နှလုံးသွေးကြောထောက်ကိရိယာ (bioresorbable stent)
နှလုံးရဲ့ အဓိက တာဝန်မှာ ခန္ဓာကိုယ်အတွက် လိုအပ်နေတဲ့ အောက်စီဂျင်ဓါတ်၊ အာဟာရဓါတ်တွေ ကို သွေးသန့်အနေနဲ့ လိုတဲ့နေရာရောက်အောင် နဲ့ မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် နဲ့ အညစ်အကြေးတွေကို သွေးညစ်အနေနဲ့ စွန့်ထုတ်တဲ့နေရာတွေဆီသို့ သယ်ယူပို့ဆောင်ပေးရပါတယ်။ ထိုကဲ့သို့ ပြုလုပ်နိုင်ဖို့ အတွက်လည်း စွမ်းအင်အနေနဲ့ အောက်စီဂျင် လိုအပ်ပါတယ်။
နှလုံးကြွက်သားအတွက် သွေးကြောတွေ ကောင်းမွန်စွာ လည်ပတ်စီးဆင်းနေပါမှ နှလုံးကျန်းမာတယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ထို့ပြင် ကျန်းမာတဲ့နှလုံး ဖြစ်နိုင်စေဖို့အတွက် စည်းချက်မှန်တဲ့ နှလုံးခုန်ချက်၊ လုံလောက်တဲ့ နှလုံးသွေးညှစ်အား၊ သန့်စင်တဲ့ သွေးပမာဏလုံလောက်မှု အစရှိတာတွေလည်း လိုအပ်ပါတယ်။
★ နှလုံးတည်ဆောက်ပုံ ★
အခန်း ၄ ခန်း ရှိပြီး ဘယ်ညာတခြမ်းစီ မှာ အပေါ်အောက် တခန်းစီ ရှိကြပါတယ်။ အပေါ်ခန်းနဲ့ အောက်ခန်းကိုတော့ အဖွင့်အပိတ်လုပ်နိုင်တဲ့ အဆို့ရှင် များနဲ့ ခြားထားပါတယ် ။ညာဘက်အပေါ်ခန်းမှာ နှလုံးကို ဝင်လာတဲ့ သွေးပြန်ကြောမကြီး နဲ့ ဘယ်ဘက်ျအာက်ခန်းမှာတော့ နှလုံးကနေ ထွက်သွားတဲ့ သွေးလွှတ်ကြောမကြီး ရှိပါတယ် ။နှလုံးကြွက်သားများအတွက် အောက်စီဂျင်သယ်ပေးတဲ့ နှလုံးသွေးကြောမကြီးဟာလည်း ဘယ်ဘက်အောက်ခန်း အထွက်အဝနားမှာရှိပါတယ်။
★ နှလုံး နဲ့ သွေးလှည့်ပါတ်စနစ်★
နှလုံးရဲ့ ဘယ်ဘက်အောက်ဖက်ခန်းမှ သန့်ရှင်းတဲ့သွေးတွေကို နှလုံးသွေးလွှတ်ကြောမကြီးမှ တဆင့် ဦးခေါင်း ခြေ လက် စတဲ့ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများသို့ ပို့ဆောင်ပေးပြီး သွေးညစ်တွေကိုမူ သွေးပြန်ကြောများမှတဆင့် နှလုံး ညာဖက် အပေါ်ခန်း အောက်ခန်းများသို့ ပြန်လည် ရောက်ရှိစေပါတယ် ။ ထိုသွေးညစ်တွေကို အဆုတ်သို့ ပို့ပြီး သွေးသန့် ဖြစ်အောင် လဲလှယ်စေပါတယ်။ ထို့နောက်အဲဒီသွေးသန့်တွေကို အဆုတ်သွေးပြန်ကြောမှ တဆင့် နှလုံး ဘယ်ဘက်အပေါ်ခန်းသို့ ပြန်လည်ပို့ဆောင်ပေးပါတယ် ။ အဲဒါကို သွေးလှည့်ပါတ်စနစ်လို့ခေါ်ပါတယ်။
