အမည် - ခရေ ( ချယား)
အင်္ဂလိပ်အမည် -Star Flower
ရုက္ခဗေဒအမည်-Minusops elengi
မျိုးရင်းအမည် -Sapotaceae
ပုံသဏ္ဌာန်
ပင်စည်ဖြောင့်မတ်သောအပင်ကြီးမျိုးဖြစ်၍ပေ(၄၀)ခန့်မြင့်သည်။အရွက်သည်ရွက်လွှဲထွက်၍အစိမ်းရောင်ရှိပြီးပြောင်ချောသည်။ ရွက်ထိပ်ချွန်ပြီးရွက်ရင်းဝိုင်းသည်။ အပွင့်များမှာမွှေးကြိုင်၍ ကဆုန်၊ နယုန်လ တွင်ပွင့်သည်။ အသီးမှာဘဲဥပုံရှိ၍အစိမ်းရောင်မှရင့်မှည့်သောအခါလိမ္မော်ရောင်ဖြစ်သွားသည်။ အသားထူထပ်သည်။ ဝါခေါင်၊ တော်သလင်းလတွင်အသီးသီးသည်။
ပေါက်ရောက်ပုံ
သဘာဝအလျောက်ပေါက်ရောက်သည်။
အသုံးပြုသည့်အစိတ်အပိုင်း
အပွင့်၊အခေါက်၊အစေ့၊ပဉ္စငါးပါးအသုံးပြုသည်။
အာနိသင်
အသီးသည်ပြေပြစ်၏။အူတို့ကိုတွန့်ရှုံ့စေ၏။မြိန်စေ၏။သွားတို့ကိုခိုင်စေ၏။ ချုပ်၏။ သလိပ် သည်းခြေ ကို နိုင်၏။ နှုတ်မမြိန်၊သွားရောဂါ၊သွေးဖောက်ပြန်သောရောဂါစသည်တို့ကိုပျောက်ကင်းစေ၏။
အခေါက်သည်နှလုံးကိုအားရှိစေ၏။ဝမ်းမီးကိုပွားစေ၏။ ပိုးတို့ကိုဖျက်စီးတတ်၏။တွန့်ရှုံ့စေတတ်၏။
သွားဖုံးရောဂါများ၌အကျိုးပြု၏။ သည်းခြေဖောက်ပြန်ခြင်းကိုပျောက်ကင်းစေ၏။ အစေ့သည် လှုပ်နေသော သွားတို့ကို ခိုင်စေ၏။ ရှုခဲ့သော်ခေါင်းကိုက်ခြင်းကိုပျောက်ကင်းစေ၏။(အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်-ပထမတွဲ)
No comments:
Post a Comment