၁။ ခရေပင်၏အခေါက်ပြုတ်ရည်ကိုသောက်ခြင်း၊ ခရေရွက်၊ ခရေပွင့် ကိုရှုခြင်း၊ ခရေသီးကိုစားခြင်း၊ ဖြင့်နှလုံးရောဂါကို ပျောက် ကင်း စေပါသည်။
၂။ ကရမက်ကိုသွေး၍လိမ်းခြင်းဖြင့်၎င်း၊ သောက်ခြင်းဖြင့်၎င်း၊ သလိပ်ကြေစေပြီး နှလုံးရောဂါ၊ ဆီးရောဂါ ညောင်းကျရောဂါများ ပျောက်ကင်း ၏။
၃။ ပန်းသီးမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ပန်းသီးမှာ အမျှင်ဓာတ် ပက်တင်(Pectin) အပြည့်အဝပါဝင်တာကြောင့် နှလုံး သွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ကြယ်စင်
၃။ ပန်းသီးမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ပန်းသီးမှာ အမျှင်ဓာတ် ပက်တင်(Pectin) အပြည့်အဝပါဝင်တာကြောင့် နှလုံး သွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ကြယ်စင်
၄။ ဘော်ဒန်လေ့လာမှုတစ်ရပ်အရ အမျိုးသားနဲ့ အမျိုးသမီး တစ်သောင်းခန့်ကို လေ့လာခဲ့ရာ ကုလားပဲကိုပုံမှန် စားတဲ့သူတွေက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ အန္တရာယ်ကို ၂၂-ရာခိုင်နှုန်း လျော့ကျစေတယ်လို့သိရပါတယ်။ ဘယ်လိုအကျိုးကျေးဇူးရရှိသလဲ ပဲအားလုံးမှာ နှလုံးကျန်းမာရေးကိုကောင်းစေတဲ့ အစွမ်းရှိပါတယ်။ ကုလားပဲမှာ ပျော်ဝင်အမျှင်ဓာတ်တွေပါ ဝင်တာကြောင့် သွေးတွင်းကိုလက်စထရာအဆင့်ကို လျှော့ကျစေတဲ့အပြင် နှလုံးကိုကာကွယ်ပေးတဲ့ အင်တီအောက်ဆီးဒင့်၊ ပိုတက်စီယမ်နဲ့ အိုမီဂါ ၃, ဖက်တီးအက်စစ်တွေ ပါဝင်ပါတယ်။ ကုလားပဲကိုပြုတ်ပြီး တစ်ပတ်မှာ လေးကြိမ်စားပေးနိုင်ပါတယ်။ကြယ်စင်
၅။ လေ့လာမှုကြီးတွေအရ အခွံမာသီးတွေကို ပုံမှန်စားတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို ၃၇-ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဗာဒံစေ့နဲ့ အရသာတူတဲ့ Almond စေ့မှာ တခြားအခွံမာသီးတွေထက် နှလုံးကို ကာကွယ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပိုမိုပါဝင်နေပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေရရှိသလဲ ဗာဓံစေ့မှာ အမျှင်ဓာတ်၊ ဗီတာမင်အီး၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်အပါအဝင် နှလုံးကျန်းမာစေတဲ့ အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ်ဟာ သွေးဖိအားကို ကျန်းမာတဲ့အဆင့်မှာ ထိန်းထားပြီး ပိုတက်စီယမ်က နှလုံးကနေ သွေးညှစ်ထုတ်ရာမှာ ကောင်းအောင် ကူညီပေးပါတယ်။ကြယ်စင်
၆။ စပျစ်သီးမှာ နှလုံးကိုကာကွယ်ပေးတဲ့ ဗီတာမင်စီ၊ ဗီတာမင်ဘီစစ်၊ ပိုတက်စီယမ်နဲ့ ဖလေဗိုးနွိုက်အပါအဝင် အာဟာဓာတ်တွေပါဝင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးရရှိသလဲ စပျစ်သီးမှာ အင်တီအောက်ဆီးဒင့်နဲ့ ရောင်ရမ်းမှုကျစေတဲ့အာနိသင်တွေ ပါဝင်ပါတယ်။ စပျစ်သီးမှာပါတဲ့အာ ဟာရဓာတ်တွေကြောင့် သွေးဖိအားကောင်းစေပြီး မကောင်းတဲ့ ကိုလက်စထရောကို လျှော့ကျစေပါတယ်။ ဗီတာမင် ဘီစစ် ပါဝင်တာကြောင့် ရောင်ရမ်းမှုကိုလျှော့ကျစေပြီး နှလုံးသွေးကြောကျဉ်းတာနဲ့ သွေးတိုးတာကို လျှော့ကျစေပါတယ်။ကြယ်စင်
ကြယ်စင်
No comments:
Post a Comment