Friday, October 4, 2019

သွေးတိုးရောဂါ အတွက်ဆေးနည်းများ (၁)

သွေးတိုးရောဂါအတွက် သဘာဝကုထုံးနည်းလမ်းကောင်းများ

          သွေးတိုးရောဂါနဲ့တစ်သက်လုံးကင်းဝေးနေချင်တယ်ဆိုရင်အတိအကျလိုက်နာရမည့်အချက်တွရှိပါတယ်။ သွေးတိုးရောဂါဟာတချို့မှာရောဂါလက္ခဏာပြပေမယ့်သုံးပုံတစ်ပုံခန့်မှာလက္ခဏာ လုံးဝ မပြဘူး။ ဒါကြောင့်သွေးတိုးရောဂါရှိမှန်းမသိသူပေါင်းတော်တော် များတယ်လို့ဆိုနိုင်ပါတယ်။ သမားတော် များနှင့် ပြသပြီးသွေးတိုးရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိသူတိုင်း ကုသမှုခံယူသူက ထက်ဝက်သာရှိပါတယ်။သိပ်ကိုကျန်းမာရေးကောင်းသူတစ်ဦးရဲ့သွေးချိန်ဟာ ၁၂၀ / ၈၀ ဖြစ်ပြီး သာမန် အဆင့် ၁၃၀ /၈၀ တို့ဖြစ်ပါတယ်။ ၁၄၀/ ၉၀ ကျော်နေရင်တော့ သွေးတိုးတိုး ရောဂါရှိတယ်လို့ သတ်မှက် ပါတယ်။ သွေးတိုးရောဂါဟာ နေထိုင်စားသောက်ပုံနဲ့ သဘာဝဆေးများနဲ့သက်သာနိုင်တဲ့ ရောဂါဆိုတာယုံမှားဖွယ်ရှိပါတယ်။အဲဒီကုသနည်းနဲ့ဘေးထွက်ဆိုးကျိုးများမဖြစ်စေဘဲထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ကြောင်း သုတေသနရလဒ်များကဖော်ပြထားပါတယ်။ သွေးတိုးရောဂါမှာ အသုံးပြုတဲ့ဆေးများရဲ့ဘေးထွက်ဆိုးကျိုးများမှာ သားသမီးမရနိုင်ခြင်း. လူနုံးခွေခြင်း.စိတ်ဓာတ်ကျခြင်း ,ဆီးချိုအမျိုးအစား (၂)ဖြစ်နိုင်ခြင်း တို့ ပါဝင်ပါတယ်။အဲဒီဆိုးကျိုးတွေမဖြစ်စေဘဲ ကုသနိုင်တဲ့သဘာဝနည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။ 

နံပါတ် (၁) 

စိတ်သောကများလျှော့ခြင်း 

သွေးပေါင်ချိန် (၅) မှက်စီလျော့သွားစေနိုင်တဲ့နည်း ဖြစ်ပါတယ်။ အပေါ်သွေး (၅)မှက် အောက်သွေး( ၅) မှတ်လျော့နိုင်ပါတယ်လို့ဆိုလိုပါတယ်။ တရားကျင့်ခြင်း ယောဂကျင့်ခြင်း အိမ်မွေးတိရိစ္ဆာန် မွေးမြူတဲ့နည်းတွေဟာစိတ်သောကပြေစေတဲ့နည်းနာများအဖြစ် လေ့လာ အတည်ပြုပြီး ဖြစ်ပါတယ်။ လူတိုင်းမသိသေးတဲ့ သောကပြေပျောက်နည်းတစ်မျိုးကတော့ ရေထဲမှာကိုယ်ဖော့နေခြင်းနည်းတို့ဖြစ်ပါတယ်။ 

လူတစ်ကိုယ်ဆံ့တဲ့ ရေကူးကန်ငယ်လေးကို ရေနွေးဖြည့် Epson Salt လို့ခေါ်တဲ့ဆားခါး ၁ပိဿာချိန်လောက်ထည့်ပြီးအဲဒီကန်ထဲမှာ ၄၅ မိနစ်ကြာကိုယ်ဖော့နေလိုက် ရုံပါပဲ။ မိမိကလှုပ်ရှားစရာမလိုဘဲ အလိုလို ရေပေါ်ပေါ်နေ အောင် ဆားဓာတ်အ ပြည့်ပါတဲ့ ရေက တွန်းခံပေးထားပါတယ်။ 

စိတ်သောကကိုအားပေးတဲ့ဟော်မုန်းတွေအထွက်လျော့ပြီးနှလုံးခုံနှုန်းလျော့နည်းသွားသလိုသွေးကြောကလေးတွေကျယ်လာစေတဲ့အတွက် ကြွက်သားများ တင်းတောင့်ရာမှလျော့သွားစေတဲ့နည်းပဲ။ သွေးတိုးလဲကျသွားစေတဲ့နည်းပါပဲ။ သွေးတိုးလဲကျသွားတာလက်တွေ့လို့ဆိုပါတယ်။ 