သွေးစီးဆင်းတဲ့ လမ်းကြောင်းတလျှောက် မပိတ်ဘဲ မကျဉ်းပဲ ပုံမှန်ရှိနေရင် သွေးလည်ပတ်စီးဆင်းမှု ဟာချောမွေ့နေပြီး ဘာရောဂါလက္ခဏာမှ မပြတတ်ပါဘူး ။ ခြေလက်တွေမှာရှိတဲ့ သွေးကြောတွေကနေ တဆင့် လိုက်သွားရင် နှလုံးဆီသို့ ရောက်နိုင်တာကြောင့် နှလုံးကို စစ်ဆေးမှုပြုလုပ်လိုတဲ့အခါ ခြေလက်တွေမှာရှိတဲ့ သွေးကြောတွေမှာ ပိုက်တပ်ပြီး ဆေးဓါတ်မှန်ရိုက်နိုင်ပါတယ်။
★ နှလုံးသွေးကြောကျဉ်းရောဂါ★
နှလုံးသွေးကြောကျဉ်းရောဂါ ဆိုသည်မှာ နှလုံးကို အစာအာဟာရနှင့် အောက်ဆီဂျင်တို့ ထောက်ပံ့ပေးသော အဓိက သွေးကြောများ ကျဉ်းသည့် ရောဂါဖြစ်ပါတယ်။သွေးကြောကို ရေပိုက်လုံးတစ်ခုကဲ့သို့ မြင်ယောင်ကြည့်ပါက ရေပိုက်လုံး နံရံတွေ ထူလာလေလေ သွေးစီးဆင်းတဲ့အပေါက်က ကျဉ်းလာလေလေပင်ဖြစ်တယ်။ ကိုလက်စထရော (Cholesterol) အဓိကပါဝင်သော အနည်များပိတ်ဆို့ခြင်းကြောင့် နှလုံးသွေးကြောများ ကျဉ်းရခြင်းဖြစ်ပြီး ဆေးပညာတွင် Coronary Heart Disease (CHD) (နှလုံးသွေးကြောများကြောင့်ဖြစ်သော နှလုံးရောဂါ) လို့ ခေါ်ပါတယ်။ Ischemic Heart Disease (IHD) (သွေးမရောက်ရှိမှုကြောင့်ဖြစ်သော နှလုံးရောဂါ) ဟုလည်း ခေါ်ပါတယ်။ ရင်ဘတ်အောင့်ခြင်း ကိုအဓိက ခံစားရသောကြောင့် Angina / Angina Pectoris (ရင်ဘတ်အောင့်သည့်ရောဂါ) ဟု လည်းခေါ်ကြပါတယ်။
ဘယ်လို ဖြစ်လာတာလဲ???
နှလုံးဟာ အခြားခန္ဓာကိုယ် အစိတ်အပိုင်းများကဲ့သို့ပင် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အစာအာဟာရနှင့် အောက်ဆီဂျင်များကို သွေးမှတဆင့် ရရှိပါတယ်။ ထိုသို့ နှလုံးအား သွေးများ ထောက်ပံ့ပေးနေသော သွေးကြောများ ကို Coronary Arteries ဟုခေါ်ပါတယ်။
လူတစ်ယောက်တွင် ငယ်စဉ်အခါကပင် နှလုံးသွေးကြော အတွင်းနံရံများတွင် ထိခိုက်မှုများ ဖြစ်နေတတ်သည်။ ထိခိုက်ရသည့် အကြောင်းအရင်းများမှာ –
– ဆေးလိပ်သောက်ခြင်း
– သွေးတိုးရောဂါရှိခြင်း
– ကိုလက်စထရော (Cholesterol) အဆီများခြင်း
– ဆီးချိုရောဂါရှိခြင်း
တို့ဖြစ်သည်။
ကိုလက်စထရော (Cholesterol) အဓိကပါဝင်သော ပစ္စည်းများ သည် ထိခိုက်နေသော သွေးကြောနံရံများတွင် ခဲစုကာ စုပုံနေတတ်ပါတယ်။ ထိုသို့ စုပုံကာ သွေးကြောနံရံများ ထူလာကာ ကျဉ်းမြောင်းလာခြင်းကို (Atherosclerosis) ဟုခေါ်သည်။ နှလုံးသွေးကြောတွင်းတွင် ကိုလက်စထရောအခဲဖတ်ကြောင့် သွေးကြောနံရံသည် အတွင်းဘက်သို့ ဖောင်းထွက်ကာရှိနေတတ်သည်။ သွေးစီးဆင်းမှုများလာပါက ထိုသို့ ဖောင်းထွက်နေသော နေရာတွင် သွေးကြောနံရံများ ထိခိုက်ပွန်းပဲ့သွားတတ်သည်။ ထိုအခါ Platelets ဟုခေါ်သော သွေးဆဲလ်များက ပွန်းပဲ့သော နေရာတွင် စုကာ ဖာထေးခြင်းတို့ကို လုပ်တော့သည်။ ထိုကြောင့် သွေးခဲများထပ်စုကာ သွေးကြောကို လုံးဝပိတ်သွားစေနိုင်ပါတယ်။
