Sunday, October 6, 2019

မီးယယ်ဖြူနှင့်ဓာတ်ပျက်ရောဂါ


         




၁။           ခရေပွင့်အစို - ၃ မတ်သား ၊ ဗာဒံစေ့ - ၃ စေ့ ၊ သကြား - ၃ ပဲသားတို့ကိုရော၍နံနက်၊ ညတစ်ကြိမ်စီ သောက်ပါက မီးယယ်ဖြူနှင့်ဓာတ်ပျက်ရောဂါ များပျောက်ကင်း၏။





၂။          ဆေးအိုးဗုတ်ပင်၏ အရွက် (၃) ကျပ်သားကိုရေ (၄၈) ကျပ်သားနှင့် (၆) ကျပ်သားမျှကျန်အောင် ကျိုပြီးလျှင် တစ်ခွက်စာ (၃) ကျပ်သားမျှတိုက်မူ မီးယယ်ဖြူနှင့်ဓာတ်ပျက်ရောဂါ များပျောက်ကင်း၏။







၃။           ကစော့ခါးပင်၏ ပဥ္စငါးပါး နူပ်နူပ်စဉ်း၍ ရေထက်ဝက်ခမ်းအောင် ကျိုပြီး ပိတ်သန့်သန့်ဖြင့် စစ်၍ အေးလျှင် ပျားရည် တဆယ်သားခန့် ထည့်ပါ၊ လက်ဖက်ရည် ပန်းကန်ဖြင့် ထက်ဝက်ခန့် တနေ့ ၂ ကြိမ်သောက်ပါက မီးယပ်ဖြူ ဆင်းသည့် ရောဂါပျောက်၏။






၄။ အမျိုးသမီးများ မီးယပ်သွေးလွန်ရောဂါဖြစ်နေလျှင် ဆီးဖြူခေါက်၊ ဆီးဖြူရွက်တို့ကို ထုထောင်း၍ ဆီးခုံပေါ်အုံပြီးစည်းပေးထားပါက မီးယပ်သွေးလွန်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။









၅။ ဒန္တသုခ အမြစ် ကို ပြုတ်၍ ရာသီသွေး လွန်ခြင်း၊ ညောင်းကျ ခြင်းတို့ ၌ တိုက်ရ၏။

No comments:

Post a Comment