Saturday, October 5, 2019

သွေးတိုးရောဂါ အတွက်ဆေးနည်းများ (၄)

သွေးတိုးရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များနှင့် သက်သာစေမည့် နည်းလမ်းများ
          သွေးတိုးခြင်းသည် သွေးပေါင်ချိန် ၁၄၀/၉၀ mmHg နှင့် အထက်ရှိခြင်းဖြစ်ပြီး သွေးတိုးရောဂါဖြစ်လာလျှင် အဓိကပြသည့်လက္ခဏာများမှာ နှာခေါင်းသွေးလျှံခြင်း ၊ မောပန်းခြင်း ၊ ဇက်ကြောတက်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ခေါင်းမူးခြင်း ၊ မျက်နှာအမ်းခြင်း ၊ အော့အန်ခြင်း ၊ အသက်ရှုခက်ခြင်း ၊အိပ်ငိုက်ခြင်း ၊ ဆီးထဲသွေးပါခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ မျက်ခွံမို့အစ် ခြင်း ၊ လေးလံထိုင်းမှိုင်းခြင်းနှင့် အမြင်အာရုံချို့တဲ့ခြင်း စသည်တို့ဖြစ်သည်။

          သွေးတိုးရောဂါဖြစ်နိုင်သူများသည် အဝလွန်သူ၊ မျိုးရိုးသွေးတိုးရှိသူ၊ အဆီအဆိမ့် အချိုနှင့် အငန်အရသာ ရှိသော အစားအစာများကို အလွန်စားသောက်သူ၊ ဆေးလိပ်သောက်သူ၊ အရက် သောက်သူများနှင့် ကျောက်ကပ်ရောဂါ၊ ဆီးရောဂါရှိသူများတွင် ဖြစ်တတ်သည်။

          သွေးတိုးရောဂါကြာနေပါက လေဖြတ်ခြင်း နှလုံးရောဂါနှင့် ကျောက်ကပ် ရောဂါကို ဖြစ်စေတတ်ပါတယ်။



သွေးတိုးခြင်းကို အထူးလိုက်နာရန် အချက်များ
- ကြက်သွန်ဖြူ စားပါ။

- အချို၊ အဆိမ့်၊ အငန်၊ အဆီနှင့် ဆီပါသော အစားအစာများကို စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

- ရှာလကာရည် သုံးပါ။

- ကော်ဖီ ရှောင်ပါ။

- အရက် ၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

- သခွားသီး စားပါ။

- လေ့ကျင့်ခန်းလုပ်ခြင်း။

- စိတ်ဖိစီးမှု လျှော့ချခြင်း စသည်တို့ဖြစ်သည်။

သွေးတိုးကျစေမည့် အစားအသောက်များ

- အာလူးမီးဖုတ်

          အာလူးသည် မဂ္ဂနီစီယမ်နှင့် ပိုတက်စီယမ် အဟာရဓာတ် ၂ မျိုးပါဝင်သောကြောင့် သွေးတိုးကျစေနိုင်ပါသည်။ ပိုတက်စီယမ်များသော အစာသည် ခန္ဓာကိုယ်အတွင်းမှာရှိသော အပိုဆိုဒီယမ်ဓာတ်များကို ဖယ်ရှားစေပြီး မဂ္ဂနီစီယမ်သည် သွေးစီးဆင်းမှုကို ကောင်းမွန်စေပါသည်။

- နွားနို့

          နွားနို့သည် ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ အဟာရဓာတ် ၂ မျိုးပါဝင်ပြီး သွေးတိုးခြင်းကို ၃-၁၀ % နှင့် နှလုံးရောဂါအတွက်လည်း ၁၅ % အထိ လျော့ကျစေနိုင်ပါသည်။

- ဥအမျိုးမျိုး

          ကြက်ဥ၊ ဘဲဥမှာ ပရိုတင်း ၊ ဗီတာမင်ဒီ တို့ပါဝင်သောကြောင့် ကျန်းမာရေးဖြင့် ညီညွှတ်သော အဟာရဓာတ် ပါဝင်ပါသည်။

- ပန်းဂေါ်ဖီစိမ်း

          ပန်းဂေါ်ဖီစိမ်း ၊ ပန်းဂေါ်ဖီထုပ် တို့သည် သွေးဖိအားထိန်းချုပ်ပေးသော မဂ္ဂနီစီယမ် ၊ ကယ်လ်စီယမ် နှင့် ပိုတက်စီယမ် စသည်တို့ ပါဝင်ပြီးး သွေးတိုးရောဂါ ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြတ်ခြင်းတို့ကို လျော့ကျစေပါသည်။