ကိုလက်စထရောအခဲဖတ်ကြောင့် သွေးကြောနံရံများထူကာ အတွင်းဘက်သို့ဖောင်းထွက်ပြီး သွေးကြောကျဉ်းမြောင်းမှု ဖြစ်နေစဉ်တွင် နှလုံးသို့ သွေးရောက်ရှိမှုမှာ သာမန်ဆိုလျှင် ပုံမှန်ကဲ့သို့ဖြစ်နေပြီး နှလုံး အလုပ်လုပ်ရမှုများလာသောအခါမှ နှလုံးကြွက်သားများ သွေးလိုအပ်မှုများလာကာ လိုအပ်သလောက်သွေးများ မရောက်ရှိလာနိုင်၍ ရင်ဘတ်အောင့်ခြင်း စသော ရောဂါလက္ခဏာများ ဖြစ်ပေါ်စေပါသည်။ ၎င်းကို Stable Angina (ပုံသေ ရင်ဘတ်အောင့်သည့်ရောဂါ) ဟုခေါ်သည်။
သွေးခဲများ ထပ်စုကာ သွေးခဲများဖြင့် ပိတ်ဆို့လုနီးပါး ကျဉ်းနေလျှင် နှလုံးကြွက်သားသို့ သွေးရောက်ရှိမှု နည်းကာ နှလုံး၏ ပုံမှန်တိုင်း အလုပ်လုပ်နေရချိန်တွင်ပင် ရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည်။ လုံးဝ ပိတ်ဆို့ခြင်း ဖြစ်သွားလျှင် Heart Attack ဟုခေါ်ကြသော ရုတ်တရက်နှလုံးထိခိုက်ခြင်း ဖြစ်စေပါသည်။ ပိတ်နေသော သွေးခဲများ သွေးစီးဆင်းမှုနဲ့အတူ ပြုတ်ထွက်ပါသွားပြီး ပျောက်သွားလျှင်လည်း ရောဂါလက္ခဏာများ မပြတော့ပါ။ ၎င်းကို Unstable Angina (ပုံသေမဟုတ်သော ရင်ဘတ်အောင့်သည့်ရောဂါ) ဟုခေါ်သည်။
နှလုံးသွေးကြောကျဉ်းခြင်းဟာ တဖြည်းဖြည်းဆိုးလာပြီးကျဉ်း လာတဲ့အခါ နှလုံး ရဲ့အချို့သော နေရာတွေ မှာ အောက်ဆီဂျင်ပြတ်လပ်တဲ့ လက္ခဏာများဖြစ်ပေါ်လာပါတယ် ။ ယေဘူယျကြည့်မယ်ဆိုရင် ဧရိယာတစ်ခုဟာ သွေးကနေတဆင့် အောက်ဆီဂျင် ရောက်လာမှုနည်းသွားရင် အောက်ဆီဂျင်ပြတ်လပ်ခြင်း Ischaemia ကို စတင်ခံစားရပါတယ် ။ အဲဒီထက်တဆင့်ဆိုးပြီး အောက်ဆီဂျင်လုံး၀ မရတော့ဘူးဆိုရင်တော့ ပုပ်သွားခြင်း (Infarction) ကို ခံစားရပါတယ် ။ ဒါကြောင့် IHD ဟာ နှလုံးပုပ်ခြင်း ( Myocardial Infarction) ရဲ့ ရှေ့ပြေး လို့ဆိုလည်းမမှားနိုင်ပါဘူး ။
Unstable Angina နှင့် Myocardia Infarct (MI) ကို Acute Coronary Syndrome (ACS) ဟုခေါ်ပြီး အရေးပေါ်အခြေအနေဖြစ်သည်။
ဘယ်လိုလက္ခဏာတွေနဲ့ လာနိုင်သလဲ ???
