Saturday, October 5, 2019

ဂုတ်ကျီးပေါင်း အတွက် ဆေးနည်းကောင်း (၁)


April 5, 2019 admin 


          ဂုတ်ရိုးကျီးပေါင်းမတက်စေချင်ရင်တော့အနေအထိုင်သတိထားရပါလိမ့်မည်ဒီလိုရောဂါမျိုးတွေဟာ အသက် အရွယ်လေးရလာပြီဆိုရင် ဇာတိပြလာတက်သော ရောဂါမျိုးလည်းဖြစ်ပါတယ်ဒါကြောင့် အဲဒီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ချင်ပါတယ်ဆိုရင်တော့ ရာနှုန်းပြည့်ကြိုတင်ကာကွယ် လို့မရသော ရောဂါမျိုး လည်း ဖြစ်ပါတော့တယ် ။ 

          ကာကွယ်နိုင်သည့်သဘောကတော့ လည်ပင်းညောင်းလာလျှင် ဦးခေါင်းကို တဖက်စီအသာရာ လှည့်ချိုးပေး ပါဒီနေရာမှာအဓိကပြောချင်တာက ဇာက်ချိုးရတယ်ဆိုတော့ တစ်ချို့က အားနဲ့လှည့်ချိုး ကြပါတယ်။ အဲဒီလို လုပ်ဆောင်ချက်ဟာ လွဲမှားခြင်းဖြစ်နေကြောင်းကိုလည်း အထူးသတိ ရှိစေချင်ပါတယ် ။ 

          စာအုပ်စာပေဖတ်သူများအနေဖြင့်ကြာရှည်စွာခါင်းငုံစာဖတ်ခြင်းမျိုးကိုအထူးပင်ရှောင်ရှားသင့်ပါသည် ။ 

          ကွန်ပျုတာ နှင့် ဖုံးများကို ရေရှည်ကြည့်ခြင်းသုံးစွဲခြင်းများကို လုပ်ဆောင်နေပါက ဦးခေါင်းကို တည့်မတ်စွာ သုံးစွဲခြင်းဖြင့် အကြောများ ပြေလျော့နေသည့် ပုံစံမျုးိဖြစ်နေပါစေ ။ 

          ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးအမာများနှင့်အမြင့်ထားပြီး အိပ်ခြင်းမျိုးသည့် ကုပ်ရိုးကျိုးပေါင်းတက် ခြင်းကို ဖြစ်ပေါ်စေပါသည် 

          ဒါကြောင့် ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးသည့် မနိမ့်အမြင့် အနေထား ဖြင့်သာ အိပ်စေသင့်ကြောင့် ပြောကြားပါရစေ ၊။ 

          ကုပ်ရိုးကျီးပေါင်းတက်ခြင်း လက္ခဏာများအနေကတော့နောက်စေ့နောက်ဖက်အောက်ဘက် နေရာတွေမှာ မကြာခဏ ကြာရှည်စွာ ခေါင်းကိုက်ခြင်းများဖြစ်ပေါ်ခြင်း ၊ လည်ကုပ်တစ်ဆင့် နောက်စေ့ ၊ ပခုံး ၊ လက်ဖျံ နှင့် လက်မောင်းတစ်လျှောက်တွေမှာ နာကျင်ခြင်းများ ဖြစ်ပေါ်လာခြင်း ၊ ခေါင်းလှည့်စဉ်တွင် မူးဝေခြင်းများ လည်း ဖြစ်ပေါ်လာသည့်အပြင်အိပ်နေစဉ်ခေါင်းလှုပ်ရှားရင် လည်ကုပ်နေရာတွေနှင့် ပခုံးတွေမှာ နာကျင်ခြင်းများဖြစ်ပေါ်လာခြင်းနှင့်အတူလက်နှစ်ဖက်ရဲ့ လက်ဖျားလေးတွေမှာ ထုံကျဉ်ခြင်းများဖြစ်ပေါ်လာ သည့် အကြောင်းများသည် ကုပ်ရိုးကျီးပေါင်း တက်ခြင်းရောဂါ လက္ခဏာများပင်ဖြစ်ပါတော့သည် ။ 

