Sunday, October 6, 2019

သွားရောဂါ


 


၁။          ခရေပွင့်အစို - ၃ မတ်သား ၊ ဗာဒံစေ့ - ၃ စေ့ ၊ သကြား - ၃ ပဲသားတို့ကိုရော၍နံနက်၊ ညတစ်ကြိမ်စီ သောက်ပါက သွားနာကျင်ကိုက်ခဲခြင်း၊ နဲ့ခြင်းတို့ကိုပျောက်ကင်းနိုင်သည်။ သွားနာလျှင် ခရေပင်၏အခေါက်ကိုပြုတ်၍ငုံထွေးပေးရ၏။ ဖန်ဆေးရည်အဖြစ်လည်းအသုံးပြုနိုင်သည်။






၂။          သွားကိုက်၊ သွားနာ၊ သွားနဲ့၊ သွားဖုံးရောင်ခြင်းဖြစ်လျှင်အိပ်ယာဝင်ခါနီး နတ်ဆေးဂမုန်း အခြောက်ကိုကွမ်းသီးငုံသကဲ့သို့ငုံထားပါ။ ၎င်းအမြစ်ကိုလည်း ကျကျပြုတ်၍ငုံပေးပါ။ အိပ်ယာထလျှင် သိသာစွာသက်သာပျောက်ကင်းနိုင်ပါသည်။






၃။           သွားကိုက်၊ နာကျင်ခြင်း နှင့် သွားပိုးထသောအခါ ကစော့ခါးပင်၏အမြစ်ကိုသွေး၍ သွား၌ သိပ်ပေးခြင်း၊ အမြစ်မှုန့်ကို မှိုင်းတိုက်၍ အခိုးရှူပေးခြင်းခြင့် သွားနှင့်ပတ်သက်သော ရောဂါများပျောက်၏။

No comments:

Post a Comment