By Taw Thu
“၄၀၀/၄၇၀ထိတက်တယ်ဗျာ”
“ဒီလိုလုပ်ဗျာ တောင်သုံးလုံးအဘိုးသံကို ကြားဖူးလား”
“ကြားဖူးတယ်..ဆေးဝိဇ္ဇာလို့နံမည်ကြီးတယ်”
“ဟုတ်တယ်…သူကျွန်တော်ဦးလေးကိုဆီးချိုကု ပေးတဲ့ဆေးနည်းရှိတယ်။ကျွန်တော်ဦးလေး တကယ်ကို သက်သာပျောက်ကင်းခဲ့တယ်–”
ဆေးနည်း….
မာလကာရွက် (၅)ရွက်
ကြက်သွန်ဖြူ (၁)ဥ
ကြက်သွန်နီ(၁) ဥ
သံပုရာ (၁)စိတ်
ဆားအနည်းငယ်
အဲ့ဒီ အမယ်တွေဟာ မြင်နေတွေ့နေရတာများလို့ သာ အထင်သိပ်မကြီးကြတာ။ တစ်မယ်ခြင်းရဲ အကျိုးအသွားဂုဏ်စွမ်းအားတွေအများကြီးပဲ။ မာလကာရွက်မှာတင်စွမ်းအင်တွေအများကြီး၊ ကြက်သွန်ဖြူ/နီ၊ သံပုရာ၊ ဆားအကုန်လုံးအစွမ်းကြီးလှတယ်။
အဲ့ဒါကို ရေမတ်ခွက်တစ်လုံး(၃)ခွက်တစ်ခွက် ပြုတ်ပြီးနေ့စဉ်သောက်ခိုင်းတာ။ အရသာက ဖန်၊ သက်၊ ခါး၊ ချဉ် အဝါရောင်အရည်ပါ။ ဆေးပတ်လည်ပြီးဆိုတာနဲ့ဆီးချိုအတက်အကျ ကိုချိန်ကြည့် အံ့သြဖွယ်သက်သာပျောက်ကင်း တာကိုတွေ့ရလိမ့်မယ်။ အကုန်လွယ်လွယ်ကူကူပဲ။
နက္ခတ္တရောင်ခြည်….
ဆီးချို အခြေအနေမဆိုးသေးသောဝေဒနာရှင်အတွက်
(၁) မာလကာရွက် (၁၄/၁၅)ရွက်
(၂) ကြက်သွန်ဖြူ (၁)လုံး
ထိုနှစ်မျိုးကို ကြေညက်စီးပိုင်နေအောင်ထောင်း ရသည်ဆိုပါသည်။ ပြီးလျှင် ပျားရည်စစ်စစ် သင့်ရုံထည့် သမအောင်ရောမွေပြီးရေအေးနှင့်မျှောချလိုက်ရန်ဖြစ်သည်။ အကယ်၍ဆီးချိုရောဂါတက်၍ (၄၀၀/၄၈၀)ရှိနေ မည်ဆိုလျှင်
(၁) မာလကာရွက် လက်တစ်ဆုပ်ခန့်
(၂) ကြက်သွန်ဖြူ(၃/၄)လုံး
(၃) ပျားရည်နည်းနည်းပိုထည့်
အထက်ပါနည်းအတိုင်းလုပ်ဆောင်ပြီး ဆေးပမ္စာများသည်အတွက်နှစ်ကြိမ်သုံးကြိမ်ခွဲ၍မှီဝဲ ပေးပါဟု ဆိုထားပါသည်။ ဆိုးရွားလှသော ဆီးချိုဝေဒနာရှင်တို့အတွက် ဒုတိယနည်းအတိုင်း မပျက်မကွက်(၁)လခန့်မှီဝဲ သွားပါက ဆီးချိုရောဂါသက်သာပျောက်ကင်း သွားမည်ဖြစ်သည်ဆိုပါသည်။
လူချင်းတူသော်လည်း ကံခြင်းမတူကြပါ။ထို့အတူ ရောဂါချင်းတူပါသော်လည်း သွေးသားသဘာ၀ ကွဲပြားကြပြန် ၍ ပျောက်ကင်းကြပုံမတူကြပါ။ မြန်မာတို့၏ ရှေ့ပညာကြီးသူတို့ညွှန်ပြပေးခဲ့သော အဖိုးအခနည်းပါးလွယ်ကူစွာရရှိနိုင်သော အမယ် များဖြင့် ခံစားနေကြရသော ဆီးချိုရောဂါကို စွဲမြဲသော စိတ်ဖြင့်စမ်းသပ်ကုသနိုင်ပါရန် တင်ပြရေးသားမိပါသည်။
ရောဂါသက်သာပျောက်ကင်းပါကဝေငှပေးပါရန်။နှစ်သက်ရာနည်းကိုရွေးချယ်နိုင်ပါသည်။
စာကိုး။GYAN PONE News
No comments:
Post a Comment