Tuesday, October 22, 2019

အကြောထုံး၊ အကြောတင်၊ အဆစ်ရောင်ခြင်း



၁။ နီပါးဆေးပင်(တောရဲယို)အရွက်သို့မဟုတ် အခေါက်ကို ကြိတ် ၍ရသော အရည်ဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်ရောင်ခြင်း ၊ နာကျင်ခြင်း ဖြစ်သော နေရာများ ပေါ် တွင် လိမ်းပေးပါ က ပျောက်ကင်း ၏ ။






၂။ ပင့်ကူ ထိပ်ပိတ် ရွက်ကို ကြိတ်၍ ရသော အရည်၌ ပိတ်ချင်းသီး မှုန့် အနည်းငယ် ရောသောက် သော် အကြော ၊ အဆစ် ရောင်ရောဂါ ပျောက်၏။




၃။ ပဒိုင်းညိုအရွက် ကို မီးကင်၍ ကပ်ပေး ပါက အဆစ်ရောင် ရောဂါ နှင့် အရိုးကိုက် ရောဂါ ပျောက်၏။







၄။ ပတဲကောလေးကိုဆီနှင့်ချက်၍လိမ်းနယ် ပေးသော်အကြောတက်ခြင်း၊ လေးလံ ခြင်းရောဂါ ပျောက်ကင်း၏။






၅။ လေဖြတ် ၍ အဆစ် များ ရောင်ခြင်း၊ ခါးကိုက် ခြင်းတို့ ဖြစ်ပါက ပိတ်ချင်းအမြစ်မှုန့် အနည်းငယ် ကို ရေနွေး နှင့် သောက်ရသည်။







၆။ မင်းကိုကာ အမြစ်ဥ နှင့် ရှဉ့်မတက် ဥ ဆတူ ကျို၍ သောက်သော် အဆစ်ရောင် ရောဂါ ပျောက်၏။






၇။ မုန်ညင်းဖြူ စေ့ကို ကွမ်းစားဂမုန်း နှင့်သွေးပြီး လိမ်းသော် အဆစ်ရောင် ခြင်း ပျောက်၏။








၈။ အဆစ် အမျက် ကိုက်ခြင်း နှင့် ရောင်ခြင်း ဖြစ်လျှင် သံလွင်ဆီ နှင့် ယူကလစ်အဆီ ဆတူ ရော၍ လိမ်းက ပျောက်၏။






၉။ ရွက်ကျ ပင်ပေါက် အရွက်ရည် ကို လိမ်းပေးက အဆစ်လွှဲ ၊ အကြောထုံးခြင်း နှင့် မီးလောင်သော အနာများ ပျောက်ကင်း ၏။





၁၀။ အဆစ်ရောင်ခြင်း၊ ကိုက်ခြင်း စသော တစ်ကိုယ်လုံး ဖောက်ပြန်သော လေရောဂါ အတွက် ရှဉ့်မတက်ဥ ရည်သက်သက် ဖြင့် ချက်ထားသော ဆီသက်သက် ကို လိမ်းကျံ ပေးရ၏။







၁၁။ လက်ထုတ်ကြီး အခေါက် ကို လှော်၍ အမှုန့်ပြုပြီး ပျားရည် ထောပတ်တို့ နှင့် ရော၍ သုံးဆောင်ပါက အကြော ရောင်ရောဂါ ပျောက်၏။






၁၂။ လင်းလေကို သီဟိုဠ် သရက်စေ့ အဆီဖြင့် ရောလိမ်း ပါက အဆစ်ရောင်ခြင်း ၊ အကြောထုံး ခြင်း ပျောက်၏။






၁၃။ သင်္ဘောရွက် ကြိတ်ညှစ်ရည်တွင် ဘိန်းအနည်းငယ် ရောလိမ်းသော် အကြောတက်ခြင်း ပျောက်၏။






၁၄။ ဟင်းနုနယ်ဆူးပေါက်အမြစ်ကို သွေး၍ လိမ်းခြင်း ၊ ကြိတ်၍ အုံပေးခြင်းဖြင့် အကြောတက်ရောဂါ ပျောက်၏ ။






၁၅။ ဣဿရမူလီအမြစ်မှုန့်နှင့် ဂျုံပြာ၊ ဆား ဆတူ ရောစပ်၍ ရေနွေးနှင့် သောက်ခြင်း၊ အဆစ်ရောင်သော နေရာများ၌ လူးပေးခြင်းဖြင့် ကိုယ်လက် ကိုက်ခဲခြင်းနှင့် အဆစ်ရောင်ခြင်း ပျောက်၏။







၁၆။ အရိုးအဆစ်နာသောနေရာ၌ ကောက်ရိုးနွယ်ပဉ္စငါးပါးကို ကြိတ်၍ ကြပ်ထုပ်စည်းပေးလျှင် ပျောက်၏ ။







၁၇။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏ ။







၁၈။ချေးသီးကိုကြိတ်၍ လိမ်းအုံပေးသော် အဆစ်ရောင်ရောဂါပျောက်၏။







၁၉။ ပေါက်ပန်းဖြူ မြစ်ကို ရေနှင့်ကြိတ်၍ မီးဖြင့် နွှေးပြီး အဆစ်အဆက် ရောင်သော နေရာများတွင် လိမ်းပေးသော်ပျောက်၏ ။




၂၀။ ရွေးကလေး အရွက် ကို မုန်ညင်း ဆီနှင့် ကြိတ်၍ အဆစ်ရောင် သော နေရာနှင့် အကြောထိုး သော နေရာ များသို့ စည်းပေး ခြင်း ၊ လိမ်းပေးခြင်း ပြုက ရောဂါ ပျောက် ကင်း၏။ မှတ်ချက်။ ။ ရွေးကလေးပင်သည် အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။ 



၂၁။ အဆစ်ရောင် ရောဂါ၊ ကိုယ်လက် ကိုက်ခဲသော ရောဂါ များအတွက် ရေသကျည်း အရွက်ကို ပြုတ်သောက် ရ၏။








၂၂။ လေးညှင်းဆီကို မုန်ညင်းဆီနှင့် ရောလိမ်းသော် အဆစ် အမျက် ကိုက်ခဲ နာကျင်ခြင်း များပျောက်၏။







၂၃။ ကြောင်ပန်း အရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် လည်းကောင်း ၊ ကြော်စားခြင်းဖြင့်လည်းကောင်း အကြော ရောဂါများ ပျောက်ကင်း၏ ။






၂၄။ ကြောင်ရိုသေပင်အရွက်ရည်ကို ကြက်ဆူဆီနှင့် ရော၍ အဆစ်အမျက်ကိုက်ရာတွင် လိမ်းပေးသော် ပျောက်ကင်းစေ၏။








၂၅။ ကြက်ဟင်းခါး အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။

No comments:

Post a Comment