- မုန်လာဥနီဖျော်ရည်

          မုန်လာဥနီဖျော်ရည်တွင် ပါဝင်သော နိုက်ထရိတ်ကြောင့် သွေးကြောကျယ်စေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေခြင်း ဖြစ်သည်။

- နှမ်းဆီ

          နှမ်းဆီတွင် ဖက်တီးအက်ဆစ်နှင့် အင်တီအောက်စီးဒင့်ပါဝင်ပြီး သွေးကြောကို ကျန်းမာစေခြင်းနှင့် သွေးတိုးကျစေခြင်း ဖြစ်သည်။

- ငှက်ပျောသီး

          သွေးတိုးရှိသူများသည် ပိုတက်စီယမ်ပါဝင်သော ငှက်ပျောသီးကိုတစ်နေ့တစ်လုံးစားသုံးပါ။

- အမည်းရောင်ချောကလက်

          အမည်းရောင်ချောကလက်တွင် ဖလေဗိုနွိုက်အင်တီအောက်ဆီးဒင့်ပါဝင်သောကြောင့် သွေးကြောကို ကျယ်ပြန့်စေပြီး နှလုံးကျန်းမာစေပါသည်။

- ငါးများများစားပေးခြင်း။

          သွေးတိုးရောဂါ ထိန်းသိမ်းနိုင်မည့် အချက်များ

- လမ်းစဉ် ၁၅ မိနစ်ခန့် လမ်းလျှောက်ပါ။

- ဆေးမှန်မှန်သောက်ခြင်း။

- ပုံမှန်သွေးဖိအားတိုင်းတာခြင်း။

- အမျှင်ဓာတ်ပါဝင်သော အစားအစာများ ၊ အသီးအနှံများ ၊ ကောက်ပဲသီးနှံ များ စားပေးခြင်း။

- ကော်ဖီသောက်ခြင်းလျော့ချခြင်း။

- ထောက်ပတ်သီးစားသုံးခြင်း နှင့် ချောကလက်အမဲစားသုံးခြင်း။

- အရက်သောက်ခြင်း နှင့် ဆေးရွက်ကြီးထွက်ကုန်များကို လုံးဝရှောင်ကြဉ်ရမည်။

- စိတ်ဖိစီးမှုကို လျော့ချပါ။

 သွေးတိုးရောဂါ ပျောက်စေမည့် ဆေးနည်းများ
- ဒန့်သလွန်ရွက် သတ္ထုရည်ကို ဟင်းစားဇွန်း၂ဇွန်း တစ်နေ့လျှင် ၂ ကြိမ်ထက်မနည်း သောက်သုံးပေးခြင်း။

- ဧကရာဇ်အရွက် နှင့် အမြစ်တို့ကို တစ်နေ့လျှင် ၃ ကြိမ်မျှ သောက်သုံးပေးခြင်း။

- ကြက်သွန်ဖြူ (ဥတစ်လုံး) ကို ထမင်းစားတိုင်း သုံးလုံးမှ ငါးလုံးအထိ စားသုံးပေးခြင်း။

- သံပရာသီးတစ်လုံးကို အလယ်မှ ထက်ခြမ်းလှီးကာ ရေနွေးအပူချိန် ၇၅ ဒီဂရီ ဖာရင်ဟိုက်ထဲသို့ ၄၅ မိနစ်ခန့်ထည့်ပြီး သောက်သုံးခြင်း နှင့် သံပုရာသီးအစေ့ ၅-စေ့ခန့် ဝါးစားခြင်း။

- မြင်းခွာရွက်ကို အရည်ညှစ်သောက်ခြင်း၊ သုပ်စားခြင်း၊ ဟင်းခါးချက်သောက်ခြင်း။

- ဗန်ဒါရွက် အနု ၃- ၄ ရွက် ခန့်ကို ရေစင်အောင် ဆေးပြီး ၅ မိနစ်ခန့် ပြုတ်၍ သောက်ပေးခြင်း။

- ခရာမြစ်ကိုသွေးပြီး ဆားအနည်းငယ် ထည့်၍သောက်ခြင်း။

- ကွမ်းရွက် ၅-ရွက် နှင့် ရွဲယိုရွက် ၅-ရွက်တို့ကို ရောစပ်ကျိတ်ချေထားသောအရည်ကို တစ်နေ့ ၃-ကြိမ် သောက်ခြင်း။

Source: Health Life Journal, ThitHtooLwin, ရွှေရိုးလေး

No comments:

Post a Comment