Thursday, October 3, 2019

ဆီးချို ရောဂါအတွက် ဆေးနည်းများ (၂)


ဆီးချိုအတွက် သစ်ကြံပိုးခေါက်

သစ် ကြံပိုးခေါက်ကဆီးချိုသမားတွေအတွက်စားသုံးပေးသင့်တဲ့အစားအစာ တစ်ခုပါ။  
ခပ်ရှိန်းရှိန်းအရသာနဲ့  လန်း ဆန်းစေတဲ့ရနံ့ကို  ပိုင်ဆိုင်ထားတဲ့   သစ် ကြံပိုးခေါက်ကဆီးချိုသမားတွေ အတွက်စားသုံးပေးသင့်တဲ့    အစားအစာ တစ်ခုပါ။  သွေးတွင်း  သကြားဓာတ်ကို  ကျဆင်းစေနိုင်ပြီး    အင်ဆူလင်တုံ့ပြန် နိုင်စွမ်းကို  ကောင်းမွန်စေနိုင်သလို  ရုတ်တရက်  သွေးချိုအဆမတန် တက် တာမျိုးကိုလည်း   ကာကွယ်ပေး နိုင်ပါ တယ်။  အရောင်ကျစေနိုင်တဲ့   အာနိ သင်ရှိပြီးဓာတ်တိုးဆန့်ကျင် အာနိ သင်ရှိတဲ့အတွက်  ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါတွေ   ဝင်မလာ အောင်    ကာကွယ်ပေးနိုင်ပါတယ်။ နှလုံး  ရောဂါ     ခံစားရနိုင်ခြေကိုလည်း လျှော့ချ ပေးနိုင်ပါတယ်။ 