နှလုံးသွေးကြောကျဉ်းရောဂါရှိပြီဆိုရင် အမောမခံနိုင်တော့ဘူး (အောက်ဆီဂျင် ရရှိမှုနည်းလာ တဲ့အတွက် ဖြစ်ပါတယ်။) ရင်တွေတုန်လာမယ်။ တလှပ်လှပ်ခံစားရမယ် နောက်ဆုံးရင်ဘတ်အောင့်ခြင်း (Chest Pain ) ကိုခံစားရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် chest pain ရှိတိုင်း နှလုံးသွေးကြောကျဉ်းတာပါလို့ အတိအကျပြောလို့မရပါဘူး ။ Chest Pain ဟာ စိုးရိမ်ပူပန်သောကများခြင်း (Anxiety) ဒါမှမဟုတ် အဆုတ် ၊ ကြွက်သားနဲ့အရိုးဆိုင်ရာ သို့မဟုတ် အစာအိမ်နဲ့အူလမ်းကြောင်းမှာ ရောဂါတစ်ခုခုရှိခြင်း စတာတွေကြောင့် လည်းဖြစ်နိုင်ပါတယ် ။ နှလုံးသွေးကြောကျဉ်းပြီးအောက်ဆီဂျင်သိပ်မရောက်လို့ဖြစ်တဲ့ Chest Pain ရဲ့ပုံစံတွေကတော့
– Chest Pain ဟာ ရင်ဘတ်ရဲ့ အလယ်ခေါင်တည့်တည့်မှာဖြစ်ပါတယ် ။
– Ischaemic Chest Pain ဟာ အထူးသဖြင့် ပြင်းထန်လာတဲ့အခါမှာ လည်ပင်းနောက် မေးရိုး နဲ့ လက် အပေါ်နဲ့လက်အောက်ပိုင်းတွေကိုတောင်ပျံနှံ့ရောက်ရှိနိုင်ပါတယ် ။
အကယ်၍ ရင်ဘတ်အောင့်တာဟာ ဘယ် ဖက် အရှေ့ ပိုင်းမှာလည်းဖြစ်တယ် ဘယ်ဖက်တစ်ခြမ်းကိုပဲ ပျံ့နှံ့သွားတယ်ဆိုရင်တော့ ဒါဟာ အခြားအချက်ပေါင်း များစွာဖြစ်တဲ့ ကြွက်သားနဲ့အရိုးဆိုင်ရာ ပြဿနာများ (သို့မဟုတ်) anxiety စသည်တို့ကြောင့် လည်းဖြစ်နိုင်ပါတယ် ။
– နှလုံးအောင့်မယ်ဆိုရင် မစူးရှပဲ ထူပိန်းပိန်း (dull ) ဖြစ်နေပါတယ် ။ ဆွဲစုတ်၍ညှစ်ထားသလိုအောင့် ပြီး လေးလံတဲ့အရာကြီးနဲ့ ဖိထားသလို ခံစားရပါတယ် ။ ဓါးနဲ့ထိုးသလို စူးရှပြီးအောင့်တာမျိုးမဟုတ်ပါဘူး ။
ဆီးချိုရောဂါ ရှိသူများသည် နာကျင်မှုကို ခံစားသိနိုင်မှု အားနည်းလာသောကြောင့် ရင်ဘတ်အောင့်ခြင်း မခံစားရဘဲ ဖြစ်တတ်သည်။ ရင်ဘတ်အောင့်ခြင်းမရှိဘဲ နှလုံးသွေးကြောလုံးဝပိတ်သွားသည့်အခြေအနေ မျိုးဖြစ်တတ်ပါသည်။
နှလုံးကြွက်သားများ ပုံမှန်အလုပ်မလုပ်နိုင်သောအခါ ခန္ဓာကိုယ်တွက် လိုအပ်သော သွေးများ ညှစ်ထုတ်ပေးနိုင်မှု အားနည်းကာ အလွယ်တကူ မောခြင်း ကို ခံစားရပါသည်။
– Anginal pain ဟာ လှုပ်ရှားမှုပြုလုပ်နေစဉ်မှာ ဖြစ်ပေါ်လေ့ရှိပြီး နားလိုက်တဲ့အခါငါးမိနစ်လောက်အတွင်း ပြန်သက်သာ သွားလေ့ရှိပါတယ် ။မိနစ်အနည်းငယ်တွင်း မသက်သာဘဲ ဆိုးရွားစွာအောင့်ခြင်း၊ အော့အန်ခြင်း၊ ချွေးစီးများပြန်ခြင်း တို့ဖြစ်လျှင် နှလုံးသွေးကြောလုံးဝပိတ်သွားခြင်းကြောင့် ဖြစ်ပြီး အရေးပေါ်အခြေအနေဖြစ်သည်။ စိတ်ခံစားမှုအခြေအနေနဲ့လည်း ဆိုင်ပြီး စိတ်လှုပ်ရှားစရာ ဒေါသထွက်စရာ ကြုံရတဲ့အခါ ပိုပြီးပြီးအောင့်တတ်ပါတယ် ။ ဒါ့အပြင်အစာအများကြီးစားထားတဲ့အခါ လေအေးတွေ အတိုက်ခံရတဲ့အခါ မှာ လည်းပိုပြီးအောင့်နိုင်ပါသေးတယ်။
ဘယ်လို လူတွေမှာ အဖြစ်များလဲ???
