အင်္ဂလိပ်အမည် - Indian heliotrope
ရုက္ခဗေဒအမည် - Heliotropium indicum
မျိုးရင်းအမည် - Boraginaceae
ပုံသဏ္ဌာန်
အမြင့်တစ်တောင်ကျော်ကျော်ခန့်မြင့်ပြီးအုပ်စုလိုက်ပေါက်တတ်သောပင်ငယ်မျိုးဖြစ်သည်။
အပွင့်သည်အခက်ထိပ်တွင်အစုလိုက်ပွင့်သည်။ အပွင့်မှာအဖြူရောင်နှင့်ခရမ်းရောင်ပျော့ပျော့ရှိသည်။
ပွင့်တံမှာဆင်နှာမောင်းနှင့်သဏ္ဌာန်တူသည်။ဆင်နှာမောင်းတွင်ဆင်နှာမောင်းကြီးနှင့်ဆင်နှာမောင်းငယ်
ဟူ၍နှစ်မျိုးရှိသည်။
ပေါက်ရောက်ရာဒေသ
မြန်မာနိုင်ငံအနှံ့အပြားတွင်သဘာဝပေါက်ပင်အဖြစ်အများဆုံးတွေ့ရှိနိုင်သည်။
ပေါက်ရောက်ပုံ
သဘာဝအလျောက်ပေါက်ရောက်သည်။
အသုံးပြုသည့်အစိတ်အပိုင်း
ပဉ္စငါးပါး(တစ်ပင်လုံး)ကိုဆေးသုံးနိုင်သည်။
အာနိသင်
အေး၍ခါးသောအရသာရှိသည်။ အဖျားရောဂါကိုပျောက်ကင်းစေနိုင်သည်။နာကျင်ကိုက်ခဲခြင်း ကိုသက်သာစေသည်။ ဆီးကိုကောင်းမွန်စေသည်။ အထူးသဖြင့်ဆီး၌သွေးပါခြင်းကိုကောင်းမွန်စေသည်။
အသားနုကိုအမြန်တက်စေသောအာနိသင်ရှိသည်။ အဖောအရောက်ကိုကျစေသည်။ (အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်-ပထမတွဲ)
No comments:
Post a Comment