Friday, October 4, 2019

ဆီးချို ရောဂါအတွက် ဆေးနည်းများ (၁၅)

ထုံနာကျဉ်နာဝေဒနာရှင်များအတွက် (လေဖြတ်ခြင်းမှ ကာကွယ်ရန်)
(၁) ငုရွက် (အရွက်ရင့်များခူး၊နေပူတွင်အခြောက်လှန်းပါ)

(၂) ဥနဲရွက် (အစိုအတိုင်းအသုံးပြုရန်)

(၃) သင်္ဘောမဲဇလီရွက် (အချို့အရပ်ဒေသများတွင်ပွေးကိုင်းမဲဇလီဟုခေါ်ကြသည်။ အစိုအတိုင်း အသုံးပြုရန်)

(၄) ဝါးရွက် (အစို ၊ ကြခတ်ဝါးရွက်ရလျှင် ပိုကောင်းသည်။)

အထက်ပါအရွက်လေးမျိုးကို ပြုတ်၍ဖြစ်စေ၊လက်ဖက်ခြောက်ကဲ့သို့ခတ်သောက်ခြင်းဖြင့် ဖြစ်စေ နေ့စဉ် မတ်ခွက်တစ်ခွက်စာ၊အကြမ်းပန်းကန်လုံးသုံးလုံးစာမျှသောက်ပေးခြင်းဖြင့် သက်သာ စေနိုင်သည်။ဤအရွက်များသည် အသည်းအဆီဖုံးသူ၊ ဆီးချို ၊ သွေးချိုရောဂါရှိသူများနှင့် လည်းသင့်လျော်သောအရွက်များဖြစ်သည်။ ငုရွက်သည်ဝမ်းသက်စေသဖြင့် ဝမ်းမသွားစေလိုလျှင် ငုရွက်ကိုအခြားအရွက်များထက် လျှော့ထည့်ပြီးသောက်သုံးနိုင်သည်။

ဆောင်းဥတုတွင်အသားပပ်ရာမှ အနာများကဲ့သို့ အရေပြားကွာကျနေသူတစ်ဦးသည် ဤအရွက်ပြုတ်ရည်သောက်ပြီးသက်သာလာသည်ကိုတွေ့ရသည်။ ပွေးကိုင်း ၊မဲဇလီရွက် သည် ပွေးရောဂါစွဲကပ်နေသူများနှင့် အရေပြားတွင် မှိုကွက်ရှိသူများအဖို့စွဲသောက်လျှင်ပျောက်ကင်း စေနိုင်သည်။

ထုံနာကျဉ်နာရှိသူများသည် အသားနှင့်အသီးအရွက်ကိုမျှတအောင် စားရန်လိုသည်။ ဝမ်းတွင်းသားများ ၊ ကြာရှည်ခံအောင် ပြုပြင်ထားသောအသားများကို လုံးဝရှောင်ကြဉ် သင့်သည်။

ငါးတစ်မျိုးမျိုးနှင့်ဆီးဖြူသီးကိုရောချက်စားခြင်း ၊ ကင်ပွန်းချဉ်ရွက် ၊ ရှောက်ရွက် ၊ ဥသျှစ်ရွက် ၊ ငရံ့ပတူရွက်များကိုစားသုံးပေးခြင်းဖြင့်လည်းသက်သာစေနိုင်သည်။လမ်းများများလျှောက်ပေးခြင်းဖြင့်လည်းထုံကျဉ်ဝေဒနာသက်သာစေနိုင်သည်။