အသက်အရွယ်ကြီးလာလေလေ နှလုံးသွေးကြောများထိခိုက်မှု များနိုင်လေလေ ဖြစ်သောကြောင့် အသက်ကြီးသူများ မှာ ပိုဖြစ်နိုင်ပါသည်။
အီစထရိုဂျင် (Oestrogen) (မဟော်မုန်း) က သွေးကြောနံရံများ ထိခိုက်မှုကို ကာကွယ်ပေးနိုင်သောကြောင့် သာမန်အားဖြင့် အမျိုးသားများ မှာ အမျိုးသမီးများထက် ပိုအဖြစ်များပါသည်။ သွေးဆုံးပြီးသော အမျိုးသမီးများ အီစထရိုဂျင် (Oestrogen) (မဟော်မုန်း) နည်းသွားပြီ ဖြစ်၍ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေများလာပါသည်။
ဆေးလိပ်သောက်ခြင်း ကြောင့် သွေးကြောနံရံများ ထိခိုက် နိုင်၍ ဆေးလိပ်သောက်သူများနှင့် ဆေးလိပ်ငွေ့ရှုရှိုက်ရသူများ တွင် အဖြစ်များပါသည်။
သွေးပေါင်ချိန် အမြဲမြင့်တက်နေလျှင် သွေးကြောနံရံများမှာ သွေးဖိအားကို ခံနိုင်မှုရှိစေရန် သဘာဝအရ ထူလာ မာလာပါသည်။ ထိုအခါ သွေးကြောများကို ကျဉ်းလာစေပါသည်။ ထို့ကြောင့် သွေးတိုးရောဂါရှိသူများတွင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေရှိပါသည်။
သွေးတွင်း ကိုလက်စထရောအဆီ (Cholesterol) များနေလျှင် သွေးကြောနံရံများတွင် စုပုံခဲကာ Atherosclerosis ဖြစ်စေပါသည်။ ထို့ကြောင့် သွေးတွင်း ကိုလက်စထရော များနေသူများလည်း ဖြစ်နိုင်ချေများပါသည်။
ဆီးချိုရောဂါသည် သွေတိုးခြင်း၊ သွေးတွင်းအဆီ များခြင်းတို့နှင့် တွဲဖက်နေသောကြောင့် ဆီးချိုရောဂါ ရှိသူများ တွင် ဖြစ်နိုင်ပါသည်။
အဝလွန်သူများ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ၊ စိတ်ဖိစီးမှုများသူများတွင်ဖြစ်နိုင်ပါသည်။ စိတ်ဖိစီးမှုများလျှင် သွေးကြောနံရံများကို ထိခိုက်စေနိုင် ပါသည်။ သွေးတိုးခြင်း၊ သွေးတွင်အဆီများခြင်းတို့ကို လည်း ဖြစ်စေနိုင်ပါသည်။
နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နိုင်သလဲ???
– နှလုံးကြွက်သားပုပ်ခြင်း(Myocardial Infarct)။ နှလုံးကြွက်သားများ သွေးလုံးဝမရရှိတော့ပါက ပုပ်သွားနိုင်ပါသည်။
– နှလုံးအလုပ်မလုပ်နိုင်တော့ခြင်း(Heart Failure)။ ကာလကြာရှည်စွာ လုံလောက်အောင် သွေးမရရှိပါက၊ နှလုံးနေရာတစ်ခုခုက ကြွက်သားများ ပုပ်နေပါက နှလုံး အလုပ်မလုပ်နိုင်တော့ဘဲ ဖြစ်လာပါသည်။
– နှလုံးစီးချက်များပုံမမှန်ခြင်း (Arrhythmia)။ နှလုံးကို သွေးလုံလောက်အောင်မရပါက၊ နှလုံးနေရာတစ်ခုခုက ကြွက်သားများ ပုပ်နေပါက နှလုံး၏ လျှပ်စီးမှု များ ချို့ယွင်းကာ စီးချက်ပုံမမှန် ဖြစ်လာပါသည်။
ဘယ်လိုသိနိုင်မလဲ???
