Friday, October 4, 2019

ဆီးချို ရောဂါအတွက် ဆေးနည်းများ (၁၄)

ဆီးချိုသွေးချိုရောဂါအတွက် ဗောက်သီးပင်

          ဒီအပင်ကို လမ်းဘေးတွေမှာ မကြာခဏ မြင်တွေ့ဖူးကြမှာပါ။ ဗောက်ပင် ဖြစ်ပါတယ်။ အချို့ကတော့ ဘောင်သီးလို့ခေါ်ပါတယ်။ 

          ဗောက်သီးမှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် B1 and B3 တို့ပါဝင်ခြင်းကြောင့် ဆီးချိုရောဂါအပြင် ရောင်ရမ်းမှုဝေဒနာများ၊ အဆုပ်နာများကိုလည်း သက်သာစေပါတယ်။ ကင်ဆာကိုဖြစ်စေသည့် ရောဂါများကိုလည်း ကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိထူးများ ပါဝင်နေပါတယ်။ 

          ဒီအပင်ရဲ့ ပဉ္စငါးပါးစလုံးကို ဆီးချိုသွေးချိုရောဂါအတွက် အသုံးပြုနိုင်ပါတယ်။ အသီးကိုလည်း စားနိုင်ပါတယ်။ ခရမ်းချဉ်သီးအရသာ ရှိပါတယ်။ မှည့်နေသည့်အသီးများ ချိုသည့်အတွက် ကလေးများ ကြိုက်ကြပါတယ်။ ဆေးဖက်ဝင်သည့်အတွက် နိုင်ငံခြားမှာဆိုရင် ကိတ်မုန့်ပေါ်တင်ထားပြီး စားသုံးကြပါတယ်။ 

ဆီးချိုအတွက် ဆေးနည်း 

၁။ အပင်၊ အရွက်၊ အမြှစ်၊ အသီး၊ အပွင့်တို့ကို လက်တစ်ဆုပ်စာလောက် ခူးပြီး ရေစင်အောင်ဆေးကြောလိုက်ပါ။ 

၂။ ရေ ၃ခွက် ၁ ခွက်ကျန်တဲ့အထိ ကျိုလိုက်ပါ။ 

၃။ လက်ဖက်ရည်ခွက် တစ်ခွက်စာခန့်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပါ။ 

            အရသာခါးလွန်းရင် ထန်းလျက်ခဲအနည်းငယ်နှင့် သောက်ပါ။ တစ်လခန့် သောက်ပါက ဆီးချိုသွေးချိုရောဂါ သက်သာသွားပါမည်။ 

ဦးစောနွဲ့နေဆိုင် (တိုင်းခမ်းတီ) 

ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ၊ ဆေးဖက်ဝင်အပင်များ 

Posted by သုတမောင်(1) at 1:02 PM 

No comments:

Post a Comment