Thursday, October 3, 2019

ဆီးချို ရောဂါအတွက် ဆေးနည်းများ (၃)


ဆီးချိုရောဂါ သက်သာပျောက်ကင်းသောဆေးနည်း







မိတ်ဆွေတို့မိသားစုဝင်ထဲမှာဖြစ်ဖြစ် အပေါင်းအသင်းသူငယ်ချင်းထဲမှာဖြစ်ဖြစ်် ဆီးချိုရောဂါကြောင့် စိတ်သောကရောက်နေသူရှိလျင်
ဤဆေးနည်းကို ပြောပြပေးခြင်းအားဖြင့် မိမိကဲ့သို့ ဆေးဒါနပြု၍ကုသိုလ်ရအောင်ယူလိုက်ပါ။
ဆီးချို ရောဂါ အတွက် ဆေးနည်း
လိုအပ်သောဆေးမှာ နှစ်မျိုးသာဖြစ်ပါသည်။
သံပုရာသီး တစ်လုံးနှင့် ထိုသံပုရာသီးနှင့်အလေးချိန်တူသည့် ဂျင်း အဲ့ဒီနှစ်မျိုးကို ပုံပြပါအတိုင်း ရှာထားရမည်။

ရှာထားသော သံပုရာသီးတစ်လုံးကို အရည်ရွှမ်းလာအောင် လက်ဖြင့်ဖိလှိမ့်ပြီး နှစ်ခြမ်းခွဲ၍-
အရည်ညှစ်လိုက်ပါ။ကြွေဇွန်း တစ်ဇွန်းခန့်ရပါက အစေ့ဖယ်ပြီး အကြမ်းပန်ကန်လုံးထဲ ထည့်ထားလိုက်ပါ။
ထို့နောက် အရည်ညစ်မည့် သံပုရားသီးအလေးချိန်တူ ဂျင်းကို ရေစင်အောင်ဆေးပြီး အရည်ထွက်အောင် သစ်သားငရုတ်ဆုံးသန့်သန့်၌ ထောင်းလိုက်ပါ။
ထောင်း၍ညက်နေသော အရည်နှင့်အဖတ်အားလုံးကိုစွတ်ကျယ်သားပိတ်စဖြင့် အရည်စစ်၍ သံပုရာရည်ထည့်ထားသော အကြမ်းပန်ကန်လုံးထဲ ဂျင်းရည်စစ်စစ်ကို ညှစ်ထည့်ပြီး သမအောင် ဇွန်းဖြင့် မွှေပေးရမည်။
ထိုဆေးရည်သည် ဆေးတစ်ကြိမ်သောက် တစ်ခွက်စာဖြစ်ပါသည်။ထိုကဲ့သို့ သံပုရာရည် နှင့် ဂျင်းရည်ကို တစ်နေ့သုံးကြိမ် သောက်ရမည်။ ဆီးချို တဖြည်းဖြည်း အကျများလာပါလိမ့်မည်။
ဤဆေးသည် ဆီးချိုကျဆေးနည်းဖြစ်လို့ မိမိရောဂါအခြေအနေပေါ်မူတည်၍ ဆီးချိုတိုင်းပြီးမှ ဆေးကိုသောက်ပါ။
တစ်ပတ်မပျက်မကွက်သောက်ပြီးမှ ဆီးချိုပါဝင်နှုန်းကိုပြန်တိုင်းလျင် အံ့သြလောက်သော အဖြေကိုရရှိမည်ဖြစ်ကြောင်း သိရပါလိမ့်မည်။
တစ်ပတ်သောက်ပြီး အရမ်းအကျများလာပါက တစ်နေ့လျင် နေ့ ည နှစ်ကြီမ် နှစ်ခွက်သာလျင် သောက်ပါ။
ဆီးချိုရောဂါရှိသူသည် အစားကိုအထူးကရုစိုက်ရမည်။ အစာစားလျင် မျိုးတူတစ်မျိုးတည်းကိုသာ စားပါ။ နံနက် ည စားသောအစာအမျိုးအစားတူရမည်။
ဆိုလိုသည်မှာ နံနက်စာ ထမင်းနှင့် ကြက်သားပြုတ်ကြော် စားလျင် ညစားလည်း ထိုကဲ့သို့ တူရမည်။ နံနက်ထမင်းပမာဏ ဟင်းပမာဏ နှင့် ညစာ တူလျင်ပို၍အဆင်ပြေပါသည်။
ရေ တရက်လျင် နှစ်လီတာ ( ရေသန့် ၂ ဗူး)ကုန်အောင်သောက်ရမည်။ မိမိနှင့်မတည့်တာကို မစားမိဖို ပို၍ အရေးကြီးပါသည်။
ဤဆေးနည်းနဲ့ပတ်သက်၍ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။ဆီးချိုနဲ့ပတ်သက်၍သောက ကင်းဝေးကြပါစေ….
Thi Ha

No comments:

Post a Comment