နံပါတ် (၂) 

အငန်ဓာတ်လျော့ခြင်း 

ဆားစတဲ့ အငန်ဓာတ်လျော့စားခြင်းဟာ သွေးပေါင်ချိန်အထက်သွေး (၁၀) မှက် အောက်သွေး (၆) မှက်အထိ လျော့စေနိုင်ပါတယ်။သမားတော်များအနေနဲ့ဆားလျော့စားဖို့ သတိပေးခဲ့တာ နှစ်နဲ့ချီပြီး ကြာခဲ့ပြီဖြစ်ပေမယ့် ဘယ်လောက်အချိုးအဆအထိ လျော့ရမယ်ဆိုတဲ့အချက်ဟာ သွေးတိုး ကျစေခြင်း အတွက် သော့ချက်ဖြစ်ပါတယ်။ 

သုတေသနများအရ ပိုတက်စီယမ်ဓာတ်ဆား (၂.၅)ဂရမ်မှ (၅) ဂရမ်အထိ နေ့စဉ်စားသုံးခြင်းဟာ သွေးတိုးကျစေကြောင်းသိရပါတယ်။ ပိုတက်စီရမ်ဓာတ်ဆားကိုစားတဲ့အခါကျောက်ကပ်ရောဂါ ရှိတဲ့ သူတွေနဲ့ သွေးကျဆေးသောက်နေတဲ့သူတွေအနေ နဲ့သတိပြုပြီး စားဖို့လိုအပ်ပါတယ်။ 

နေ့စဉ်စားသုံးနေတဲ့အစားအစာ ထဲကနေ လိုအပ်တဲ့ ပိုတက်စီယမ်ပမာဏ ရဖို့မလွယ်လှပါဘူး။ နေ့စဉ်လိုအပ်တဲ့ ပမာဏရအောင် ဥပမာ- ငှက်ပျောသီးဆိုရင် (၆)လုံးမှ (၁၁)လုံး စားရမှာဖြစ်လို့ပါပဲ။ 

ဒီလောက်အတိုင်းအတာအထိ စားသုံးဖို့ဆိုတာမလွယ်တဲ့အတွက်အစားဖြည့်ဆေးအဖြစ် ပိုတက်စီဆေးပြားများကိုသာ အားထားရမှာဖြစ်ပါတယ်။ပိုတက်စီယမ်ဓာတ်စားအပြင် ဆိုဒီယမ်ဆား ကို လည်း နေ့စဉ်လိုအပ်တယ်ပမာဏအနေနဲ့ ဝ.၅ ဂရမ်မှ၁ဂရမ်သာဖြစ်ပါတယ်။ လိုအပ်တဲ့အတိုင်း အဆထက် မပိုအောင်နေ့စဉ်ဆားစားသုံးမှုကိုလက်ဖက်ဇွန်း(၁၁)ဇွန်းထက်လျှော့နိုင်ရင် အကောင်းဆုံး ပါပဲ။ ဒါကိုသာမန်ဟင်းချက်ရာမှာ ထည့်တဲ့ပမာဏသာဖြစ်ပါတယ်။ 

နံပါတ် (၃) 

လိမ္မာစွာစားတတ်ခြင်း 

နံပါတ်(၃)နည်းကအထက်အောက်သွေးချိန်ကို(၇)မှတ်အထိကျစေပါတယ်။ ကျွမ်းကျင်သူများ ထက် အဆိုအရ အလွန်ဝခြင်းဟာ သွေးတိုးရောဂါဖြစ်ဖို့(၂)ကြိမ်မှ(၆)ကြိမ်အထိ အလားအလာ များကြောင်း တွေ့ရပါတယ်။အဝလွန်ခြင်းမှကာကွယ်ဖို့အစားအစာဆင်ခြင်ရမှာဖြစ်ပါတယ်။ အဆီ (ပြည့်ဝဆီ) များတဲ့အစားအစာကိုလျော့စားပြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံ ကောက်ပဲသီးနှံ များများနေ့စဉ်စားသုံးပေးခြင်းဟာသွေးတိုးကိုပါကျစေတဲ့နည်းဖြစ်ပါတယ်။မပြည့်ဝတဲ့အဆီဖြစ်တဲ့အိုမီဂါ သုံး(Omega 3 fatty acids )များစားသုံးခြင်းပြည့်ဝအဆီများ လျှော့စားခြင်းဟာလည်း သွေးတိုး ကျအောင် အထောက်အကူပြုပါတယ်။ 

နံပါတ်( ၄) 

