Saturday, October 5, 2019

ဂုတ်ကျီးပေါင်း အတွက် ဆေးနည်းကောင်း (၄)

ကျီးပေါင်းအတွက်ဗံဒါရွက် နှင့် ဝါးမင်းခေါ်ပုတီးဝါးရဲ့အစွမ်း 

 


          ဂုတ်၊ ဇာတ် ကျီးပေါင်း တက်နေသူများအတွက် ဗန်ဒါရွက်လေးရဲ့အသုံးဝင်ပုံလေးကို တင်ပြပေးလိုက်ရပါတယ်ဂုတ်၊ ဇက် ကျီးပေါင်းတက်နေသူများ ဗန်ဒါရွက်လေးကိူခူးလိုက်ပါ။ ရေမဆေးပါနဲ့ အရွက်မှာကပ်နေတဲ့ ဖုန်လေးတွေကို အဝတ်နဲ့ပွတ်သုတ်လိုက်ပါ။အရွက်ရဲ့အောက်မှာရှိတဲ့ အညှာအရိုးတံလေးကိုဖယ်ထုတ်လိုက်ပါ။ ပြီးရင် ဂုတ်ပေါ်နဲ့ ဇက်ပေါ်ကိုအရွက်ကို ခွပီးကပ်ထားလိုက်ပါ။ ပုံမှာကြည်ပါ။ 

          အချို့က အကြမ်းဘက်က ကပ်ရမှာလား အချောဘက်က ကပ်ရမှာလား မေးကြလို့ပါ။ အကြမ်းဘက်ကနေ မှောက်ကပ်ရမှာ ဖြစ်ပါတယ်။ လေးဆယ့်ငါး မိနစ်လောက်ကြာရင် ကပ်တားတဲ့နေရာမှာ ပူလာပီးချွေးများ ထွက်လာပါလိမ့်မယ် ။ 

          ခဏခွာထားပီး ငါးမိနစ်လောက်ကြာရင် ပြန်ကပ်ပေးပါ။ အရမ်းကို သိသိသာသာ သက်သာသွားပါလိမ့်မယ်။ အခု ကျွန်တော်လဲဆေးလိမ်းစရာမလို နင်းစရာမလို လက်တွေ့သက်သာနေလို့ တင်ပြပေးရခြင်းဖြစ်ပါတယ်ခင်ဗျ။ မရှင်းတာရှိရင် မေးမြန်းလို့ရပါတယ် 09403702293 ကိုတင်။ ရေးသားသူ ကိုတင်ဖြစ်ပါတယ်။ 

          ဗန်ဒါရွက်ရဲ့ အခြား အသုံးဝင်မှုလေးကတော့ အရွက်ကို ရေနွေးစိမ်သောက်ရင် သွေးတိုးပျောက်တယ်လ်ု့လည်း သိရပါတယ်။ 

        

မူးဝေကင်းစင် ဝါးမင်းပင်ကျီးပေါင်းကြောင့်မူးဝေခြင်းကိုသက်သာစေသောဝါးမင်းပင်ပါ အသက် ကလေး ရလာတော့ ကျီးပေါင်းရောဂါဖြစ်တတ်လာပါတယ်အထူးသဖြင့် တနေရာကိုသာ စူးစိုက်လုပ်တတ်သော သူများအဖြစ်များပါတယ်ကျီးပေါင်းဖြစ်လျှင်ဦးခေါင်းလှည့်မရဖြစ်တတ်သလို တခါတရံ မူးဝေတတ်ပါသည်ထိုသို့မူးဝေလျှင်အကိုက်အခဲပျောက်ဆေးများသောက်လည်း မရပါ သက်သာ တာရှိပါတယ် ဝါးမင်းပင်ရင့်ရင့်ကိုအနေတော်ဖြတ် ကျောက်ပြင်မှာသွေးပြီး ကျီးပေါင်ဖြစ်နေသောလယ်ဂုတ်ကိုလူးပေးပါ တနေ့တခါ လူးပေးပါက မူးဝေခြင်းသက်သာ စေပါသည် အခြားအဆစ်အမြစ်ကိုက်ခဲပါကလူးပေးနိုင်ပါသည်။ 
           မူရင်း စာရေးသူကို လွန်စွာကျေးဇူးတင်၍ ရေးသားမျှဝေသာကိုတင်ကို Credit ပေးပါတယ်။ သတ္တဝါအပေါင်း ကျန်းမာချမ်းသာကြပါစေ။ 

မူလရေးသူအား credit ပေးပါတယ်။ 

ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ 

မေတ္တာများစွာဖြင့်……. 

Credit:Morning News

No comments:

Post a Comment