ဆီးချို၊ သွေးချို (Dibetes)ရောဂါကုသရေးအတွက်တိုင်းရင်းဆေးဖြစ်တဲ့
ပျားမြီးစွဲအပင် (Bee Tail
Plant) အကြောင်းသိမှတ်ဖွယ်...
၁။ ဆေးပင်အမည်= ပျားမြီးစွဲအပင် (Bee Tail Plant)
၂။ မူရင်း= ထိုင်ဝမ်
၃။ ပျံ့နှံ့မှု=မြန်မာ၊ထိုင်း၊
မလေးရှား၊စကာၤပူ၊အင်ဒိုနီးရှား၊
၄။ ထူးခြားမှု= ပင်ပျော့၊
နွယ်ပင်မျိုးဖြစ်သည်။
အရွက်သည်
ပျားကိုယ်အနောက်ပိုင်းနဲ့တူပြီးအရွက်ဘေးတွင် အထစ်များပါဝင်သည်။ ရင့်သော အပင်များ၏ ပင်စည်သည် နီညိုရောင်ရှိသည်။ အရိုး၊ အလက်ကိုဖြတ်၍ မြေတွင်စိုက်ရုံဖြင့် ရှင်သန်သည်။ မျိုးပွား လွယ်သည်။
၅။ ကုသနည်း = ဦးစွာ သွေးချို၊ ဆီးချိုကို စစ်ဆေး
တိုင်းတာရပါမည်။
(က) ပုံမှန် ထက်အနည်းငယ် တက်နေပါက
တစ်နေ့လျှင် ပျားမြီးရွက် တစ်ရွက်အားရေသန့်သန့်နှင့် ဆေး၍ ဝါးစားရန်ဖြစ်သည်။ စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။
( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )
(ခ) ဆီးချို၊သွေးချိုသည် (၂၀၀)နှင့်
(၃၆၀)ကြားရှိပါက နေ့စဉ် ပျားမြီးစွဲရွက် သုံးရွက်ကိုရေစင်စင်ဆေး၍ ဝါးစားရန်ဖြစ်သည်။ စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။
( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )
(ဂ) အကယ်၍ ဆီးချို၊သွေးချိုသည်
(၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးစွဲရွက် အစိမ်း (၆)မှ (၉)ရွက်ထိ
ရေသန့်သန့်ဖြင့်ဆေးပြီး
ဝါးစားရန်ဖြစ်ပါသည်။ စားပြီးနောက်တစ်နေ့တွင်
ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။ ( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ
)
(ဃ) အကယ်၍ ဆီးချို၊သွေးချိုသည်
ပျားမြီးစွဲရွက်စားများ၍ သွေးချိုကျဆင်းသွားပါကအချိုရည်တစ်ခုခု ကို
သောက်သုံးနိုင်သည်။ မူလ (Normal Level) အခြေသို့ရောက်သွားသောအခါ
အချိုရည် အစားအစာကို ခေတ္တရပ်ထားလိုက်ပါ။
(င) ဆီးချို၊သွေးချို ကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည် အထက်ပါ ပျားမြီးစွဲရွက်ကို စားခြင်းဖြင့်အဆင်ပြေနိုင်ကြောင်း
လေ့လာသိရှိရပါသည်။
ဆီးချို၊သွေးချို ရောဂါနှင့်
ပတ်သက်၍ ကျွန်တော် လက်လှမ်းမီသမျှ လေ့လာထားတာရှိပါသည်။ဆီးချို၊ သွေးချို
ရောဂါဆိုတာ သွေးထဲမှာ သကြားဓာတ်(အချိုဓာတ်) လွန်ကဲများပြားနေခြင်းကြောင့်
ဖြစ်ပေါ်လာသည့်ရောဂါမျိုးဖြစ်ပါသည်။ အမျိုးသား အမျိုးသမီး မရွေး ဖြစ်နိုင်သည်