ပေါ့ပါးသောလေ့ကျင့်ခန်းများပြုလုပ်ခြင်း 

အထက်သွေးချိန်(၁၃)မှတ်အောက်သွေးချိန်(၁၈)မှတ်အထိလျှော့ချပေးနိုင်ခဲ့တာပုံမှန်လေ့ကျင့် ခန်းစွဲစွဲမြဲမြဲ ပြုလုပ်တဲ့နည်းကြောင့်လို့ဆိုပါတယ်။ပြေးခြင်း အေရိုးဗစ်ကစားခြင်းနည်းများကဲ့သို့ ပြင်းပြင်းထန်ထန် လေ့ကျင့်စရာမလိုဘဲ လမ်းလျှောက်ခြင်းကဲ့သို့ ဖြည်းညှင်းစွာ လေ့ကျင့်ရတဲ့ အားကစားနည်းဟာ သွေးကျစေဖို့ပိုပြီး ထိရောက်ကြောင်း သုတေသီများက ဆိုပါတယ်။ တစ်ပတ်(၃)ကြိမ်ခန့် ၁ကြိမ်လျှင်(၁)နာရီကြာ လမ်းလျှောက်ခြင်း(သို့မဟုတ်)မိနစ်(၃၀)ကြာ နေ့စဉ်မကြာခဏ လမ်းလျှောက်ပေးခြင်းဟာ သွေးကျစေတဲ့နည်းလမ်းများ ဖြစ်ပါတယ်။ 



နံပါတ် (၅) 

ဗီတာမင်Cနှင့်Eစားသုံးခြင်း 

အပေါ်သွေးချိန်(၁၃)မှတ် အောက်သွေးချိန်(၈)မှတ်အထိ ကျစေတဲ့နည်းလို့ဆိုပါတယ်။ ဗီတာမင် C ( ၅၀၀)မီလီဂရမ် နှင့်သွေးကျဆေး တွဲပြီးစားသုံးရတဲ့သူတွေဟာ အပေါ်သွေးချိန် ကျဆင်း သွားစေကြောင်း သုတေသနဂျာနယ်တစ်ခုမှာ ဖော်ပြထားပါတယ်။ တချို့ဆိုရင် သွေးကျဆေးစားစရာ မလိုတော့တဲ့အထိ အကျိုးသက်ရောက်ပါတယ်။ဗီတာမင် C ပါဝင်တဲ့အစားအစာတချို့ဖော်ပြရမယ်ဆိုရင် ငရုတ်သီးစိမ်းအပွ ,ကီဝီသီး , စတော်ဘယ်ရီ (ပန်းကန်လုံးတစ်လုံးစာ),ဘရော့ကိုလီ (ပန်းကန်လုံးတစ်လုံးစာ)တို့ဖြစ်ပါတယ်။ ဆေးပြားအနေနဲ့( ၅၀၀) မီလီဂရမ်နေ့စဉ် သောက်သုံး နိုင်ပါတယ်။ ဗီတာမင်E ကတော့ သွေးကျဲစေတဲ့အတွက် သမားတော်များက သွေးတိုး ဝေဒနာရှင်များအတွက် ညွှန်ကြားပေးတဲ့ဆေးဖြစ်ပါတယ်။သဘာဝဗီတာမင်E နေ့စဉ်(၄၀၀)ယူနစ်မှ (၈၀၀)ယူနစ်အထိစားသုံးနိုင်ပါတယ်။ 



နံပါတ် (၆) 

ကြက်သွန်ဖြူစားသုံးခြင်း 

သွေးပေါင်ချိန် အထက်အောက် (၁၀)မှတ်စီ လျော့စေတဲ့နည်းဖြစ်ပါတယ်။ ကြက်သွန်ဖြူတစ်မွှာ နှစ်မွှာခန့်နေ့စဉ်စားသုံးခြင်းဟာ သွေးတိုးကျစေတဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။ ဓာတ်ခွဲခန်း မှာကြွက်တွေနဲ့စမ်းသပ်ရာမှာ (၁လ)အတွင်းသွေးတိုးရောဂါပျောက်သွားတာ လက်တွေ့စမ်းသပ်ပြီး ဖြစ်ပါတယ်။ အထက်မှာဖော်ပြနည်း(၆)နည်းကို သွေးပေါင်ချိန်၁၅၀/၉၀အောက်ရှိသူများ လိုက်နာ ကျင့်သုံး နိုင်ပါတယ်။ အချိန်(၃)လမှ(၆)လအတွင်း သွေးတိုးမကျဘူးဆိုရင် တတ်ကျွမ်းတဲ့ သမားတော်များနဲ့ တိုင်ပင်ကုသဖို့ လိုအပ်မှာဖြစ်ပါတယ်။ သွေးကျဆေးသုံးနေရတဲ့ဝေဒနာရှင်များလည်း ဖော်ပြပါနည်းများကို အသုံးပြုနိုင်ကြောင်း အသိပေးအပ်ပါတယ်။ 

ဆရာရဲ (မင်္ဂလာ တိုင်းရင်းဆေး)

No comments:

Post a Comment