ်ရောင် ရောဂါ နှင့် အရိုးကိုက် ရောဂါ ပျောက်၏။







၄။ ပတဲကောလေးကိုဆီနှင့်ချက်၍လိမ်းနယ် ပေးသော်အကြောတက်ခြင်း၊ လေးလံ ခြင်းရောဂါ ပျောက်ကင်း၏။






၅။ လေဖြတ် ၍ အဆစ် များ ရောင်ခြင်း၊ ခါးကိုက် ခြင်းတို့ ဖြစ်ပါက ပိတ်ချင်းအမြစ်မှုန့် အနည်းငယ် ကို ရေနွေး နှင့် သောက်ရသည်။







၆။ မင်းကိုကာ အမြစ်ဥ နှင့် ရှဉ့်မတက် ဥ ဆတူ ကျို၍ သောက်သော် အဆစ်ရောင် ရောဂါ ပျောက်၏။






၇။ မုန်ညင်းဖြူ စေ့ကို ကွမ်းစားဂမုန်း နှင့်သွေးပြီး လိမ်းသော် အဆစ်ရောင် ခြင်း ပျောက်၏။








၈။ အဆစ် အမျက် ကိုက်ခြင်း နှင့် ရောင်ခြင်း ဖြစ်လျှင် သံလွင်ဆီ နှင့် ယူကလစ်အဆီ ဆတူ ရော၍ လိမ်းက ပျောက်၏။






၉။ ရွက်ကျ ပင်ပေါက် အရွက်ရည် ကို လိမ်းပေးက အဆစ်လွှဲ ၊ အကြောထုံးခြင်း နှင့် မီးလောင်သော အနာများ ပျောက်ကင်း ၏။





၁၀။ အဆစ်ရောင်ခြင်း၊ ကိုက်ခြင်း စသော တစ်ကိုယ်လုံး ဖောက်ပြန်သော လေရောဂါ အတွက် ရှဉ့်မတက်ဥ ရည်သက်သက် ဖြင့် ချက်ထားသော ဆီသက်သက် ကို လိမ်းကျံ ပေးရ၏။







၁၁။ လက်ထုတ်ကြီး အခေါက် ကို လှော်၍ အမှုန့်ပြုပြီး ပျားရည် ထောပတ်တို့ နှင့် ရော၍ သုံးဆောင်ပါက အကြော ရောင်ရောဂါ ပျောက်၏။






၁၂။ လင်းလေကို သီဟိုဠ် သရက်စေ့ အဆီဖြင့် ရောလိမ်း ပါက အဆစ်ရောင်ခြင်း ၊ အကြောထုံး ခြင်း ပျောက်၏။






၁၃။ သင်္ဘောရွက် ကြိတ်ညှစ်ရည်တွင် ဘိန်းအနည်းငယ် ရောလိမ်းသော် အကြောတက်ခြင်း ပျောက်၏။






၁၄။ ဟင်းနုနယ်ဆူးပေါက်အမြစ်ကို သွေး၍ လိမ်းခြင်း ၊ ကြိတ်၍ အုံပေးခြင်းဖြင့် အကြောတက်ရောဂါ ပျောက်၏ ။






၁၅။ ဣဿရမူလီအမြစ်မှုန့်နှင့် ဂျုံပြာ၊ ဆား ဆတူ ရောစပ်၍ ရေနွေးနှင့် သောက်ခြင်း၊ အဆစ်ရောင်သော နေရာများ၌ လူးပေးခြင်းဖြင့် ကိုယ်လက် ကိုက်ခဲခြင်းနှင့် အဆစ်ရောင်ခြင်း ပျောက်၏။







၁၆။ အရိုးအဆစ်နာသောနေရာ၌ ကောက်ရိုးနွယ်ပဉ္စငါးပါးကို ကြိတ်၍ ကြပ်ထုပ်စည်းပေးလျှင် ပျောက်၏ ။







၁၇။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏ ။







၁၈။ချေးသီးကိုကြိတ်၍ လိမ်းအုံပေးသော် အဆစ်ရောင်ရောဂါပျောက်၏။







၁၉။ ပေါက်ပန်းဖြူ မြစ်ကို ရေနှင့်ကြိတ်၍ မီးဖြင့် နွှေးပြီး အဆစ်အဆက် ရောင်သော နေရာများတွင် လိမ်းပေးသော်ပျောက်၏ ။




၂၀။ ရွေးကလေး အရွက် ကို မုန်ညင်း ဆီနှင့် ကြိတ်၍ အဆစ်ရောင် သော နေရာနှင့် အကြောထိုး သော နေရာ များသို့ စည်းပေး ခြင်း ၊ လိမ်းပေးခြင်း ပြုက ရောဂါ ပျောက် ကင်း၏။ မှတ်ချက်။ ။ ရွေးကလေးပင်သည် အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။ 



၂၁။ အဆစ်ရောင် ရောဂါ၊ ကိုယ်လက် ကိုက်ခဲသော ရောဂါ များအတွက် ရေသကျည်း အရွက်ကို ပြုတ်သောက် ရ၏။








၂၂။ လေးညှင်းဆီကို မုန်ညင်းဆီနှင့် ရောလိမ်းသော် အဆစ် အမျက် ကိုက်ခဲ နာကျင်ခြင်း များပျောက်၏။







၂၃။ ကြောင်ပန်း အရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် လည်းကောင်း ၊ ကြော်စားခြင်းဖြင့်လည်းကောင်း အကြော ရောဂါများ ပျောက်ကင်း၏ ။






၂၄။ ကြောင်ရိုသေပင်အရွက်ရည်ကို ကြက်ဆူဆီနှင့် ရော၍ အဆစ်အမျက်ကိုက်ရာတွင် လိမ်းပေးသော် ပျောက်ကင်းစေ၏။








၂၅။ ကြက်ဟင်းခါး အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။