ဆီးချိုရောဂါအတွက် ဆေးစွမ်းကောင်းကျွဲကောသီး
April 29, 2019 ယမင်း - ရှမ်းသတင်း
April 29, 2019 ယမင်း - ရှမ်းသတင်း
ယနေ့ကာလတွင် ကမ္ဘာတစ်ဝန်း၌ ဆီးချိုရောဂါသည်များ တစ်နေ့တခြား တိုးပွားလာလျက်ရှိသည်။
အချို့က နိုင်ငံခြားဆေးများကို အားကိုးအားထားသုံးစွဲ ကြသော်လည်း အချို့က ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းသည့် တိုင်းရင်းဆေး များကို မှီဝဲကြသည်။
ဆီးချိုရောဂါနှင့်ပတ်သက်သော ဝေဒနာရှင်များသည် ရောဂါ ပျောက်ကင်းရန်အတွက် ဆေးဖက်ဝင်အပင်များကို အသုံးပြုရာ၌ တိုင်းရင်းဆေး သမားတော်ကြီးများ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်သည်။
ဆီးချိုရောဂါကာကွယ်ကုသဆေးများနှင့်စပ်လျဉ်း၍ တိုင်းရင်းသမားတော် ကြီးများ၏ တိုင်းရင်းဆေးနည်းကုထုံးကုကွက်နည်း(၄ဝ)ကို ရှေးဦးစွာ ဖော်ပြပါမည်။
၎င်းဆေးနည်းများမှာ –
၁။ တမာခေါက်ပြုတ်ရည်ကိုသောက်ပါ။
၂။ ညောင်ခြေထောက်အခေါက်ပြုတ်ရည်ကိုသောက်ပါ။
၃။ ငှက်ပျောပွင့်ကိုကြော်၍စား၊ ချက်၍စားပါ။
၄။ ဆင်နှာမောင်းကြီးပဉ္စငါးပါး ရုက္ခမူဆားကိုစားပါ။
၅။ မုရားကြီးရွက်ပြုတ်ရည်သောက်ပါ။
၆။ ဆေးခါးကြီး(ငရုတ်ခါး)ပင် အခြောက်မှုန့်ကိုစားပါ။
၇။ ပန်းကညွတ်ပဉ္စငါးပါးအခြောက်မှုန့်ကိုစားပါ။
၈။ ညောင်ဗောဓိအခေါက်ပြုတ်ရည်ကိုသောက်ပါ။
၉။ နနွင်းခါး(ဆနွင်းခါး)အမှုန့်ကို စားပါ။
၁ဝ။ ပင်စိမ်းနက်ကို ကြက်သွန်နီနှင့်သုပ်စားပါ၊ချက်စားပါ။
၁၁။ ရေသဖန်းသီးမှည့်ကို ဖျော်သောက်ပါ။
၁၂။ ဒန္တသုခပင်ကို မိမိကြိ ုက်သလိုစားနိုင်ပါသည်။
၁၃။ သကြားပင်ပြုတ်ရည်ကို သောက်ပါ။
၁၄။ လဲဝါကိုသုံ းခွက် တစ်ခွက်တင်ကျိုသောက်ပါ။
၁၅။ လက်ပံကို ငါးခွက်တစ်ခွက်တင်ကျိုသောက်ပါ။
၁၆။ ဆင်ငိုမြက်ကိုဆယ်ခွက်တစ်ခွက်တင်ကျိုသောက်ပါ။
၁၇။ ပင်ညောင်ပင်အခေါက်ပြုတ်ရည်ကိုသောက်ပါ။
၁၈။ သပြေကြက်ချေးခေါ် သပြေဖြူအစစ်မှုန့်ကို စားပါ။
၁၉။ ကု န်းသပြေ(သပြေချဉ်)အခေါက်ပြုတ်ရည်သောက်ပါ။
၂ဝ။ ကု လားပင် ရုက္ခမူဆားကို သုံးစွဲပါ။
၂၁။ပိုးစာရွက်ကို သုပ်စားပါ။ ချက်စားပါ။
၂၂။ ပိတ်သင်းခတ် အစစ်ပွင့်ကို စားသုံးနိုင်ပါသည်။
၂၃။ ကြက်ဟင်းခါးပဉ္စငါးပါးပြုတ်ရည်သောက်ပါ။
၂၄။ သွေးချိုလျှင်ဖယောင်းပန်းအရွက်များကို စားပါ။
၂၅။ ကြက်လည်ဆံရွ က် အခြောက်ကိုလက်ဖက်ခြောက်လုပ်၍ လက်ဖက်ရည်ကြမ်း သဖွယ်သောက်ပါ။
၂၆။ ပြောင်းဖူးအူ(ပြောင်းဖူးအရိုးတံ)ကို ပြုတ်သောက်ပါ။