ခပ်ရှိန်းရှိန်းပေမဲ့   ချိုတဲ့ရနံ့မျိုးရှိတဲ့ သစ်ကြံပိုးခေါက်ကို  ဟင်းခတ်အမွှေး အကြိုင်အဖြစ်  အသုံးပြုကြသလို   မုန့် တွေလုပ်တဲ့ အခါမှလည်း   အသုံးပြုကြ ပါတယ်။   ကော်ဖီထဲကို    ထည့်ပြီးသုံး ဆောင်တာမျိုးတောင်     ရှိပါတယ်။   ရော ဂါပိုးမွှားတွေကို   တိုက်ဖျက်ပေးနိုင်တဲ့   အာနိသင်ရှိနေတဲ့     ဟင်းခတ်အမွှေး     အ ကြိုင် တစ်ခုပေါ့။ 
 သစ်ကြံပိုးခေါက်  စားသုံးပေးမယ် ဆိုရင် ရရှိလာမယ့်  ကျန်းမာရေးအ ကျိုး ကျေးဇူး    
သစ်ကြံပိုးခေါက်က      သွေးတွင်းသကြားဓာတ်အပေါ်မှာ   ဘယ်လိုသက်ရောက်မှုရှိနေလဲဆို တာ ကိုအ ထောက်အထားခိုင်လုံအောင် မ ပြ နိုင် သေးပေမဲ့   သွေးတွင်းသကြား ဓာတ် မြင့်တက်မလာအောင် သစ်ကြံ ပိုး ခေါက် ကထိန်းပေးနိုင်တယ်ဆို တာ ကိုတော့ တွေ့ရှိထားပါတယ်။ အကြောင်း ရင်း တိတိကျကျကိုတော့ ရှာဖွေနေဆဲပါ။
လေ့လာမှု    ၁၁  ခု  လုပ်ဆောင်ခဲ့ပြီး သစ်ကြံပိုးခေါက်က   အမျိုး  အစား-၂ ဆီးချိုဝေဒနာရှင်တွေအတွက်   သွေး တွင်း သကြားဓာတ်ကိုသိသိသာသာ ထိန်း ညှိပေးနိုင်တာကို တွေ့ရှိခဲ့ရပါ တယ်။ 
အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို   တိုးစေ နိုင်တယ်
အမျိုးအစား-၂    ဆီးချိုရောဂါ ရှိသူတွေဟာ   အင်ဆူလင်ထုတ် လုပ် နိုင် စွမ်းနည်းကြသလိုခန္တာကိုယ်ရဲ့အင်ဆူလင်တုံ့ပြန်မှုကလည်းပုံမှန်ထက်အားနည်းတတ်ကြပါတယ်။ဓာတ်ခွဲခန်းမှာစမ်းသပ်လုပ် ဆောင်ခဲ့တဲ့ စမ်းသပ်မှုအတွင်း သစ်ကြံပိုး ခေါက်က ခန္တာကိုယ်တွင်းဆဲလ်တွေ အနေန အင်ဆူလင်ကို     ကောင်း ကောင်း တုံ့ပြန်နိုင်အောင်    လုပ်ဆောင် ပေး နိုင်တယ်လို့    တွေ့ရှိခဲ့ရပါတယ်။  သစ်ကြံပိုးခေါက်က       သဘာဝ ဆေး ဖက် ဝင်     ပစ္စည်းတစ်မျိုး  ဖြစ်တာ ကြောင့်  ဆီးချိုဝေဒနာခံစားနေရဲ့သူ တွေရော  ဆီးချို ရောဂါအကြို   လက္ခ ဏာခံစားနေရသူတွေအနေနဲ့ပါ သုံး ဆောင်ပေးဖို့ သင့်တော်ပါတယ်။ 
အစားစားပြီးချိန်မှာ      သွေးတွင်း    သ ကြား  ဓာတ်ကျဆင်းအောင်လုပ် ဆောင် ပေးတယ်
ကိုယ်တိုင်က       စားကောင်း ကောင်း နဲ့အစားတွေ   အများကြီးစား မိပြီးတဲ့အခါ ကြုံတွေ့ရမှာက    သွေးတွင်းသကြားဓာတ်မြင့်တက်လာ မှု ပါ။  ကာဘိုဟိုက်ဒရိတ်များများပါဝင်နေ တဲ့   အစားတွေစားမိပြီးတဲအခါတိုင်း  သွေး တွင်းသကြားဓာတ်က   သိသိသာ သာ  ကို တိုး လာတာပါ။   သွေးတွင်းသ ကြား ဓာတ်မြင့်တက်မှုက    ဆီးချိုအပါအ ဝင်   နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင် ပါတယ်။    ဒါကြောင့်တစ်နေ့ ကိုသစ် ကြံ ပိုးခေါက်အမှုန့်    လက်ဖက် ရည် ဇွန်း တစ်ဇွန်းလောက်     ပုံမှန်စားသုံး ပေးပြီး သွေးတွင်း     သကြားဓာတ် မြင့်  တက် မလာအောင်    ထိန်းပေးပါ။ 
ရောင်ရမ်းမှုကိုသက်သာစေနိုင် တယ်