ရောဂါရာဇဝင်မေးမြန်းခြင်း (history taking ) စမ်းသပ်ခြင်း ( Physical examination) ဓါတ်ခွဲစမ်း သပ်မှုများပြုလုပ်ခြင်း ( Investigation ) စသည်တို့ဖြင့်သိရှိနိုင်ပါတယ် ။ ဒီနေရာမှာ ပုံမှန်အားဖြင့်တော့ ရောဂါရာဇဝင် မေးမြန်းခြင်း ဖြင့် နှလုံးသွေးကြောကျဉ်းရောဂါကို ခန့်မှန်းသိရှိနိုင်ပါသည်။ မျက်စိဖြင့်ကြည့်ရှုစစ်ဆေးခြင်း၊ လက်ဖြင့်စမ်းသပ်ခြင်း၊ ခေါက်ကြည့်ခြင်း၊ နားကြပ်ဖြင့် နားထောင်ခြင်း စသည့် ရောဂါစစ်ဆေးစမ်းသပ်ခြင်းများဖြင့် နှလုံးသွေးကြောကျဉ်းရောဂါကို မသိရှိနိုင်ပါ။ သို့သော် နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်သော အခြားအကြောင်းအချက်များ၏ လက္ခဏာများ၊ ပိုဆိုးစေနိုင်သော အချက်များ၏ လက္ခဏာများ၊ နောက်ဆက်တွဲဖြစ်ပေါ်နေသော ရောဂါများ၏ လက္ခဏာများကို သိရှိနိုင်ပါသည်။ IHD အတွက် အကောင်းဆုံး၊ ဈေးအသက်သာဆုံးနဲ့ ယေဘူယျအကျဆုံးစစ်ဆေးခြင်းဟာ ECG ဆွဲခြင်းဖြစ်ပါတယ် ။ ECG မှာ IHD ရဲ့ pattern တွေပေါ်နေပြီဆိုရင် ဒါဟာ IHD ဖြစ်ကြောင်း သတ်မှတ်နိုင်ပါတယ် ။ အကယ်၍ ဘယ်နေရာမှာ သွေးကြောပိတ်တယ်၊ ဘယ်လောက် ရာခိုင်နှုန်းပိတ်တယ်၊ ဘယ်နေရာတွေမှာ ကျဉ်းနေသလဲ စတဲ့ အသေး စိတ်ကို သိဖို့အတွက်ဆိုရင်တော့ Coronary Angiogram ရိုက်နိုင်ပါတယ် ။
အခြားလုပ်ဆောင်ရန် လိုအပ်နိုင်တာတွေကတော့
– အသံလှိုင်းဓာတ်မှန်(Echocardiogram)
– နှလုံး ကွန်ပျူတာဓာတ်မှန်(Heart CT)
ဘယ်လို ကုသရမလဲ???
နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနည်းများမှာ ဆေးဝါးများဖြင့်ကုသခြင်း နှင့် ခွဲစိတ်ကုသခြင်း တို့ဖြစ်ပါသည်။ Acute Coronary Syndrome (ACS) ဖြစ်လျှင် ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူရမည်ဖြစ်သည်။
ဆေးဝါးများဖြင့်ကုသခြင်းမှာ –
– Aspirin – သွေးခဲများ တားဆီးရန်ဖြစ်သည်။
– Beta blockers (ဥပမာ – Atenolol) – နှလုံးခုန်နှုန်းကို လျှော့ချပေးခြင်း၊ သွေးဖိအားကို လျှော့ချပေးခြင်းဖြင့် နှလုံး၏အလုပ်လုပ်ဆောင်ရန် လိုအပ်မှု၊ သွေးလိုအပ်မှုကို လျှော့ချပေးရန် ဖြစ်သည်။
– Nitrates (ဥပမာ – Glycerin Trinitrates (GTN)) – ရင်ဘတ် အောင့်ခြင်းကို သက်သာစေရန်ဖြစ်သည်။ ငုံဆေး၊ သောက်ဆေး၊ ဖြန်းဆေးများ အဖြစ် ရှိသည်။ နှလုံးသွေးကြောများကို ကျယ်စေခြင်း၊ နှလုံး၏သွေးလိုအပ်မှုကို လျော့စေခြင်းဖြင့် ရင်ဘတ်အောင့်ခြင်းကို သက်သာစေသည်။
– Angiotensin Converting Enzyme Inhibitors (ACEI) (ဥပမာ – Enalapril) – သွေးဖိအားကို လျှော့ချပေးကာ နှလုံး အလုပ်လုပ်ဆောင်ရန်လိုအပ်မှုကို လျှော့ချပေးရန်ဖြစ်သည်။