ရောဂါဖြစ်ပါသည်။ မျိုးရိုးလိုက်၍ ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်သလို
ကိုယ်ခန္ဓာ ဝသူ၊ပိန်သူ၊ကြီးသူ၊ငယ်သူ ဖြစ်ပါစေ ၊အစားအသောက် အနေအထိုင် မဆင်ခြင်ပါက
ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ပါသည်။ သွေးဖောက်စစ်ဆေးလို့
ရောဂါမရှိပေမယ့်တစ်ချိန်ချိန်မှာ ဆီးချို၊ သွေးချို ရောဂါ ရှိလာနိုင်ကြောင်းလည်း
လေ့လာသိရှိရပါသည်။
ဆီးချို၊သွေးချိုရှိလာလျှင်
နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ဖို့ အခြေအနေ ပိုလာနိုင်ခြင်း၊ သွေးတိုးရောဂါခံ ရှိနေသူသည် ဆီးချို၊သွေးချို ရောဂါ ရှိလာပါက လေဖြတ်နှုန်း
ပိုများလာနိုင်ခြင်း ၊ ဆီးချို၊ သွေးချို ရောဂါကြောင့် ဖြစ်လာနိုင်သော
ရောဂါများတွင် အနာများ ပေါက်ပွားလာနိုင်ခြင်း ၊ ထိုအနာများသည်လည်းပျောက်ခဲခြင်း ၊
ထိုပြင် နောက်ဆက်တွဲ ရောဂါများစွာလည်း ဖြစ်လာနိုင်သည့် အပြင် အနေဆင်းရဲ
အစားဆင်းရဲခြင်းများပါ ခံစားရတတ်ပါသည်။ ဒါပေမယ့် ပျားမြီးရွက်ကို
စနစ်တကျ စားသုံးမှီဝဲခြင်းဖြင့် ဆီးချို၊သွေးချိုရောဂါကို သက်သာပျောက်ကင်း အောင် ထိန်းသိမ်းထာနိုင်ကြောင်း တွေ့ရပါသည်။ ထို့အတူ ဆီးချို၊သွေးချိုရှိရာ ရောဂါဝေဒနာရှင် စားသုံးသူတိုင်း
အတွက်လည်း ဆက်၍ နေ့စဉ် ၁...၂ ရွက် စားသုံး၍ ရောဂါ ကို ထိန်းထား(control) လုပ်နိုင်သောကြောင့်
အကျိုးထိရောက်မှုရှိနေကြောင်း သိရပါသည်။
ဆေးဖက်ဝင်ပျားမြီးစွဲရွက် နှင့်
ဆေးဆောင်းပါးများ
ပျားမြီးစွဲပင်
Kingdom : Plantae
(unranked) : Angiosperms
(unranked) : Eudicots
(unranked) : Asterids
Order : Asterales
Family : Asteraceae
Tribe : Senecioneae
Genus : Gynura
Species : Gynura procumbens
အမည် - ပျားမြီးစွဲပင်
အင်္ဂလိပ်အမည် - Longevity
Spinach
ရုက္ခဗေဒအမည် - Gynura
procumbens
မျိုးရင်းအမည် - Asteraceae
ပုံသဏ္ဌာန်
အမြဲစိမ်းလန်းနေသည်။ ပင်ပျော့မျိုးဖြစ်ကာအရှည်
၆ မီတာခန့်ရှိသောအပင်မျိုးဖြစ်သည်။ အရွက်များ ထူပြောစွာ ရှိတတ်သည်။ အရွက်သည်ဘဲဥပုံသဏ္ဌာန်ရှိပြီး
တစ်ရွက်နှင့်တစ်ရွက် တစ်ခါတစ်ရံ ပုံစံကွဲပြားလေ့ရှိသည်။ အရွက်မှာ အရှည်အားဖြင့်(၃)စင်တီမီတာမှ(၁၀)စင်တီမီတာခန့်ထိရှည်တတ်ပြီး
အကျယ်အားဖြင့်(ဝ.၅)မှ(၃)စင်တီမီတာရှည်တတ်သည်။ အရွက်၏အောက်ခြေမျက်နှာပြင်မှာခရမ်းရောင် သို့
