Saturday, October 5, 2019

သွေးတိုးရောဂါ အတွက်ဆေးနည်းများ (၆)

သွေး တိုး ရောဂါ အတွက် အောင်သပြေရွက် အစွမ်း


          ဆေးမတိုးသည့် သွေးတိုး အတွက် စိတ်အေး ရသည့် အောင်သပြေရွက် မြန်မာပြည်သား တိုင်း သိကြသော ပန်းအမည်ခံ အရွက် ကအောင်သပြေပင် ဖြစ်သည် ။ ကောင်းသောနိမိတ် ကို ယူကြသည့် အောင်သပြေသည် မြန်မာတို့၏ ကိုးကွယ်ယုံကြည်မှု ပူဇော်ပွဲလမ်းသဘင်များတွင် မပါမရှိသော ဇာတ်လိုက်ပန်းပင်လည်းဖြစ်သည်။ 

          ဝိဇ္ဇာဓရပညာရပ်တွင် သပြေ(၆+၅)=၁၁ (၁၁)မီးငြိမ်းရာက သပြေ၏ရှေ့တွင် တနင်္ဂနွေ အောင်(၁)ကို ထည့်ပေါင်းခြင်း ဖြင့် (အောင်သပြေ)သည်ဂဏန်း ပေါင်းခြင်း(၁၂)ကိုရပြန် သည်။ 

          ထိုနိမိတ်မှာ (၁၂)ရာသီ အောင်မြင်သောပန်း၊ အောင် နိမိတ်အောင်ဟိတ်ကို ရစေသောပန်းဟု မှတ်သားဖူးသည်။ 

          တင်ပြလိုသည်မှာ သွေးတိုးရောဂါသည် ဆေးသောက်နေစဉ် သက်သာသလိုရှိသော်လည်း မကြာခဏသွေးပြန်တိုးတတ် ပါသည်။ 

          ထိုကြောင့်ဆရာဝန်များက သွေးတိုးသည် လုံးလုံးလျားလျားမပျောက်နိုင်ကြောင်း၊ဆေးကို ပုံမှန်သောက်ဖို့လိုကြောင်း ညွှန်ကြားကြသည်ချည်းသာ။ 

          သို့သော် အင်္ဂလိပ်သွေးတိုးကျဆေးများသောက်ပြီး သွေးပေါင် ကျသွားပြီးတိုင်း လူခန္ဓာနုံးချိပြီး ခံစား ကျန်ရစ် ရတတ်ပြန် သည်။ကြာလျှင်မလွယ်လောက်ဟုလည်းထင်မိသည်။ 

          လွယ်ကူပြီးထိရောက်သောဆေးနည်းမှာသွေးပေါင်းတက်၍ ခေါင်းမူးခြင်း၊ခေါင်းအုံ၍လေး လံထိုင်းမှိုင်းဖြစ်နေပါက#အောင်သပြေအညွန့်မှ အောင်သပြေရွက်နုလေး(၅)ရွက် လောက် အားဝါးစားပြီး မြိုချလိုက်ခြင်းဖြစ်ပါသည်။ 

          မကြာခင်သွေးပေါင်းကျ၍ ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းအုံ၊ လေးလံထိုင်းမှိုင်း ခြင်းများ ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မည်။ သွေးပေါင်ချိန်စက်က အဖြေတစ်ခုပေးပါလိမ့်မည်။ 

          လွယ်ကူစွာ သွေးတိုးဝေဒနာရှင်များ စမ်းသပ်လုပ်ကိုင်ကြည့် ပါ ။ အပန်းမကြီးလှသောကြောင့် အောင်သပြေရွက်သွေးတိုး အတွက် ဟုသာဆိုရပါတော့မည်။ 

Credit..

No comments:

Post a Comment