(ဆင်နှာမောင်းပင်ကိုရုက္ခမူဆားပြုလုပ်၍အခြားဆေးဖက်များနှင့်တွဲဖက်၍သုံးစွဲပေးပါကအာနိသင်ကိုပိုမိုထက်မြက်စေပါသည်။)
၂။ ဆေးအိုးဗုတ်ပင်၏ အရွက် (၃) ကျပ်သားကိုရေ (၄၈) ကျပ်သားနှင့် (၆) ကျပ်သားမျှကျန်အောင် ကျိုပြီး လျှင်၎င်းပြုတ်ရေကိုဖန်ဆေးပြုမူအနာများ၊ ပြည်ပုတ်စသည်တို့စင်ကြယ်ပြီးလျှင်မြန်စွာ အသားနု တက်စေသည်။
၃။ တပင်တိုင်မြနန်းပင်၏ အရွက်အား အနာများပေါ်တွင်ကပ်ပေးထားခြင်းဖြင့်လျင်မြန်စွာအသားနု တက်လာကြောင်းတွေ့ရှိရပြီးအနာကျက်မြန်စေပါသည်။
၄။ ကင်ပိမ့်အရွက်မှထုတ်၍ရသော အဆီသည် အပူနာ၊ ယားနာ၊ နှင်းခူတို့ကိုပျောက်ကင်းစေသည်။
၅။ အောင်မဲဖြူရွက် ကိုကြိတ်၍ ခူနာများ၌ စည်းပေးပြီး စည်းထားသော နေရာ၌ ရေမကြာ ခဏ ဆွတ်ပေးပါက ခူနာ ပျောက်၏။
No comments:
Post a Comment