လေဖြတ်ဝေဒနာခံစားရသူ လူကြီးများကိုလေ့လာမေးမြန်းသုတေသနပြုကြည့်သောအခါ လေမဖြတ်မီ နှစ်နှစ်ခန့်ကပင် ကြိုတင်၍ ထုံကျဉ်သည့်ဝေဒနာကိုခံစားနေကြသည်ကိုတွေ့ရသည်။ ပစ္စည်းများကိုင်လျှင်မမြဲခြင်း ၊မကြာခဏလွတ်ကျခြင်း ၊ဖိနပ်ကျွှတ်ထွက်ခြင်း ၊ခြေချော်လဲခြင်း ၊ ခလုတ်တိုက်ခြင်းတို့ဖြစ်သည်ကိုသတိမထားမိခြင်းကြောင့်သာဖြစ်သည်။



ထုံနာကျဉ်နာရောဂါ ဖြစ်ပွားခြင်းကိုကာကွယ်ရန်အတွက်
၁။ အသက် ၅၀ ကျော်လာလျှင် အသားလျှော့စားပြီးအသီးအရွက်များများစားပါ။

၂။ ဈေးလိပ်နှင့်အရက်ကိုလုံးဝဖြတ်လျှင်အကောင်းဆုံးဖြစ်ပါသည်။ (လျှော့သောက်ခြင်းဖြင့် အကျိုးမရှိပါ၊ လုံးဝဖြတ်ပါ။)

၃။ ထမင်းနှင့်ဟင်းကိုပူပူနွေးနွေးစားသုံးပါ။

၄။ အစားစားလျှင် အစာကြေအောင်ဖြည်းဖြည်းခြင်းကျေညက်အောင်စားသုံးသင့်သည်။

၅။ အိပ်ချိန်မှန်အောင်အိပ်ပါ။ စောစောအိပ်ပြီးစောစောထခြင်းဖြင့် ကျန်းမာရေး ကောင်းစေ နိုင်ပါသည်။

၆။ အငန်ကြိုက်လျှင် လျှော့စားပါ။ သွေးတိုးစေမည့် အပုပ်အငန်များကိုရှောင်ကြဉ်ပါ။

၇။ လမ်းများများလျှောက်ပါ။ ထိုင်နေခြင်း၊ ကားစီးခြင်းများကိုတတ်နိုင်သမျှရှောင်ပြီး လမ်းလျှောက် ပါ။ ခြေကျင်သွားပါ။

၈။ ပစ္စည်းများကိုင်တယ်ရာတွင်မကြာခဏလွတ်ကျလျှင် ၊လမ်းသွားရင်းဖိနပ်မကြာခဏ ကျွှတ် ထွက် လျှင် ထုံကျဉ်ရောဂါစနေပြီဟုသတိရှိပါ။

၉။ သွေးတိုးရောဂါ ၊ ဆီးချိုရောဂါ ရှိ၊မရှိမစစ်ဆေးရသေးလျှင် ဆရာဝန်၊ သမားတော်တို့ နှင့်ပြပြီးစစ်ဆေးပါ။

၁၀။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိနေလျှင် ဆေးမြီးတိုများ၊ ရောင်းတန်းဆေးများနှင့် မကုသဘဲတတ်ကျွှမ်းသည့် သမားတော်၏ညွှန်ကြားသည့်ဆေးဝါးကိုသာသုံးစွဲပါ။

အထက်ပါအချက်အတိုင်းလိုက်နာကျင့်သုံးလျှင်ထုံကျဉ်ရောဂါဝေဒနာမှလေဖြတ်ရောဂါအဆင့်ထိမရောက်ရှိနိုင်ပါ။

ထုံနာကျဉ်နာဝေဒနာသည်လေဖြတ်ရောဂါ၏ရှေ့ပြေးဟုသုတေသနပြုချက်များအရသိရှိရပါသည်။ထို့ကြောင့်ထုံနာကျဉ်နာဝေဒနာခံစားရနေသည့်သူများအတွက်ဆေးနည်းကောင်းလေးကိုတင်ပြလိုက်ရပါသည်။

ငုရွှေဝါပင်









ဥနှဲပင်






သင်္ဘောမဲဇလီပင်






ကြခတ်ဝါးပင်









No comments:

Post a Comment