၂၇။ ဆူးဖြူပင်၏ အစေးကို သကြားခဲနှင့်ရော၍ ခုနစ် ရက်စားပါ။ ဆူးဖြူပင်၏ အခေါက်ကို ပြုတ်၍သောက်ပါ။
၂၈။ပြည်ပန်းညိုအခေါက် ဆန်ပုံးရည်နှင့်သုံးခွက်တစ်ခွက် တင်ကျို၍ ဟင်းစားဇွန်း တစ်ဇွန်း နံနက် ည တစ်နေ့ နှစ်ကြိမ် နေ့စဉ်မှန်မှန် သောက်ပါ။ ပျောက်ကင်းပါသည်။
၂၉။ ဆီးဖြူသီးပြုတ်ရည်ကို ဆန်မပါသော နနွင်း (ဆနွင်း) နှင့်ရော၍ နံနက်တစ်ကြိမ် ညတစ်ကြိမ် ဟင်းစားဇွန်း တစ်ဇွန်းသောက်ပါ။
၃ဝ။ ပဲပိစပ်ပြုတ်ရည်ထဲသို့ သိန္ဓောရွေးစေ့ခန့်ထည့်၍ လက်ဖက်ရည်ပန်းကန် တစ်ဝက်သောက်ပါ။
၃၁။ ထောက်ကြံ့ခေါက်ကို အိမ်မွှေ့သီး၊ အင်တွဲကတ်ဖို၊ ဒေါက်ရပ်ခေါက်၊ ပိတောက်အနှစ်၊ ထိန်ခေါက်ဆတူယူ၍ လေးခွက်တစ်ခွက်တင်ကျို၍ ဟင်းစားဇွန်း တစ်ဇွန်းသောက်ပါ။
၃၂။ကစော့ပုတ်အမြစ်ငါးကျပ်သားကို လေးခွက်တစ်ခွက်တင်ကျန်ကျို၍ ပျားရည်နှင့် ရောသောက်ပါ။
၃၃။ နွားမြေရင်း၊ နနွင်းနွယ်၊ ထင်းရှူးကြီး၊ ဆီးသီး၊ ဖန်ခါးသီး၊ဆီးဖြူသီး၊ ခြောက်မျိုးဆတူ အမှုန့်ပြုဆန်ခါချ၊ ပျားရည်နှစ်ချို့နှင့် ရောစပ်စားပါ။
၃၄။ကင်းပုံရွက်၊ ကင်းပုံသီး သတ္တုရည်ညှစ်၍ သောက်ပါ။
၃၅။ ဆင်တုံးမနွယ်ပင်စည်ကိုသတ္တုရည် ညှစ်၍ သောက်ပါ။
၃၆။ ဆိတ်ဖလူးရွက်၊ ငရုတ်ခါးရွက်၊ ဆူးပန်းတောင်းရွက်ဆတူသုံးမျိုး အမှုန့်ကြိတ်ပါ။ ဤဆေးမှုန့်အလေးချိန်အတု ိင်း ဆိတ်ဖလူးမြစ်၊ ငရုတ်ခါးမြစ်၊ဆူးပန်းတောင်းမြစ် ၎င်းသုံးမျိုးအမှုန့်နှင့် ရောစပ်၍စားပါ။
၃၇။ သကြားမကိုဋ်အရွက်များကို တို့စားပါ။
၃၈။ တောင်ရှားဖြူကို ကျို၍ သောက်ပါ။
၃၉။ ကန့်ကလာကိုထမင်းနှင့် တို့စားပါ။
၄ဝ။ တောင်မရိုးခေါက်ကို ပြုတ်သောက်ပါဟူ၍ ဖြစ်သည်။
ရှေးခေတ်က ထင်းမီးဖြင့် ဆေးခေါက်များကို သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ကြသည်။ ယခုခေတ် လျှပ်စစ်မီးဖြင့် ဆေးခေါက် ၁ဝ ကျပ်သားကို ရေသန့်ဘူး တစ်ဘူးထည့်၍ ဟင်းစားဇွန်း(စတီးလ်ဇွန်း)တစ်ဇွန်းကျန်အောင် ကျို၍သောက်လျှင် မြန်မြန်ပျောက်မည်။
ရှေးခေတ်က ဆင်တုံးမနွယ်ပင်စည်ကို ထုရိုက်ပြီး သုံးခွက် တစ်ခွက်တင်ကျို၍ သောက်ကြသည်။ ယခုခေတ် ဆင်တုံးမနွယ်ကို ထုရိုက်ပြီး ကျောက်စည်ထဲ ရေသင့်တော်ရုံထည့်၍ လက်နှစ်ဖက်နှင့်ပွတ်ခြေစဉ် အစေးများထုတ်ကာလျှပ်စစ်မီးဖိ ုပေါ်တင်ကျိုပါ။ ဖြူဖြူအစေးစီးများ ရပါသည်။ နေလှန်းပြီး အခြောက်မှုန့်များကို ပုလင်းနဲ့ ကြိတ်ပါ။ ဖြူဖြူဆေးမှုန့်များ ရပါသည်။ သောက်ခါနီးမှ ရှောက်ရည်၊ သံပရာရည်တို့နှင့် လုံး၍ လျှာမထိ အာမထိ မျိုချပါ။ ဆီးချိုသွေးချိုရောဂါ ပျောက်ကင်းပါသည်။
