Friday, October 4, 2019

ဆီးချို ရောဂါအတွက် ဆေးနည်းများ (၁၇)

အိမ်တိုင်း အိမ်တိုင်းမှာ ဒီမီးကွင်း ဂမုန်းဆေး တော်ပင် စိုက်ထားပါ

 

 


          တန်ဖိုးရှိသော မီးကွင်း ဂမုန်းဆေး တော်ပင်ပျောက်ကင်းသော ရောဂါ များလူသိများ၏။မြန်မာပြည်အနှံပေါက်ရောက်၏။အရွက်နှင့် အရိုးကအံ့သြဖွယ်အစွမ်းကြီး၏သိပ္ပံဆေးဝါးများဖြင့်ကုသရန်ခက်ခဲသူတို့အတွက် 

(၁)   မကြာသေးမီကပင်သင်တန်းတက်ရောက်နေ သောမိတ်ဆွေတစ်ဦးနား ကိုက်သည်ဆို၍ အရွက်ကိုရေစင်အောင်ဆေးပြီးနား အတွင်း သို့သတ္တုရည် စိမ်းညှစ်ထည့်ပေးရာ အမှန်ပင်ပျောက် ကင်းသွားပါသည်။နားကိုက်နားရည်ယိုက အရွက်ရည် ကို ညှစ်၍နာအတွင်း အစက်ချရသည်။ 

(၂)    ခေါင်းပေါ်မှဘောက်ထခြင်းကို မီးကွင်းဂမုန်းကို ထောင်း၍ သတ္တု ရည်ဖြင့်ခေါင်းလျော်ပါက ဘောက်မထဟုဆို၍ခေါင်းလျော်သည်လည်းရှိ သည်။ ဘောက်မထတော့ဟုဆိုသည်။ 

(၃)    နှာခေါင်း သွေးလျံသူအား အရွက်အဆစ်များထုထောင်းကာ နှာခေါင်း တွင်အုံပေးပါက နှာခေါင်းသွေးလျံခြင်း သက်သာပျောက်ကင်းသည်ကလက်တွေ့ဖြစ်သည်။ 

(၄)   သွေးကင်ဆာရောဂါ ငွေကုန်ကြေးကျမခံနိုင်ဘဲအနောက်တိုင်းဆေးဖြင့် ကုသရန်အခက်အခဲရှိသူတို့ အရွက်နှင့်ပင်စည်ကို ကျေညက်အောင် ထောင်းပြီး ထမင်းစားဇွန်းတစ်ဇွန်းမျှ အရည်ရယူကာ ယင်းဆေး အရည် ကိုစတီးဇွန်း၊ ကြေးဇွန်းပေါ်တင်ပြီးအပူပေးကာ ခေတ္တ အအေးခံ သောက် ရသည် ဆိုပါသည်။ 

မီးကွင်းဂမုန်းဆေးရည်ကို နံနက်စာထမင်းပြီးတစ်ကြိမ်၊ညနေစာထမင်းစားပြီး တစ်ကြိမ် အစာစားပြီးချိန်နှင့်(၁)နာရီခြားကာ တစ်ဇွန်းသောက်ရသည် ဆိုပါသည်။ 

ထိုသို့တစ်ပတ်လျှင်သုံးရက် တစ်လခန့်သောက်သုံးပေးခြင်းဖြင့် သွေးကင် ဆာ တဖြည်းဖြည်းပျောက်ကင်းသက်သာသွားစေသည် ဟုညွန်းပါသည်။ 