– Lipid lowering agents (ဥပမာ – Statins) – သွေးတွင်းအဆီ ကို လျော့နည်းစေရန် ဖြစ်သည်။
အကယ်၍ Angiogram မှာ သွေးကြောတွေကို သိသာထင်ရှားတဲ့ရောဂါတွေ ပြသနေပြီဆိုရင်တော့ လက္ခဏာတွေ ကလည်း သောက်ဆေးတွေနဲ့ မသက်သာတော့ဘူးဆိုရင်တော့ ခွဲစိတ်ကုသခြင်းကို စဉ်းစား ရပါတော့မယ် ။
ခွဲစိတ်ကုသခြင်းမှာ –
Percutaneous transluminal coronary angioplasty (PTCA) – အရေပြားကို ဖောက်ကာ သွေးကြောတွင်းဖြတ်၍ နှလုံးသွေးကြောများကို ပြုပြင်ခြင်း။ ပေါင်ခြံနေရာအရေပြားကိုဖေါက်၍ ပေါင်တွင်းသွေးကြော (Femoral Artery) ထဲသို့ Guide wire ဟုခေါ်သော လမ်းပြဝါယာ နှင့်အတူ ပိုက် (Catheter) တစ်ခုကို သွေးကြောမကြီး၏ နှလုံးသွေး ကြော အဝ ထိရောက်အောင် အရင်ထည့်လိုက်သည်။ ထို Catheter မှတဆင့် လေဘောလုံးကဲ့သို့သော ဖြစ်မည့်အရာ Balloon ကို နှလုံးသွေးကြောထဲထိရောက်အောင် ထိုးထည့်ကာ ကျဉ်းနေသောနေရာရောက်လျှင် လေထိုးထည့်ပြီး သွေးကြောကို ပို၍ ကျယ်လာအောင် ပြုလုပ်ချင်းဖြစ်သည်။
Stent placement (သွေးကြောထောက်ကိရိယာထည့်ခြင်း)– Stent ဟုခေါ်သော သွေးကြောထောက်ကိရိယာကို နှလုံးသွေးကြောထဲထိ ထိုးထည့်ကာ ကျဉ်းနေသော နေရာတွင် stent ကို ထားခဲ့ခြင်း ဖြစ်သည်။
Coronary Artery Bypass Grafting (CABG) – နှလုံးသွေးကြောကို အစားထိုးဖြတ်ဆက်ခြင်း။ ရင်ခေါင်းကို ခွဲစိတ်၍ ပိတ်နေသော နှလုံးသွေးကြောနေရာကို ကျော်ရန် ခန္ဓာကိုယ်၏အခြားနေရာမှ သွေးကြော (ဥပမာ- ခြေထောက်မှသွေးပြန်ကြော) ကိုဖြတ်ယူ၍ ဆက်လိုက်ခြင်းဖြစ်သည်။
အထက်ပါ နည်းလမ်းများသည် နှလုံးသွေးကြောကိုကျယ်စေပြီး နှလုံးကို ပုံမှန်သွေးရရှိအောင် ပြုလုပ်ပေးခြင်းမျှသာဖြစ်ပြီး ရောဂါဖြစ်စေသောအကြောင်းအရင်းများကို မပျောက်ကင်းစေပါ။ ရောဂါဖြစ်စေသောအကြောင်းအရင်းများလျှော့ချရန် နေထိုင်မှုပုံစံပြောင်းလဲခြင်းနည်းဖြင့်သာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲရန်မှာ –
– ဆေးလိပ်သောက်သူဖြစ်ပါက ဆေးလိပ်ဖြတ်ရန်
– အဆီပါသော အစာများကို ရှောင်ရန်
– ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ရန်
– အဝလွန်နေသူဖြစ်ပါက ကိုယ်အလေးချိန်လျှော့ချရန်
– စိတ်ဖိစီးမှုမများရအောင် နေထိုင်ရန်
တို့ဖြစ်ပါသည်။
နှလုံးသွေးကြောထောက်ကိရိယာ (bioresorbable stent)