ယနေ့ကမ္ဘာမှာ လူနေမှုစရိုက်ပြောင်းပြီးမော်တော်ကားစီး၊ ဆိုင်ကယ်စီး၊ ဟင်းသီးဟင်းရွက်မစားဘဲ ချိုဆိမ့်သည့် ကိတ်မုန့်များကိုစား၊ လက်ဖက်ရည်သောက်နှင့် ဆီးချို ရောဂါများ တရိ ပ်ရိပ်တက်ပြီး ကမ္ဘာမှာအသေအပျောက် များနေပါသည်။
ထို့ကြောင့် အခွင့ ်အရေးရတိုင်း ဆီး၌သကြားရှိ မရှိ သိလိုပါက ဆီးချိုရောဂါ အခြေအနေကို အနည်းဆုံး ခြောက်လတစ်ကြိမ် စစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။
စာရေးဆရာကြီးပီမိုးနင် း ဆီးချိုရောဂါရှိကြောင်းကို စက်ဘီးတိုက်ခံရပြီး ဆေးရုံ ရောက်ကာ အနာမကျက်တော့မှ သိရသည်။ ဆီးချိုရောဂါသိရပြီး ရက်သတ္တတစ်ပတ် အတွင်းမှာ သေရရှာ၏။
အမျိုးသားပညာဝန် ဦးဖိုးကျား ကျွန်တော်တို့ ဟင်္သာတနိဗ္ဗာန်သား သည်လည်း ဂျပန်ခေတ်မှာ ဆီးချိုကြောင့် ရေတိမ်နစ်ခဲ့ရသည်။ ကွယ်လွန် ခါနီးမှ ဆီးချိုရှိကြောင်း သိရသည်။
ဗုဒ္ဓစာပန်းချီရေး နာမည်ကျော်စာရေးဆရာကြီး ငွေဥဒေါင်းနှင့် ကြေးမုံဦးကြီးမောင်တို့လည်း ဆီးချိုရောဂါနှင့်ပဲ သေသွားရသည်။ ဝမ်းနည်းကြေကွဲမှုများဖြင့် စုပ်တသတ်သတ်နှင့် ဈာပနကို လိ ုက်ပို့ခဲ့ရပါသည်။
ကျွန်တော်တို့ မြန်မာနည်း၊ မြန်မာ့ဟန်နှင့် အခါးဓာတ်တွေ အသားထဲဝင်အောင် နည်းစနစ်တကျ ဖော်ပြပါမည်။
ကျွဲကောသီး(ခေါ်) ရှောက်ပန်းသီးအလုံး အကြီးကို အဝတ်သန့်ဖြင့် လုံအောင်ပတ်၍ သွပ်ပြားပေါ်တင်ပြီး အုန်းဆံဖတ်ဖြင့် မီးရှို့ပါ။
အနားမှာ အုန်းဆံဖတ်များအဆင်သင့်ထား၍ အခွံကျွမ်းသည်အထိ မီးရှို့ပါ။
သုံးနာရီ တိတိ အုန်းဆံဖတ်များနှင့် မီးမပြတ်ထိုးရမည်။
အပေါ်ခွံများမည်း၍ ကျွမ်းသွားမည်။
အပူဒဏ်ကိုင်နိုင်သည့်အခါ၌ အပေါ်အမည်းခွံများကိုခွာ၍ အတွင်းဝတ်ဆံ အသားများ ကို ကော်ဖီဇွန်းလေးတစ်ဇွန်း စားကြည့်ပါ။
အခါးတကာထိပ်ခေါင်တင် အခါးဘုရင်ကြီးမို့ အထက်ကပြောခဲ့သည့်နည်း ၄ဝ ထဲက အခါးများမည်သည့်အခါးမျှ မမီပါ။
အားလုံးသော ဆေးစွမ်းကောင်းများထက် ကျွဲကောသီးဆေးက ဆီးချို/သွေးချိုကို သိသိသာသာ ပျောက်ပါသည်။
ထို့ကြောင့် ဆီးချို၊ သွေးချိုရောဂါကင်းဝေးစေရန် မြန်မာ့ရိုးရာတိုင်းရင်း ဆေးပညာ ဆီးချိုရောဂါပျောက်ဆေးစွမ်းကောင်း ကျွဲကောသီးဆေးကို စေတနာ မေတ္တာရှေ့ထားပြီး တင်ပြလိုက်ရပါသည်။
သမားတော်ကြီး ဦးသောင်းရွှေ (အဋ္ဌာသာရ )
Credit – by -Sai Min Thant
No comments:
Post a Comment