Saturday, October 5, 2019

ဂုတ်ကျီးပေါင်း အတွက် ဆေးနည်းကောင်း (၂)

ကျီးပေါင်း ရောဂါ လက်တွေ့ပျောက်စေမဲ့ပေါက်ပန်းဖြူ 


          ကျီးပေါင်း တက်တာကို ကုသပေးတဲ့ ပေါက်ပန်းဖြူ နေ့တိုင်း အဲ့လောက်ပွင့်တယ်။ ရေကြိုက်၊ နေကြိုက်မို့ ရေဘုံဘိုင်ဘေးမှာ စိုက်ထားတယ်။ 

          အဲ့ အပွင့် ကို ပြုတ်ပြီးတို့စားရင် ကျီးပေါင်း တက်လို့ဖြစ်တဲ့ လည်ပင်း အရိုး၊ အဆစ်နာကို ထူးခြားစွာ ပျောက်လို့ ပြန်လည် မျှဝေလိုက်ပါတယ်။ 

          ထိုင်းမှာ စာသင်တုန်း ကတည်းက လည်ပင်း ကျီးပေါင်း တက်တာ ရခဲ့တယ်။ ထိုင်းဆေးရုံနှင့် အမေရိကန် ဆရာဝန် ကုတာတောင် မသက်သာဘူး။ လည်ပင်း အရိုးဆစ် ထဲမှာ အာရုံကြော ညပ်နေတာဆိုပြီး ရလဒ်ပြတယ်။ အရမ်းကို ခံစားခဲ့ရတယ်။ ဆေးစာစောင်တစ်ခုမှာ ပေါက်ပန်းဖြူ အပင်နှင့် အပွင့်အကြောင်း ဖတ်မိပြီး လက်တွေ့စားကြည့်တာ ဝေဒနာ လုံးဝပျောက်သွားစေတဲ့ ဆေးဖက်ဝင်ပေါက် ပန်းဖြူပွင့်အကြောင်း ကိုယ့်တွေ့ပါ။ 

Credit:Lwin Pyin

No comments:

Post a Comment