ကျီးပေါင်းရောဂါအတွက် ဆေးနည်း 

          ဘယ်ဘက်လက် မလှုပ်နိုင်အေင် ခံစားလာရသဖြင့် ကိုယ်တစ်ခြမ်း လေဖြတ်သလိုဖြစ်လာသည့် ကိုအဏ္ဏဝါလိုင်းသည် ဆရာဝန်နှင့် ကုသသော်လည်း မပျောက်သဖြင့် မြန်မာတိုင်းရင်းဆေးနည်းဖြင့် အနှိပ်ခံကြည့်ရာ ကျီးပေါင်းရောဂါဖြစ်နိုင်ကြောင်း၊ ဓါတ်မှန်ရိုက်ကြည့်ရန် အကြံပေးသဖြင့် ရိုက်ကြည့်ရာ လည်ဆစ်ရိုးတွင် ကျီးပေါင်းတက်နေကြောင်း တွေ့ရှိရသဖြင့် မိတ္ထီလာဆေးရုံသို့ တက်ရောက် ကုသခဲ့သည်။ 

          အရိုးအဆစ်တို့တွင် ကျီးပေါင်းတက်လာသဖြင့် အာရုံကြောများကို ဖိထားကာ အာရုံကြောများ မလှုပ်ရှားနိုင်ပါက လေဖြတ်နိုင်သည့်အပြင် အချိန်မရွေး သေသွားနိုင်ကြောင်း သိရှိရသဖြင့် ဆေးရုံမှ ကုသနည်းအတိုင်း ကုသခဲ့သည်။ သက်သာ၍ ဆေးရုံကဆင်းပြီး မကြာခင်မှာပဲ ပြန်ဖြစ်လာ၍ မန္တလေးဆေးရုံကြီးသို့ ကုသခဲ့ပြန်သည်။ အနည်းငယ် သက်သာလာသော်လည်း မပျောက်ခဲ့ပါ။ 

          သင်္ကန်အတွင်း ပြင်ဦးလွင် ရွှေဟင်္သာကျောင်းတွင် မိတ်ဆွေများနှင့်အတူ သင်္ကန်းဝတ်ကြရာ ကျောင်းထိုင်ဆရာတော်မှ ကျီးပေါင်းဆေးနည်းကို ညွန်ပေးသဖြင့် ကုသခဲ့ရာ အံ့သြလောက်အောင်ပင် ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ သက်သာခဲ့ပြီး ဆက်တိုက်ပြုလုပ်ကြည့်ရာ လုံးဝပျောက်ကင်းခဲ့ပါသည်။ 

ဆေးနည်း 

(၁) ဆေးဆိုင်များမှ ဆားခါး (Epsom Salt) ကို (၂၅) ကျပ်သားခန့် ဝယ်ယူပါ။ 

(၂) ဆားခါးကို အဝတ်သန့်သန့်ဖြင့် ကြပ်ထုပ် ထုပ်ထားပါ။ 

(၃) ရေနွေးပူပူတည်ထား၍ ဆားခါးအထုပ်ကို ရေနွေးအိုးအဖုံးပေါ်ကို တင်ထား၍ အပူပေးကာ ကျီးပေါင်းတက်နေသည့်နေရာကို မိမိခံနိုင်သလောက် ကြပ်ထုပ်ထိုးပေးပါ။ 

(၄) အထုပ် ၂ ထုပ် ပြုလုပ်ထားပြီး တစ်ထုတ်ထိုးနေချိန် ကျန်တစ်ထုပ်ကို အပူပေးထားပြီး တစ်လှည့်စီ အသုံးပြုနိုင်ပါသည်။ 

