ဆေးဖက်ဝင်ကြက်ဟင်းခါးသီးပင်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ
စားပင်၊ သီးပင်၊ ဆေးဖက် ဝင်တဲ့အပင်ဟာ ကြက်ဟင်းခါးပင် ပဲဖြစ်ပါတယ်။ ဒီအပင်ကို လူတိုင်း လိုလို မြင်ဖူးကြမှာပါ။ တိုင်းရင်း ဆေးအလိုအရ ကြက်ဟင်းခါးပင် တစ်ပင်လုံး အရွက်၊ အခေါက်၊ ပင် စည်၊ အသီး၊ အမြစ်၊ အပွင့်အား လုံးကို အသုံးပြုနိုင်ပြီး ဆေးဖက် ဝင်တယ်လို့ ဆိုပါတယ်။
ကြက်ဟင်းခါးပင်ရဲ့ ရုက္ခဗေဒ အမည်ကတော့ Momordica Charantia လို့ခေါ်ပြီး မျိုးရင်းကတော့ Cucurbitaceae နေ ဖြစ်ပါတယ်။ အင်္ဂလိပ်အမည်ကတော့ Bitter Gourd လို့ ခေါ်ပါတယ်။ မြန်မာ့ ဆေးကျမ်းတွေရဲ့ အဆိုအရ ကြက် ဟင်းခါးပင်သည် အေး၊ ခါး၏။ စပ်ရှားရှားရှိ၏။ လေတို့ကို ဖြိုခွဲ တတ်၏။ ကြေကျက်လွယ်၏။ ဝမ်း ကို သက်စေ၏။ သည်းခြေ၊ သလိပ် ကိုနိုင်၏။ မျက်စိရောဂါ၊ ယောနိ ၌ဖြစ်သောရောဂါများ၊ အဖျား၊ ပိုး၊ သွေးဖောက်ပြန်ခြင်း၊ သွေးအား နည်းခြင်း၊ ဆီးရောဂါ၊ ပန်းနာ၊ အ နာပေါက်စတဲ့ရောဂါတွေကို ပျောက် ကင်းစေတယ်လို့ဆိုပါတယ်။
ထို့အတူ အိန္ဒိယဆေးကျမ်းများ ကလည်း ကြက်ဟင်းခါးမြစ်သည် ဖန်သောအရသာရှိပြီး လိပ်ခေါင်း ရောဂါ ပျောက်၏။ အသီးသည် အဆစ်ရောင်ရောဂါ၊ လေးဖက်နာ၊ အသည်းရောဂါ၊ သွေးလေမီးယပ် မမှန်ခြင်းအတွက် ဆေးဖက်ဝင် သည်။ အရွက်သည် ဝမ်းကိုမှန်စေ သည်။ ဝမ်းနှုတ်ဆေးအဖြစ်လည်း ကောင်း၊ သန်ချဆေးအဖြစ်လည်း ကောင်း အသုံးပြုကြသည်။ အမြစ်၊ အရွက်၊ အသီးတို့သည် ဆီးချိုရော ဂါကို ပျောက်ကင်းစေသည်လို့ဆို ထားပါတယ်။
တိုင်းရင်ဆေးပညာအရ သုံး သပ်ကြည့်မယ်ဆိုရင် ကြက်ဟင်းခါး ပင်ဟာ နွယ်အမျိုးအစားဖြစ်ပြီး တစ်ပင်လုံး အစိမ်းရောင်ရှိခြင်း၊ အရည်စိုရွှမ်းခြင်း၊ ပင်စည်ရိုးတံ လေးထောင့်ပုံရှိ၍ နှာမောင်းများ ပါရှိခြင်း၊ အရွက်သည် လက်ဝါး ရွက်ပေါင်းကဲ့သို့ ရှိခြင်း၊ အရွက် နားပတ်လည် အတွန့်များပါရှိခြင်း၊ မညီညာသော အဖုများပါရှိခြင်း စတဲ့ လက္ခဏာတို့ဟာ အေးပြီး လေဓာတ်ဦးဆောင်တဲ့ အပွင့်ဓာတ် ရှိတဲ့ သီတဓာတ်စာဖြစ်ကြောင်း ထင်ရှားပါတယ်။ အပင်အနေနဲ့ ဝါယော၊ အာကာသပင်ဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။
ကြက်ဟင်းခါးနဲ့ပတ်သက်တဲ့ ဆေးအသုံးတွေကို တင်ပြပါမယ်။ ပထမဦးဆုံး ကြက်ဟင်းခါးအရွက် ရဲ့အသုံးကို တင်ပြလိုပါတယ်။ ဆီးကျောက်တည်ရောဂါအတွက် ကြက်ဟင်းခါးရွက်ကို ထောင်းထု ပြီး ကြိတ်ညှစ်လို့ရတဲ့အရည်ကို ဒိန်ရည်တစ်ကျပ်ရှစ်ပဲသားနဲ့ရော သောက်ပြီး ဆန်ဆေးရည် သုံးကျပ် သားကို ဆက်သောက်ပါ။ ဒီနည်း အတိုင်း သုံးရက်ဆက်တိုက်သောက် ပြီး သုံးရက်နားပေးပါ။ တစ်ပတ် ကနေ တစ်လအထိ ဆက်သောက် ပေးရင် ဆီးကျောက်တည်ရောဂါ အလုံးစုံ စင်ကြယ်စွာပျောက်ကင်း စေပါတယ်။