နာတာရှည် နာကျင်ရောင်ရမ်းမှု တွေက     ဆီးချိုရောဂါဖြစ်လာနိုင် တယ် ဆိုတာကိုပြသနေတဲ့   လက္ခဏာတစ် ရပ်ဖြစ်သလို  ဆီးချိုရှိပြီးသားသူတွေ မှာဆိုရင်တော့  အခြားကျန်းမာရေး  ပြဿနာတွေဖြစ်လာနိုင်တယ် ဆိုတာ ကိုပြသနေတာပါ။    ဒါကြောင့်   ရောဂါ ကင်းချင်ရင်ဖြစ်ဖြစ် ဆီးချိုကြောင့်ဖြစ်တဲ့  နောက်ဆက်တွဲ  ဝေဒနာ တွေကို   ကာကွယ်ချင်ရင်ဖြစ်ဖြစ်သစ်ကြံ ပိုး ခေါက်မှုန့်ကို   သုံးဆောင်ပေးလို့   ရပါ တယ်။   သစ်ကြံပိုးခေါက်မှာ     ဓာတ် တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာ ကြောင့်   oxidative stress  တွေ ကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာ မျိုး  မဖြစ်အောင်       ကာကွယ်ပေးနိုင်ပါ တယ်။ 
ဆီးချိုကြောင့်ဖြစ်တဲ့   နောက်ဆက်တွဲ ရောဂါတွေကို     ကာကွယ်ပေးတယ်
သစ်ကြံပိုးခေါက်မှာပါဝင်နေတဲ့ ရောင်ရမ်းမှုကို  သက်သာစေနိုင်တဲ့   အာနိသင်နဲ့   သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်တာမျိုး  မဖြစ် အောင်   ကာကွယ်ပေးနိုင်တဲ့     အာနိ သင် တွေကြောင့်     ဆီးချိုကြောင့်ဖြစ် တဲ့  နှလုံးရောဂါ၊  သွေးတွင်းကို   လက် စထရောများတာ၊   သွေးတိုးရောဂါ၊   အယ်လ်ဇိုင်းမားရောဂါနဲ့အခြား သော    ဆီးချိုကြောင့်ဖြစ်တဲ့  ရောဂါ တွေကို    ကာကွယ်ပေးနိုင်ပါတယ်။ 
သုံးလက်မအရွယ်    သစ်ကြံပိုး ခေါက်တစ်ချောင်းကို   အပိုင်းသေး သေး လေးတွေပိုင်းပြီး      ရေနွေးတစ် ခွက် ခွာ စာ ထဲမှာ  ထည့်ပြီး       ၁၅      မိနစ် လောက် ကျိုပေးပါ။    ပြီးရင်တော့   လန်း ဆန်းပြီး     ကျန်းမာစေတဲ့သစ် ကြံ ပိုး ခေါက်ရေနွေးကြမ်းကို သောက်သုံး  လို့ရပါပြီ။   သစ်ကြံပိုးခေါက်မှာ   မှိုတွေကပ်ညှိနေတာမျိုး     ဖုန်မှုန့်တွေ   ပေကျံ နေတာမျိုး    မဖြစ်စေဖို့အတွက် သေ ချာ  သန့်စင်အောင်     ဆေးကြောပေးဖို့ လို ပါမယ်။ 
ဘယ်လောက်ပမာဏ      စားသုံးလို့ရလဲ
လေ့လာမှုတွေအရတော့   လူကြီး တစ်ယောက်အနေနဲ့ တစ်နေ့ကို  သစ် ကြံပိုးခေါက် တစ်ဂရမ်ကနေ    ခြောက် ဂရမ် အ ထိစားသုံးပေးလို့    ရပါတယ်။  သင့်အနေနဲ့   ဆီးချိုရောဂါအတွက်   ဆေး သောက်သုံးနေရတယ်ဆိုရင် တော့  ဆရာဝန်နဲ့   တိုင်ပင်ပြီးမှ  သောက်  သုံး   သင့်ပါတယ်။     ဆေးနဲ့ ဓာတ် ပြုပြီး   သွေးတွင်းသကြားဓာတ်   အလွန်  အ ကျွံကျဆင်းသွားတာမျိုး  ဖြစ်နိုင်တာ ကြောင့်    မစားသုံးခင်မှာ  ဆရာဝန်နဲ့ တိုင်ပင်ပါ။   သွေးကျဲဆေး သောက်နေ ရတဲ့သူတွေလည်း   ဆရာ ဝန်နဲ့တိုင် ပင်ပြီးမှာ  စားသုံးတာ    အကောင်း ဆုံးပါ။   ကိုယ်ဝန်ဆောင်မိ ခင် တွေ၊    နို့ တိုက် မိခင်တွေ   ကလေးငယ် တွေ အနေနဲ့    သစ်ကြံပိုးခေါက်ကို မ စားသုံး သင့်ပါဘူး။     အသည်းရောဂါ ရှိသူတွေ အနေနဲ့လည်း   သစ်ကြံပိုး ခေါက်ကို    မစားသုံးဖို့   သတိပေး ပါရ စေ။          [ref: https://india.curejoy.com]
Author:

  မအေးသီမွန်


No comments:

Post a Comment