(၅)ဆီးချိုနှင့်ဆီးကျောက်

မီးကွင်းဂမုန်းကိုးရွက်၊ သံပုရာသီး တစ်စိတ်၊ဆားအနည်းငယ်ဖြင့် အိုးတလုံးထဲတွင် ရေမတ်ခွက်တစ်ခွက်ထည့်၍ သုံးခွက်တစ်ခွက်တင် ပြုတ်ကျိုသောက်ပေးပါက ဆီးချိုနှင့်ဆီးကျောက်ရောဂါသိသာစွာ သက်သာပျောက်ကင်းခွင့်ရပါသည်။ မီးကွင်းဆေးရည်အရောင်မှာပန်းရောင်ခရမ်း ဖက်သို့ သန်းပါသည်။ ကိုယ်တိုင်လည်းလက်တွေ့သောက်စသုံးပါသည်။

( ၆ )   လိပ်ခေါင်း 

အတွင်းလိပ်/အပြင်လိပ် သမားများအတွက် မီးကွင်းဂမုန်းအရွက်(၉)ရွက်ကို၊သကြားအနည်း ငယ်၊သံပုရာတစ်စိတ်၊ဆားသင့် ထည့်ပြီး သုံးခွက်တစ် ခွက်ပြုတ်ကျို သောက်ခြင်းဖြင့် လိပ်ခေါင်းရောဂါ သက်သာပျောက်ကင်း ကြောင်း တွဲဖက်ရန်က ခရုဖင်ရှည်ခွံအား ဆန်ဆေးရည်ဖြင့် သွေးကာ လိမ်းပေးရပါမည်။ 

(၇)   ဝမ်းကိုက်ခြင်း 

အစာကြောင့်၊ရေကြောင့် အမျိုးမျိုးသောအကြောင်းများ ဖြင့် ဝမ်းကိုက်ခဲ့ ပါလျှင် ထန်းလျက်(၅)ခဲဖြင့် အရွက်ကို (၃)ခွက်(၁)ခွက်ပြုတ်ကျိုသောက် ပေးခြင်းနှင့် အရွက်ကို ပြုတ်၍သုပ်စားပါက အမှန်ပင် ဝမ်းကိုက်ပျောက်ကင်း ပါသည်။ 

(၈)   သွေးအန်ခြင်း 

ရုတ်တစ်ရပ် သွေးအန်ခြင်းကြုံပါက အရိုး/အရွက်ကို (၃)ခွက်(၁)ခွက်၊ ဒိုပါလာ (မှန်ညိုရောင်)သကြားဖြင့် တစ်နေ့လျှင် ကြွေဇွန်း (၁)ဇွန်း နေ့စဉ် (၃)ကြိမ်သောက်ရပါသည်။ 

(၉)   သွေးဝမ်းဆင်းခြင်း 

အရွက်ကို သတ္တုရည်ညှစ်ပြီး ကြွေဇွန်း(၁)ဇွန်းသောက် ပေးခြင်း ဖြင့်ပျောက် ကင်းစေသည်။ 

(၁၀)   မီးလောင်၊အပူလောင်မကြာခဏဖြစ် တတ်ကြပါသည်။ အရွက်နုကိုသကြား အနည်းငယ်ရောပြီးထုထောင်းချေမွ၍ လိမ်းပေးပါကသက်သာပျောက်ကင်းစေပါသည်။ ကိုယ်တိုင် လည်း ထိုနည်းအတိုင်းအသုံးပြုခဲ့ပါသည်။ 

(၁၁)   သလိပ်ကပ်၊ချောင်းဆိုး 

အရွက်/အရိုးထောင်းရရည်ဖြင့် သကြားအနည်း ငယ်ရောပြီး ဇွန်းသေး(၁) ဇွန်းခန့် တစ်နေ့(၃) ကြိမ်သောက်ပါက ချောင်းဆိုး၊ သလိပ်ကပ်ပျောက်ပါ သည်။ 

မီးကွင်းဂမုန်းပင်သည် မြစ်ချိုမျိုးရင်းဖြစ်ပါသည်။ရုက္ခဗေဒအမည်မှာ Rhoeo Discolor Hance ဖြစ်ပါသည်။ 

အကိုးအကား 

Credit:ရဲမျိုးသူ

No comments:

Post a Comment