ကြက်ဟင်းခါးရွက် သတ္တုရည် ဟာ အူတွင်းရှိပိုးများကို သေစေနိုင် တဲ့ သတ္တိရှိပါတယ်။ ဒီသတ္တုရည် ကို ဖန်ခါးသီးနဲ့ သွေးပြီးသောက် ရင် အသည်းရောင် အသားဝါရော ဂါကို ပျောက်ကင်းစေပါတယ်။ ဒါ့ အပြင် ကြက်ဟင်းခါးသတ္တုရည် ဟာ သွေးလွန်တုပ်ကွေးရောဂါကို လည်း သက်သာစေပါတယ်။ ကြက် ဟင်းခါးရွက်ကို ချင်း၊ ထန်းလျက် ထည့်ပြီး သုံးခွက်တစ်ခွက်တင်ကြို သောက်ရင် မီးယပ်ငုပ်ခြင်း၊ ထိမ် ခြင်းကို ပျောက်ကင်းစေပြီး မီးယပ် သွေးကို သက်ဆင်းစေပါတယ်။ ရာ သီအကူးအပြောင်းမှာဖြစ်တတ်တဲ့ ချမ်းဖျား၊ တုန်ဖျားတွေကိုလည်း သက်သာစေပါတယ်။ ခရီးသွားရင်း မူးမော်ခြင်း၊ မိုက်ခနဲဖြစ်ခြင်းများ ရှိခဲ့ရင် ကြက်ဟင်းခါးရွက်ကို ချေ ပြီး ရှူပေးပါ။
အပူအပုပ်များလို့ ပါးစပ်ကွဲ ခြင်း၊ နှုတ်ခမ်းကွဲခြင်းများဖြစ်ခဲ့ရင် ကြက်ဟင်းခါးရွက် သတ္တုရည်နဲ့ တိုင်းရင်းဆေးခန်းသုံးဆေး နံပါတ် ၂၁ ဆီးဆေးဖြူနဲ့ တွဲလိမ်းပေးရင် သက်သာပျောက်ကင်းသွားပါလိမ့် မယ်။ ပွေး၊ ဝဲ၊ ယားနာ စတဲ့ အရေ ပြားရောဂါတွေအတွက် ကြက်ဟင်း ခါးသတ္တုရည်မှာ ဆားအနည်းငယ် ထည့်ပြီးလိမ်းပေးရုံနဲ့ပျောက်ကင်း စေပါတယ်။ နို့စို့အရွယ်ကလေး ငယ်များ ကျောပူ၊ ခေါင်းပူထလို့ အပြင်းဖျားနေရင် ကြက်ဟင်းခါး ရွက်သတ္တုရည်နဲ့ တိုင်းရင်းဆေးခန်း သုံး ဆေးနံပါတ် ၄၇ ကို တွဲဖက်ကာ ခြေဖဝါး၊ လက်ဖဝါးချန်ပြီး တစ် ကိုယ်လုံးလူးပေးမယ်ဆိုရင် ကလေး ဟာ အပူကျသွားပြီး မကြာခင်မှာပဲ သက်သာလာပါလိမ့်မယ်။
ဆီးချိုရောဂါအတွက် ကုထုံး ဆေးတစ်လက်ကို ဖော်ပြရရင်တော့ ကြက်ဟင်းခါးသီးကို ရေစင်အောင် ဆေးပြီး ထက်ခြမ်းခွဲပါ။ ကြက်ဟင်း ခါးသီးရဲ့ အစေ့များကို ထုတ်ပစ် ပါ။ ကျန်တဲ့ ကြက်ဟင်းခါးသီးအ သားကို ဆုံတွင်ထည့်ထောင်းပါ။ သို့မဟုတ် Blender စက်ဖြင့်ကြိတ် ၍ အရည်ညှစ်ယူပါ။ ဒီသတ္တုရည် ကို ဟင်းစားဇွန်း တစ်ဇွန်းစာယူပြီး ဆီးချိုရောဂါအတိမ်အနက်ပေါ်မူ တည်လို့ တစ်ရက်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိသောက်ပေးရင် သက် သာပျောက်ကင်းစေပါတယ်။
ကြက်ဟင်းခါးသီးကို ဓားနဲ့ ပါးပါးလှီး အရိပ်မှာ လေသလပ်ခံ အခြောက်လှမ်းပါ။ ခြောက်ရင် အ မှုန့်လုပ်ပြီး ဆေးမှုန့်အနေနဲ့ ကော် ဖီဇွန်းနှစ်ဇွန်းခန့် တစ်ရက်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိသောက် ပေးရင်လည်း ဆီးချိုရောဂါကို သက်သာပျောက်ကင်းစေပါတယ်။
ကြက်ဟင်းခါးပင်ရဲ့ ဆေးဖက် ဝင်ပုံကတော့ ဆက်ရေးရင် လုံးချင်း တစ်အုပ်စာ ဖြစ်နိုင်တာမို့ အနည်း အကျဉ်းမျှဆေးပညာရှုထောင့်က တင်ပြရတာပါ။ တစ်ပတ်မှာတစ်ခါ လောက် ကြက်ဟင်းခါးသီးကို မိသားစုထမင်းဝိုင်းမှာ ထည့်ပြီးစား သောက်ပေးရင် ရောဂါများကို ကာကွယ်စောင့်ရှောက်နိုင်ကြောင်း ရေးသားလိုက်ရပါတယ်။
(တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာမ နေနေနိုင်ရည်ကို ကျေးဇူး များစွာဖြင့်…)
ရွှေနန်းစံ
Health Care
#HealthCare #HealthTips #ဆေးဖက်ဝင်အပင်များ
No comments:
Post a Comment