သန်းနေတတ်သည်။ အရွက်သည်ရွက်လွှဲထွက်ပြီးပန်းခိုင်မှာရှည်မျောမျောဆလင်ဒါပုံရှိသည်။
ပန်းပွင့်ကိုခံဆောင်ထားသောရိုးတံမှာ(၆)စင်တီမီတာခန့်
အထိရှိတတ်သည်။ အနီရောင်ရှိသော ပွင့်ချပ်များသည်(၁၀)မှ(၁၆)စင်တီမီတာခန့်ထိရှိသည်။
အသီးမှာ(၅)မီလီမီတာမှ(၆)မီလီမီတာခန့်ရှိတတ်သည်။
ပေါက်ရောက်ရာဒေသ
သဲဆန်သောမြေများ၊တောင်ကုန်းနေရာများ၌ပေါက်ရောက်မှုများသည်။
ပေါက်ရောက်ပုံ
သဘာဝအလျောက်အလေ့ကျပေါက်ရောက်သည်။
စိုစွတ်သောသစ်တောမြေများမှာပေါက် ရောက်သည်။
အသုံးပြုသည့်အစိတ်အပိုင်း
ပဉ္စငါးပါးကိုဆေးဖက်တွင်အသုံးပြုသည်။
အရသာ၊အကျိုးသွားနှင့်အာနိသင်
ပူ၊ခါး၊စပ် အရသာရှိသည်။ အာကာသကိုရစေတတ်သောကြောင့်ပတ်ဖွဲ့မှုများသော
ရောဂါများ ကိုသက်သာစေပါသည်။ အဆစ်ရောင်ခြင်း၊ဝမ်းလျှောရောဂါ၊ဝမ်းကိုက်ရောဂါကျောက်ကပ်နှင့်ဆိုင်သော
ရောဂါများ၊ ဆီးချုပ်ခြင်း ဆီးချိုရောဂါတို့ကိုသက်သာစေနိုင်သောအကျိုးအာနိသင်ရှိသည်။အရွက်ကို
ထမင်း စားသည့်အခါလူပိန်လျှင်တစ်နေ့(၃)ရွက်၊လူဝလျှင်(၅)ရွက် ဆီးချို၊သွေးချိုတက်နေပါက(၃-၇)ရက်စားပေးပါက
ဆီးချို၊ သွေးချိုကိုကျစေပါသည်။
အသုံးပြုပုံ
၁။ ကျောက်ကပ်နှင့်ပက်သက်သောရောဂါများအတွက်အရွက်ပြုတ်ရည်ကိုသောက်ပေးနိုင်ပါသည်။
၂။ ခန္ဓာတစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်းအတွက်အရွက်ပြုတ်ရည်ကိုရေချိုးခြင်း၊သောက်ပေး
ခြင်းတို့ပြုလုပ်နိုင်ပါသည်။
၃။ အရွက်သတ္တုရည်သည်သွေးတွင်းသကြားဓာတ်ကိုသိသာစွာကျဆင်းစေတတ်ပြီးအဆီ
ဓာတ်များကိုလည်းကျစေနိုင်သောသတ္တိရှိသည်။
၄။ ပိုးမွှားများကြောင့်ဖြစ်သောအနာများနှင့်အဆစ်ရောင်ခြင်းတို့တွင်သတ္တုရည်ကိုလိမ်းပေး
နိုင်သည်။
၅။ သွေးချို၊ဆီးချိုရောဂါအတွက်ပျားမြီးစွဲရွက်လတ်လတ်ဆတ်ဆတ်တစ်ခါစား(၃)ရွက်နံနက်၊
ညစားပေးခြင်းဖြင့်သွေးတွင်းရှိသကြားဓာတ်ကိုကျဆင်းစေ၍ဆီးချိုသက်သာစေသည်။
ပါဝင်သောဓာတုဒြပ်ပေါင်းများ
Saponins(methyl,protodehonin+methyl protoclioscin)
#Source : Google
လက်တွေ့အသုံးချဆေးဖက်အပင်များပေါင်းချုပ်(၂)-
ကျန်းမာရေးဝန်ကြီးဌာန
This comment has been removed by the author.
ReplyDeleteHi thanks for your information here about Gynura procumbens . Could you please share me a website which provides information and the Burmese name of Gynura bicolor ?
ReplyDelete