Sunday, October 6, 2019

ဆီးပူ၊ ဆီးအောင့်


၁။          ဆင်နှာမောင်းသည်ဝမ်းကိုအနည်းငယ်သက်စေပြီးဆီးကိုကောင်းမွန်စေနိုင်ပါသည်။ဆီးဝမ်းချုပ်သူများစားသုံးပေးနိုင်သည်။ 
မှတ်ချက်။ ။(ဆင်နှာမောင်းပင်သည်အသည်းကိုထိခိုက်စေသဖြင့်ချင့်ချိန်သုံးစွဲသင့်ပါသည်။ ဆင်နှာမောင်းပင်သည်အသည်း၏ လုပ် ဆောင်ချက်ကိုထိခိုက်စေနိုင်သောသတ္တိရှိ၍အသည်းရောဂါရှိသူများသုံးစွဲရန်မသင့်ပါ။)






၂။           ကညွတ် ခေါ် ရှည့်မတက် အမြစ်ဥ အရည်ကို ပျားရည်။ နွားနို့ရည်တို့နှင့်ရော၍ သောက်ပါက ဆီးပူ၊ ဆီးအောင့်ခြင်း၊ ကိုက်ခဲခြင်းနှင့် အမျိုးမျိုးသော သည်း‌ခြေရောဂါများ ပျောက်ကင်း၏။






၃။           ကုလားမျက်စိပင်သည် အသက်ရှည်သော ဆေးအဖြစ် အလွန်ထင်ရှား၏။ ကုလားမျက်စိ အညွန့်အရွက်များကို ပြုတ်တို့ခြင်းဖြင့် ဆီးရွှင်ဆီးကောင်စေသည်။ 

၄။           ကုလားမျက်စိပင်၏ပဥ္စငါးပါးကို သုံးခွက်တခွက်တင်ကျို၍ အအေးခံပြီး သကြားထည့် သောက်ပါက ဆီးပူ ဆီးအောင့်၊ ဆီးနည်း၊ အသံဝင်၊ အဖျား၊ အညောင်း၊ အကိုက်ရောဂါတို့ကို ပျောက်စေ၏။ 

၅။          ကုလားမျက်စိပင်၏ပဥ္စငါးပါးကို ထန်းလျက်နှင့်ကျို၍ အအေးခံ ထားသော ရေတွင် စမှုန်မျိုးငါးပါးမှုန့် အဝတ်နှင့်ထုပ်စိပ်ထားပြီး ယင်းစိမ်ရေ တွင် ဆားပုပ်အမှုန့်ထည့်၍ တနေ့ (၃)ကြိမ် သောက်သော် ဆီးရောဂါအမျိုးမျိုး၊ လေအောင့်အစာမကြေ မျက်စိရောဂါအမျိုးမျိုး၊ နှလုံးရောဂါ၊ သားအိမ်ရောဂါ၊ ဖောရောင် ညောင်းကိုက်၊ မြင်းသရိုက်ရောဂါတို့ကို ပျောက်စေ၍ အားတိုးစေသည်။

No comments:

Post a Comment