မင်္ဂလာပါမိတ်ဆွေကြီးများတို့ဆေးလိပ်ကိုနှစ်ရှည်သောက်သုံးစွဲခဲသူတွေရဲ့အဆုတ်မှာမက၊ခန္တာကိုယ်ထဲမှာပါနီကိုတင်းအဆိပ်တွေပျံ့နှံ့နေတတ်ပါတယ်၊ ဒီအဆိပ်တွေဖယ်ထုတ်နိုင်အောင်အောက်ပါ အစားအသောက်များကို ပုံမှန်စားပေးခြင်းဖြင့် သက်တမ်းစေ့နေသွားနိုင်အောင်ကြိုးစားကြပါဗျာ။ ဆေးလိပ်သမားများ ခန္ဓာကိုယ်ထဲက နီကိုတင်းဓာတ်တွေ ဖယ်ထုတ်ချင်တယ်ဆိုရင်၊ ဆေးလိပ်သောက်သူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတတ်တဲ့ ဓာတုပစ္စည်း နီကိုတင်းဟာ သွေးကြောတွေကို ပိတ်စေနိုင်သလို ကြွက်သားဆဲလ်တွေ အလုပ်ကောင်းကောင်း မလုပ်နိုင်အောင် ဒုက္ခပေးနိုင်ပါတယ်။ နီကိုတင်းကြောင့် နှလုံးခုန်မြန်စေသလို၊ သွေးတိုးရောဂါလည်းဖြစ်နိုင်ပြီး လေဖြတ်နိုင်ခြေလည်း ပိုများတာမို့ ခန္ဓာကိုယ်ထဲက နီကိုတင်းဓာတ် ဖယ်ထုတ်ပစ်နိုင်မယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဗီတာမင်ဘီ ၅၊ ဗီတာမင်စီတို့ ကြွယ်ဝပြီး ကိုယ်တွင်းအဆိပ် အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။
လိမ္မော်သီး၊ သံပုယိုသီး၊
ဗီတာမင်စီကြွယ်ဝပြီး နီကိုတင်းကြောင့်ဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။ နောက်ပြီး ကိုယ်ခံစွမ်းအားကောင်းစေကာ အရေပြားကျန်းမာရေးကိုလည်း ထောက်ကူပါတယ်။
ဖောလစ်အက်စစ်နဲ့ ဗီတာမင်ဘီ၉ ကြွယ်ဝပြီး ဆေးလိပ်သမားတွေ ကြုံလေ့ရှိတဲ့ အိပ်မရတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်းကနေ ဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာလက္ခဏာရပ်တွေကို ကုစားနိုင်ဖို့အတွက်ဆို ချင်းစိမ်းအနည်းငယ် ပုံမှန်စားပေးဖို့လိုပါတယ်။
ဗီတာမင်အေနဲ့စီ ကြွယ်ဝပြီး သွေးကြောဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးကာ သွေးလည်ပတ်မှုကောင်းပြီး ဦးနှောက်ကို ကောင်းကျိုးပြုပါတယ်။ မုန်လာဥနီ ပုံမှန်စားပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကောင်းစေမှာပါ။
သွေးလည်ပတ်မှုကောင်းစေပြီး သွေးနီဆဲလ်တွေ များများထုတ်နိုင်အောင် အကျိုးပြုပါတယ်။
ဗီတာမင်အီးကြွယ်ဝပြီး သွေးလည်ပတ်မှု ကောင်းစေကာ နှလုံးရောဂါ ဖြစ်ပွားမှုတွေကို ကာကွယ်ပေးပါတယ်။
ဓာတ်တိုးဆန့်ကျင်ဂုဏ် သတ္တိရှိပြီး ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
Credit-7Day Dail
မူရင်းရေးသားသူပို့စ်ပိုင်ရှင်နှင့်တင်ပေးသူတို့အား၊credit: ပေးပါသည်။
No comments:
Post a Comment