Monday, October 7, 2019

မီးလောင် ၊ ရေနွေးပူလောင်လျှင်




၁။     မီးပူ၊ ရေနွေးပူလောင်လျှင် နတ်ဆေးဂမုန်းအမြစ်၊ အရွက်အရိုးတို့ကိုရေနှင့်သွေးလိမ်းပေးက အနာ မဖြစ်စေဘဲ သက်သာပျောက်ကင်းစေနိုင်ပါသည်။ ထိခိုက်ရှနာကိုလည်းထိုနည်းတူလိမ်းပေးနိုင်ပါသည်။ 







၂။ မီးလောင်၊ ရေနွေးပူလောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ အမှုန့်ပြုပြီး ဖြူးပေးရ၏။







၃။ ဝါစေ့ အဆံကို ကြိတ်၍ မီးလောင်နာ များကို လိမ်းပေးက ပူလောင်ခြင်း ပျောက်၏။





၄။ဖန်ခါးသီး အခြောက်မှုန့် နှင့် အုန်းဆီ ရော၍ မီးလောင် ဖု များကို လိမ်းပေး သော် အနာ သက်သာ စေသည်။







၅။ မီးလောင် အပူလောင် ခြင်း ဖြစ်သော် မီးကွင်း ဂမုန်း အရွက်နုကို သကြား အနည်းငယ် ရောပြီး ထုထောင်း ကြိတ် ခြေ၍ လိမ်းပေး ရ၏ ။







၆။ ဗောဓိညောင် ခေါက်ကို မီးလောင်နာ၊ နို့နာ ၊ မေးခိုင်နာ ၊ တိရစ္ဆာန်များ၌ ပိုးကျသောအနာများ ကုသသော ဆေးဖော်စပ်သုံး၏ ။








၇။ ကြစုသီးကို ရေနှင့်သွေး၍ ပျားရည်၊ နှမ်းဆီတို့နှင့် ရောပြီး မီးလောင်သောနေရာ ၊ ရေနွေးပူလောင်သော နေရာတို့၌ လိမ်းကျံပေးရ၏။






၈။ ကြိတ်မှန်ရွက်ရည်နှင့် ပင်စိမ်းရွက်ရည်ရော၍ တစ်နေ့ ၂ကြိမ် ခန့် မီးလောင်နာပေါ်တွင် လိမ်းပေးသော် ပူလောင်ခြင်း ပျောက်၍ အမာရွတ်များလည်း ပျောက်ကင်းသည်။

No comments:

Post a Comment