Thursday, October 3, 2019

ဆီးချို ရောဂါအတွက် ဆေးနည်းများ (၇)

ဆီးချိုကျ၊ ဝိတ်ကျ၊ လေဖြတ်ကာကွယ်၊ ကင်ဆာကာကွယ်၊ ဆေးဘက်ဝင်လွန်းတဲ့ သင်္ဘောပွင်သုပ်



မြန်မာ့တိုင်းရင်းဆေးပညာအရ သင်္ဘောပင်တစ်ပင်လုံး အသုံးမကျတဲ့နေရာမရှိဘူးလို့ ဆိုရမှာပါ။ သင်္ဘောတစ်ပင်လုံးမှာ အသီးနဲ့အရွက်က နေ့စဉ်စားသုံးဖို့ လွယ်ကူပေမယ့် သင်္ဘောပွင့်သုပ် ဟင်းတစ်ခွက် စားရဖို့အတွက်တော့ အတော့်ကို မလွယ်လှပါဘူး။

သင်္ဘောပွင့်မှာလည်း အဖိုပင်ကရတဲ့ အဖူးအငုံလေးတွေက စားရတာပိုအရသာ ရှိပါတယ်။ အထူးသဖြင့် ရခိုင်တိုင်းရင်းသားတွေဟာ သင်္ဘောပွင့်သုပ် ဟင်းတစ်ခွက်ကို မက်မောစွာ စားသုံးတတ်ကြပါတယ်။



ပထမဦးစွာ အခါးတွေထွက်သွားအောင် အဖူးအငုံလေးတွေကိုခြွေပြီး ရေနွေးနဲ့ဆူအောင် ပြုပ်ရပါတယ်။ ပြီးနောက်ကြက်သွန်ဖြူ၊ ငရုပ်ကောင်း၊ ငရုပ်သီးစိမ်းနဲ့ မျှင်ငပိ အနည်းငယ်ကိုပါ ရောထောင်းပြီး သုပ်ရပါတယ်။

သံပုရာသီးညှစ်ဖို့တော့ မမေ့ပါနဲ့။ အင်မတန်ထမင်းမြိန်တဲ့ သဘာဝစစ်စစ် ဟင်းကောင်းတစ်ခွက်ကို သုံးဆောင်ရပါလိမ့်မယ်။ သင်္ဘောပွင့်ဟာ ဟင်းကောင်းတစ်ခွက်ကိုပေးစွမ်းနိုင်သလို အဖိုးမဖြတ်နိုင်တဲ့ အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါသေးတယ်။
အစာချေစနစ်ကို အထောက်အကူပေးပါတယ်။
ခံတွင်းကို မြိန်စေပါတယ်။
ရောဂါဖြစ်စေတဲ့ Free Redical တွေကို ချေဖျက်ပေးပါတယ်။
သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။
ကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
ဆီးချိုကို ကျစေတယ်။
ကိုယ်အလေးချိန်ကို ကျစေတယ်။
ကိုလက်စရောကိုလျော့နည်းစေတယ်။
လေမဖြတ်အောင် ကာကွယ်ပေးနိုင်တယ်။
နှလုံးတိုက်ခိုက်ခံရမှုက ကာကွယ်ပေးနိုင်တယ်။

သဘာဝအစားအစာတွေကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူခံစားကြပါစို့။

No comments:

Post a Comment