နှလုံးသွေးကြောကျဉ်း ရောဂါကို ကုသရာမှာ အသုံးပြုတဲ့ Bio-resorbable heart stent OR Bio-resorbable vascularscsffold ဆိုတဲ့ သွေးကြောထောက်ကိရိယာ အမျိုးအစားသစ်သည် ဇီဝပြိုကွဲနိုင်စွမ်း ရှိတာကြောင့် အချိန်တန်လျှင် အလိုအလျောက် ပျော်ဝင်ပျောက်ကွယ် သွားမည်ဖြစ်သည့်အတွက် အသက်ပေါင်း မရေမတွက် နိုင်အောင်ပင် ကယ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အဆိုပါ stent အမျိုးအစားသစ်ကို Abbott Absorb Stent ဟု အမည်ပေး ထားကြောင်း၊ သမားရိုးကျ သတ္တု stent များအတိုင်း ပိတ်ဆို့နေသော နှလုံးသွေးကြောကို တွန်းဖွင့်ပေးကြောင်း၊ သို့သော် နှစ်နှစ်မှ သုံးနှစ်အတွင်း သွေးကြောထဲတွင် အရည်ပျော် ပျောက်ကွယ် သွားနိုင်သည့် အစွမ်းရှိကြောင်း၊ သမားရိုးကျ stent များသည်လည်း အသက်ပေါင်း မြောက်မြားစွာကို ကယ်တင်ခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် Absorb Stent တွင် အားသာချက် ရှိနေကြောင်း သိရသည်။
သတ္တု stent တွေရဲ့အထဲမှာ တစ်ရှူးအရွတ်တွေ ဖြစ်လေ့ရှိတဲ့ အတွက် သွေးကြောတွေ မာကျောသွားလေ့ ရှိပါတယ်။ Absorb Stent က ကျတော့ သွေးကြောထဲမှာ အရည်ပျော် ပျောက်ကွယ်သွားမှာ ဖြစ်တဲ့အတွက် သွေးကြောတွေ မာကြောလာတဲ့ပြဿနာ ရှိတော့မှာ မဟုတ်သလို သဘာ၀ သွေးကြောကို လည်း ပြန်ရတဲ့ သဘော ဖြစ်သွားပါတယ်။
Absorb Stent ဟာ သွေးကြောရဲ့လှုပ်ရှားမှုကို သဘာဝအတိုင်း ပြန်ဖြစ်စေ သလို သွေးခုန်နှုန်းကိုလည်း အနှောက်အယှက် မပေးပါဘူး။ သွေးစီးဆင်းမှု ကိုလည်း တည်ငြိမ်စေမှာ ဖြစ်ပါတယ်။ သတ္တု stent တွေကြောင့် ဖြစ်ပွားတဲ့ ရှုပ်ထွေးမှုတွေလည်း ရှိလာတော့ မှာမဟုတ်တဲ့ အတွက် အသက်ကယ်တင် နိုင်ခြေပိုများ ပါတယ်။
အာရှနိုင်ငံတော်တော်များများမှာတောင် မရနိုင်သေးတဲ့ ဒီ stent မျိုးဖြင့်ကုသမှုခံယူလိုပါက စင်ကာပူနိုင်ငံမှာ ကုန်ကျစရိတ်နည်းနည်းနဲ့ ကုသနိုင်ရန် Ulinkမှ စီစဉ်ဆောင်ရွက်ပေးနေပြီးဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။
❀ ကုသမှုခံယူသင့်သူများ❀
အသက်ငယ်ရွယ်သူများ(အသက် ၄၀-၅၀ ဝန်းကျင်)
သွေးခဲနိုင်ချေများသူများ
ဆီးချိုရောဂါရှင်များ
အကျိုးကျေးဇူးများ
နှစ်နှစ်ခန့် ကြာပြီးနောက် အလိုအလျောက် ပျော်ဝင်သွားခြင်း
နှစ်နှစ်ကြာပြီးနောက်တွင် သွေးမခဲဆေးများ သောက်သုံးရန်မလိုတော့ခြင်း
အကောင်းဆုံးရလဒ်ကိုရရှိနိုင်ခြင်း
❀ ကုသမှုအစီအစဉ်❀
ပထမနေ့ – ကွန်ပျူတာဓာတ်မှန်နှင့် အခြားစစ်ဆေးမှုများပြုလုပ်ခြင်း၊ ဆရာဝန်နှင့်ဆွေးနွေးခြင်း
ဒုတိယနေ့ – ဆေးရုံတက်၍ အထူးကြပ်မတ်ကုသဆောင်တွင် တစ်ညနေထိုင်ခြင်း
တတိယနေ့ – ရိုးရိုးအဆောင်တွင် တစ်ညနေထိုင်ခြင်း
စတုတ္ထနေ့ – ဆရာဝန်မှပြန်လည်စစ်ဆေး၍ နောက်ဆက်တွဲဆိုးကျိုးများမရှိပါက ဆေးရုံမှ ဆင်းနိုင်ပါတယ်
တစ်လခန့်ကြာတွင် ဆရာဝန်နှင့် ပြန်လည်ပြသရန်လိုအပ်ပါတယ်။
အသေးစိတ်သိရှိလိုပါက –
?၀၉၇၉၂၈၈၈၆၁၁
?၀၉၇၉၂၈၈၈၆၂၂
No comments:
Post a Comment