Sunday, October 6, 2019

မက္ခရုနာ




 ၁။          ခရေခေါက်၊ ဆီးဖြူခေါက်၊ ရှားခေါက် ၎င်း အခေါက်(၃)မျိုးကိုပြုတ်၍နေ့အခါတွင် ၄-၅ ခါမျှငုံ၍ ထွေးပစ်ခြင်းဖြင့်ပါးစပ်၌မက္ခရုပေါက်ခြင်း၊ သွားဖုံးရောင်ခြင်း၊ ပါးစပ်၌အပူလောင်ခြင်းစသောခံတွင်းနာ အားလုံးပျောက်ကင်းပြီးလျှင်သွားများလည်းခိုင်မာစေပါသည်။ 




၂။             ကုလားမျက်စိရွက် အခြောက်လှန်းမှုန့်ကို နှမ်းဆီနှင့် ဖျော်လိမ်းက ဝဲခြောက် နှင့်းခူရောဂါ၊ ကိုယ်လက် ရောင်တင်းသော ရောဂါ၊ ကလေးများ ရင်ပြည့် ဗိုက်ကယ်သောရောဂါ၊ အကြောထုံးရောဂါ၊ အသားအရေ ဖြူဖပ်ဖြူရော်ရောဂါ၊ ချမ်းတုံပူတုံရောဂါတို့ပျောက်၏၊ ကလေးများ မက္ခရုပေါက်က ၎င်းဆေးဖြင့် လျှာကို လိမ်းပေးက ပျောက်၏။



၃။ သံဓာတ်ပမာဏ လျော့နည်းတာက နာတာရှည်မက္ခရုဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတစ်ခုပါ။ ရောဂါပိုးကို တွန်းလှန်ပေးတဲ့ သွေးဖြူဥတွေက သံဓာတ်လို အပ်ပါတယ်။ ဒါမှသာ မှိုပိုးတွေကို ဖျက်ဆီးပစ်မယ့် ဓာတ်တွေကို ထုတ်ပေးနိုင်မှာ ဖြစ်လို့ပါ။ သံဓာတ်အဆင့်က သွေးအားနည်းရောဂါ ဖြစ်လောက်အောင် လျော့နည်းလွန်းနေရင် အသားနဲ့ အရွက်ကို များများစားပေးဖို့ လိုအပ်နေပါပြီ။ သံဓာတ်ပါဝင်မှု အများဆုံးအစာက အနီရောင်အသားပါ။ ဒါ့အပြင် ဟင်းနုနယ်လို အစိမ်းရောင် ဟင်းရွက်တွေမှာလည်း သံဓာတ်များများ ပါဝင် ပါတယ်။ ဒီအစာတွေကို လိမ္မော်ရည်လို ဗီတာမင် စီများတဲ့ အရည်နဲ့ တွဲဖက်စားသောက်ပေးရင် ခန္ဓာကိုယ်က သံဓာတ်ကို ကောင်းကောင်း စုပ်ယူနိုင်ပါလိမ့်မယ်။




၄ ။ ကလေးများ မက္ခရုနာ ပေါက်လျှင် မုန်ညင်းဆီ ဖြင့် သုံးခါမျှ လိမ်းပေးရုံနှင့် မက္ခရု များ ကြွေကျ ပျောက်ကင်း၏။

No comments:

Post a Comment