Monday, October 7, 2019

ဣစ္ဆာသယဆေး





၁။     နတ်ဆေးဂမုန်းအခြောက်မှုန့်( ၂ )ကျပ်သား၊ ပျားရည်( ၅၀)ကျပ်သားတစ်ပုလင်း၊ ထောပတ်(၂၅) ကျပ်သား ကိုဖန်ဘူးတွင်သမအောင်ရောစပ်၍နေ( ၇ ) ရက်လှန်းပါ။အေးလွန်းသောရာသီတွင်နေပူချိန်၌ မကြာခဏထုတ်လှန်း၍သမအောင်ကြာကြာမွှေပေးပါ။စားသုံးကြည့်လျှင်၊ဖန်နေသေးလျှင်ပျားရည်ထပ်ရောနှော၍နေလှန်းပါ။ ထိုဆေးကို ပန်းနာရင်ကျပ်၊ သွေးတိုး၊ သွေးဝမ်း၊ လိပ်ခေါင်း၊ မောပန်းနာ၊ ခြေအေး၊ လက်အေး၊ ကိုယ်လက်လေးလံခြင်း၊ ခေါင်းမူး၊ မျက်စိဝေခြင်း၊ မှုန်ခြင်း၊ အစာမကြေ၊ ဝမ်းကိုက်၊ လေထိုးလေအန်၊ လေပူထခြင်း၊ လေပြင်းခံခြင်း၊ ပန်းသေပန်းညှိုး၊ အားအင်ကုန်းခန်း၊ မောပန်းလွယ်ခြင်း၊ စားမဝင်အိပ်မပျော်ခြင်း၊ စိတ်မကြည်လင်ခြင်း၊ မိန်းမတို့မီးယပ်သွေးမမှန်ခြင်း၊ သွေးဆုံးရောဂါတို့အတွက် သုံးရပါသည်။

No comments:

Post a Comment