(၅) ကြပ်ထုပ်တစ်ခါထိုးလျှင် အနည်းဆုံး မိနစ်(၄၀)ခန့်ကြာအောင် ထိုးပေးပါ။ 

(၆) ကြပ်ထုပ်ထိုးနေစဉ် အတက်စာများကိုမစားပဲ ရှောင်နိုင်လျှင် ပိုကောင်းမည်။ 

၎င်းဆေးနည်းအတိုင်း စိတ်ရှည်ရှည်ဖြင့် မကြာခဏ ပြုလုပ်ပေးပါက ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ ပျောက်ကင်းသွားပါမည်။ 

နောက်တစ်နည်း 

          အရိုးကျီးပေါင်းမျိုးစုံတွက် တကယ် သက်သာပျောက်ကင်းစေတဲ့ ဆရာ ကြည်လွင်မြင့်( မုဒြာ) ရဲ့ အကောင်းဆုံးကြပ်ထုပ် နည်းလေးပါ 

ပြုလုပ်ပုံအဆင့်ဆင့် – . – . – . 

          နှစ်ကြာခါးနာ ၊ ဇက်ကြောတက်ဝေဒနာသည်များ ၊ဆောင်းရာသီတွင် အအေးပတ်လျှင် ခေါင်းမူး တတ်သူများအတွက်.ရေနွေးငွေ့ဖြင့်အပူပေး၍အချိန်မရွေးကြပ်ထုပ်ထိုးပေးနိုင်ပါသည် ။ 

အထုပ်နှစ်ထုပ်ပြုလုပ်ပြီးတစ်လှည့်စီ နာရီဝက်ခန့်ထိုးပါ ။ 

မုံညှင်းဆီ ၊ နှမ်းဆီအရင်လိမ်းပြီးမှထိုးလျှင်ပို၍ချောမွေ့ပါသည်။ 

ဆေးခန်းသွား၍ငွေကုန်ခံမည့်အစားမိမိအိမ်တွင်သက်သာမည့် နည်းလမ်းဖြစ်ပါသည်။ 

မိတ်သလင်တစ်မျိုးတည်းနှင့်ကျီးပေါင်းပြေ ၊ဒဏ်ကျေစေနိုင်ပါသည်။ 

ပရဆေးဆိုင်မှာ ” မိတ်သလင်ဥ ” ဝယ်ပြီး ” အမှုန့် ကြိတ် ” လိုက်လျှင်ရပါသည်။ 

အခိုးထွက်သည့် ပိတ်စ အကြမ်းကိုအသုံးပြုပါ။ 

ဇက်ကျီးပေါင်း ၊ ခါးဆစ်ကျီးပေါင်းကိုမိတ်သလင် ကြပ်ထုပ်ထိုးပြီးလျှင်သင်္ဘောရွက်ကို ပျော့အောင် ရေနွေးခဏစိမ်ပြီးကပ်ပေးပါ။ 

ကျီးပေါင်းတဖြည်းဖြည်းပါ:သွားပါလိမ့်မည်။ 

❀ ဆေးပူတွေအမြဲမလိမ်းပါနှင့်။ 

❀ ပရုပ်ဆီမလိမ်းပါနှင့်။ 

❀ ပူလျှင် ယားလျှင် သနပ်ခါးမြစ်နှင့်ဆားသွေးလိမ်းပါ။ 

ကျေးဇူးပြုပြီး share လုပ်ပြီး ကုသိုလ်ယူပေးကြပါ။ 

          အရိုးကျီးပေါင်း ဝေဒနာ ရှင်များ ရောဂါ ပျောက်ကင်း စိတ်ချမ်းသာနိုင်ကြပါစေ။ စာဖတ်သူများ တစုံတရာအကျိုးပြုနိုင်ပါစေ >

မေတ္တာများဖြင့်
Sayarlay KoMin 

No comments:

Post a Comment