သွေးတိုးရောဂါအတွက် အစွမ်းထက်မြက်သော ပုစွန်စာရွက်
မလေးရှားခဏရောက်နေတုန်း မလေးရှားနိုင်ငံတွင် ပထမဆုံးထုတ်ဝေတဲ့ "လမ်းသစ်" လူမှုစီးပွားဂျာနယ် အတွဲ ၅ အမှတ် ၉ (၂၀၁၁၊ မေလ ၃ ရက်ထုပ်) ကျမ္မာရေးစာမျက်နှာမှာပါတဲ့ သွေးတိုးရောဂါပျောက်ဆေးအကြောင်းကိုဖတ်ပြီး သဘောကျမိတာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ်။
ငွေလည်းမကုန် လက်တစ်ကမ်းမှာ အလွယ်တကူရနိုင်တဲ့ဆေးနည်းမို့လဲ ပိုမိုသဘောကျမိ ပါတယ် အကြောင်းခံကဒီလို...... မလေးရှားမှာအလုပ်လုပ်ကိုင်နေတဲ့ ကိုဆန်းလွင်ဟာ တစ်နေ့မှာ သွေးပေါက်ချိန် ၁၉၀ အထိတက်လို့ ဆေးခန်းကိုသွားခဲ့ရဖူးတယ် ဆရာဝန်လည်း သူ့ကိုကြည့်ပြီးတော်တော်ကိုစိုးရိမ်သွားတယ်။ နောက်တော့ နိုင်ငံသားတရုပ်တစ်ဦးကဤ ဆေးနည်းကြောင့် သွေးတိုးရောဂါပျောက်သွားတဲ့ သူငယ်ချင်းက ဆေးနမူနာအနည်းငယ်ပေး၍ ဈေးများတွင်ရှာဝယ်ပြီး ကျိုချက်သောက်ရန်ညွှန်ကြားမှုကြောင့်သွေးတိုးရောဂါ ပျောက်သွားကြောင်း ကိုဆန်းလွင်က အားရဝမ်သာပြောပြသည်ဟု ဆောင်းပါးမှာဖေါ်ပြထားသည်။
ဆေးနည်းက ဒီလို........ ပုစွန်စာရွက် တစ်စည်း (မလေးရှားဈေးတွေမှာတော့ ကီလိုဝက်ခန့်ကို တစ်စည်း စည်းပြီး ၂ ရင်းဂစ်ဖြင့်ရောင်း သည်ဟုသိရသည်) ကိုရေစင်အောင်ဆေးပြီး ရေ ၁၀ လီတာခန့်ထည့်၍ ၆ လီတာခန့်ကျန်တဲ့အထိ ကျိုချက် (ပြုတ်)ပြီးလျှင် အရေစစ်ယူ၍ အအေးခံပြီး ရေဆာတိုင်းသောက်ရသည်ဟုဆိုသည်။ အသောက်ရလွယ်ကူစေရန် သကြား သို့မဟုတ် ထန်းလျက် အနည်းငယ် ထည့်ပြုတ်လျှင်လည်း ရသည်ဟုဆိုသည်။ ၎င်း၏သူငယ်ချင်းအချို့လည်း ထိုသို့သောက်၍ သွေးတိုးပျောက်ကြသည်ဟုဆိုသည်...။
ယခု မလေးရှားတွင် ကျိုချက် သောက်သုံး နေကြသော ပုစွန်စာရွက်မှာ (အရွက်၊အရိုး၊အမြစ်) တစ်ပင်လုံးခရမ်းနီရောင်ဖြစ်သည်ဟု ၎င်းဆေးနည်းတွင် ဖေါ်ပြထားပြီး မြန်မာပြည်တွင်မြင်တွေ့ရသော ပုစွန်စာရွက်ထက် အရွက်ပိုသေးကာ အပွင်အရောင်ကတော့ အတူတူပင် အဖြူရောင်ဖြစ်သည်ဟု ဆိုသည်။
မလေးရှားရှိပုစွန်စာအရွက်ဆိုင်းများသည် အသင့်သောက်သုံးရန် ကျိုချက်ပြီး ဗူးဖြင့်ထည့်ကာ ရောင်းကြည်ဟု သိရသည်။ ဆေးကျိုချက် သောက်သုံးပုံကို သိလိုပါက ဖုန်းနံပတ် ၀၁၆ ၆၃၄၇ ၀၃၄ သို့ဆက်သွယ်မေးမြန်း နိုင်ကြောင်းလည်း စာတွင်ပေါ်ပြထားတယ်။ စာရေးသူကတော့ ပိုမိုတိကျစေရန် ၎င်းအပင်ပုံစံကို အင်တာနက်မှာရှာပြီး ဖေါ်ပြလိုက်ပါတယ် မြန်မာလို ပုစွန်စာပင် အင်္ဂလိပ်လိုတော့ knot-grass လို့ခေါ်သော အပင်မှာအောက်ပါအတိုင်းဖြစ်သည်။ ဗိန္ဒုမောင် Posted in: ၀၉။ ကျမ္မာရေးသုတ
Mine coins - make money: http://bit.ly/money_crypto
No comments:
Post a Comment